• Follow Us on

Home အမေရိကန်ကြည်းတပ် ခေတ်မီဘက်စုံသုံး AMP တင့်အမြောက်ကျည် စမ်းသပ်ပစ်ခတ်

အမေရိကန်ကြည်းတပ် ခေတ်မီဘက်စုံသုံး AMP တင့်အမြောက်ကျည် စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၅ (People Media)

 

အမေရိကန်ကြည်းတပ်သည် ခေတ်မီဘက်စုံသုံးတင့်အမြောက်ကျည် AMP (XM-1147 Advanced Multi-Purpose Abrams tank round) ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်သိရသည်။

 

လက်နက်ထုတ်လုပ်သူများသည် ၁၂၀ မမ တင့်အမြောက်ကျည်လေးမျိုးဖြစ်သော M830A1 ဘက်စုံသုံးတင့် ဖျက်ကျည် MPAT ၊ M830 ပေါက်ကွဲအားပြင်းထန်သည့် တင့်ဖျက်ကျည် HEAT၊ M1028 canister တင့် အ မြောက်ကျည်နှင့် M908 obstacle reducing တင့်အမြောက်ကျည်တို့ကို အစားထိုးရန် ရည်ရွယ်ထားသည်။

 

M830A1 ဘက်စုံသုံးတင့် ဖျက်ကျည် MPAT နှင့် M830 ပေါက်ကွဲအားပြင်းထန်သည့် တင့်ဖျက်ကျည် HEAT တို့ မှာ အပေါ့စားသံချပ်ကာကားများကို တိုက်ခိုက်ရန် ပုံစံရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

M1028 canister သည် တင့်ကားတွင်တပ်ဆင်ထားသည့် စက်သေနတ်ရောက်ရှိနိုင်သောအကွာအဝေးထက် ကျော်လွန်သည့် ရန်သူ့တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် ရည်ရွယ်ထုတ်လုပ်ထားပြီး M830 ပေါက်ကွဲ အားပြင်းထန်သည့် တင့်ဖျက်ကျည် HEAT မှာ ဝေဟင်ပစ်မှတ်များကို တိုက်ခိုက်နိုင်ကြောင်းသိရသည်။

 

ခေတ်မီဘက်စုံသုံး AMP တင့်အမြောက်ကျည်သည် အထက်ပါ ၁၂၀ မမ တင့်အမြောက်ကျည်လေးမျိုးတွင်ပါ ဝင်သည့်စွမ်းရည်အားလုံး ပါရှိကြောင်း ထုတ်လုပ်သူများကပြောသည်။

 

“စစ်ဆင်ရေးနယ်မြေမှာ နည်းဗျူဟာစီမံကိန်းကို ပိုပြီးလွယ်ကူစွာရေးဆွဲနိုင်တော့မယ်။” ဟု ခေတ်မီဘက်စုံသုံး AMP တင့်အမြောက်ကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့သည့် တင့်တပ်ဖွဲ့ဝင်နှစ်ဦးအနက် Staff Sgt နစ်ကလပ်စမီးမန်း ကပြောသည်။

 

Ref: US Army Fires ‘Historic’ Abrams Tank Round 15 Years in the Making

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 

Ref: US Army Fires ‘Historic’ Abrams Tank Round 15 Years in the Making

 

#PeopleMedia


Share this post