• Follow Us on

Home အမေရိကန်ကြည်းတပ် စနိုက်ပါသင်တန်းကျောင်းမှ ပထမဦးဆုံးအမျိုးသမီးစနိုက်ပါတစ်ဦး သင်တန်းဆင်း လက်မှတ်ရရှိမည်

အမေရိကန်ကြည်းတပ် စနိုက်ပါသင်တန်းကျောင်းမှ ပထမဦးဆုံးအမျိုးသမီးစနိုက်ပါတစ်ဦး သင်တန်းဆင်း လက်မှတ်ရရှိမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၉ (People Media)

 

အမေရိကန်ပြည်ထောင်စု မွန်တာနာအမျိုးသားလုံခြုံရေးတပ်ဖွဲ့မှ ပထမဦဆုံးအမျိုးသမီးစစ်သည်တစ်ဦးသည် ဂျော်ဂျီယာပြည်နယ် ဖို့တ်ဘန်းနီးတပ်စခန်း အမေရိကန်ကြည်းတပ်စနိုက်ပါသင်တန်းမှ သင်တန်းဆင်း လက် မှတ်ရယူမည်ဖြစ်ကြောင်း သိရသည်။

 

အမေရိကန်ကြည်းတပ်အနေဖြင့် အဆိုပါအမျိုးသမီးစနိုက်ပါ၏ နာမည်ကိုထုတ်ဖော်ပြောကြားခြင်းမရှိသော် လည်း ယင်းအမျိုးသမီးသည် စနိုက်ပါသင်တန်းကျောင်းစတင်ဖွင့်လှစ်ကတည်းက ပထမဦးဆုံးအမျိုးသမီးစနိုက် ပါတစ်ဦးဖြစ်ကြောင်း မွန်တာနာအမျိုးသားလုံခြုံရေးတပ်ဖွဲ့မှပြောခွင့်ရပုဂ္ဂိုလ်က Insider မီဒီယာသို့ပြောသည်။

 

အမေရိကန်ကြည်းတပ် စနိုက်ပါသင်တန်းသည် လက်ရွေးစင်တပ်ဖွဲ့ဝင်များကို သီတင်းပတ် ၇ ပတ်ကြာ သင် ကြားလေ့ကျင့်ပေးသည့် သင်တန်းတစ်ခုဖြစ်သည်။ ယင်းသင်တန်းတွင် အဆင့်မြင့်လက်ဖြောင့်သေနတ်သမား များအတွက် စနိုက်ပါလေ့ကျင့်ခန်းများ၊ တာဝေးပစ်မှတ်များကို တိကျစွာပစ်ခတ်ခြင်းသင်ခန်းစာများ၊ ပုံဖျက်ခြင်း နှင့် ဖုံးကွယ်ခြင်းသင်ခန်းစာများကို လေ့ကျင့်သင်ကြားပေးသည်။

 

အဆိုပါအမျိုးသမီးစစ်သည်သည် မွန်တာနာကြည်းတပ် အမျိုးသားလုံခြုံရေးတပ်ဖွဲ့သို့ လွန်ခဲ့သည့်ဒီဇင်ဘာလအ တွင်းက စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် ကြည်းတပ်အခြေခံစစ်သင်တန်းနှင့် အဆင့်မြင့်တိုက်ခိုက် ရေးကျွမ်းကျင်မှုများအပါအဝင် အခြေခံစစ်ပညာများသင်ယူနိုင်ရေးအတွက် ငါးလခွဲ (၂၂ ပတ်) ကြာ ခြေလျင် လေ့ကျင့်ရေးသင်တန်းတက်ရောက်ရန် ၎င်းကို ဖို့တ်ဘန်းနီးတပ်စခန်းသို့ စေလွှတ်ခဲ့သည်။

 

သင်တန်းကာလတွင် အဆိုပါအမျိုးသမီးစစ်သည်မှာ သေနတ်ပစ်ထူးချွန်ခြင်းအပါအဝင် စစ်ရေးလေ့ကျင့်ခန်းများ ကို ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့သဖြင့် စနိုက်ပါသင်တန်းသို့ ဆက်လက်တက်ရောက်ရန် ၎င်း၏ သင်တန်းဆရာ များက ထောက်ခံတင်ပြခဲ့ကြကြောင်း မွန်တာနာအမျိုးသားလုံခြုံရေးတပ်ဖွဲ့ကပြောသည်။

 

အဆိုပါအမျိုးသမီးစစ်သည်သည် စက်တင်ဘာလမှစ၍ သူမတက်ရောက်ခဲ့သည့် စနိုက်ပါသင်တန်းသို့ မတက် ရောက်မီ လေးငါးကြိမ်ဆန္ဒပြတင်ပြခဲ့ကြောင်း မွန်တာနာအမျိုးသားလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် ဂျေပီတာရော့ နစ်က ထုတ်ပြန်ကြေညာချက်တွင် ပြောသည်။

 

ယင်းအမျိုးသမီးစစ်သည်သည် နိုဝင်ဘာလ ၅ ရက်နေ့တွင် စနိုက်ပါသင်တန်းကျောင်းမှ သင်တန်းဆင်း လက် မှတ်ရရှိခဲ့ပြီး အမေရိကန်သမိုင်းတွင် စနိုက်ပါသင်တန်းဆင်းလက်မှတ်ရရှိခဲ့သည့် ပထမဦးဆုံးအမျိုးသမီးစစ် သည် ဖြစ်လာခဲ့သည်။

 

“ဒီအမျိုးသမီးစစ်သည်ရဲ့အောင်မြင်မှုကို ကျွန်တော်တို့ အရမ်းကိုနှစ်ထောင်းအားရဖြစ်ပြီး ဂုဏ်ယူပါတယ်။ ဒီ အောင်မြင်မှုဟာ မွန်တာနာအမျိုးသားလုံခြုံရေးတပ်ဖွဲ့အတွက်တင်မကဘဲ အမျိုးသားလုံခြုံရေးတပ်ဖွဲ့တစ်ခုလုံးနဲ့ ကြည်းတပ်တစ်ခုလုံးအတွက် သမိုင်းမှတ်တိုင်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။” ဟု ဗိုလ်မှူးချုပ်ဂျေပီတာရော့နစ်က ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြခဲ့သည်။

 

အဆိုပါအမျိုးသမီးစနိုက်ပါစစ်သည်အနေဖြင့် သင်တန်းအောင်မြင်စွာပြီးမြောက်ရန်အတွက် လိုအပ်သည့် စံနှုန်း တိုင်းကို ပြည့်မီအောင်ကျော်ဖြတ်နိုင်ခဲ့ကြောင်း ကြည်းတပ်စနိုက်ပါသင်တန်းကျောင်းမှ ဗိုလ်ကြီးဒေးဗစ်ရိုက်က ထုတ်ပြန်ချက်တွင်ဖော်ပြပြောဆိုထားသည်။ “အမေရိကန်ကြည်းတပ်စနိုက်ပါသင်တန်းကျောင်းက အရည်အ ချင်းပြည့်မီတဲ့စနိုင်ပါသမားအဖြစ် သူမမိခင်တပ်ရင်းကို ပြန်လည်ရောက်ရှိသွားတဲ့အချိန်မှာ ကံကောင်းပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။” ဟု ၎င်းကပြောသည်။

 

“အတိတ်ကာလတုန်းကတော့ ဒီလိုစနိုက်ပါသင်တန်းကျောင်းတွေမှာ အမျိုးသမီးစစ်သည်တွေ တက်ခွင့်မရှိသေး ပါဘူး။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းကမှ ဒီလိုသင်တန်းတွေကို အမျိုးသမီးတွေတက်ရောက်ခွင့်ရခဲ့တာပါ။” ဟု မွန်တာနာအမျိုးသားလုံခြုံရေးတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးရိုင်ယန်ဖင်းဂန်းကပြောသည်။

 

Ref: A National Guard soldier just became the first woman to graduate as a sniper from the Army sniper course

 

#PeopleMedia

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: A National Guard soldier just became the first woman to graduate as a sniper from the Army sniper course

 

#PeopleMedia


Share this post