• Follow Us on

Home အမေရိကန်နိုင်ငံသားများ ယူကရိန်းမှ ချက်ချင်းထွက်ခွာသွားကြရန်နှင့် ရုရှား ကျူးကျော်လာချိန်တွင် ၎င်းတို့ကို ကယ်တင်ရန် အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်ပေးမည်မဟုတ်ကြောင်း ဂျိုးဘိုင်ဒန်ပြောကြား

အမေရိကန်နိုင်ငံသားများ ယူကရိန်းမှ ချက်ချင်းထွက်ခွာသွားကြရန်နှင့် ရုရှား ကျူးကျော်လာချိန်တွင် ၎င်းတို့ကို ကယ်တင်ရန် အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်ပေးမည်မဟုတ်ကြောင်း ဂျိုးဘိုင်ဒန်ပြောကြား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၁ (People Media)

 

ယူကရိန်းနိုင်ငံတွင်ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများအနေဖြင့် ယူကရိန်းနိုင်ငံမှ အမြန်ဆုံးထွက်ခွာ သွားကြရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပြီး ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော် တိုက်ခိုက်လာသည့်အချိန်တွင် အမေရိကန်နိုင်ငံသားများကိုကယ်တင်ရန် အမေရိကန်တပ်ဖွဲ့ဝင်များကို စေ လွှတ်ပေးမည်မဟုတ်ကြောင်း သတိပေးပြောကြားလိုက်သည်။

 

အမေရိကန်နိုင်ငံသားများအနေဖြင့် ယူကရိန်းနိုင်ငံမှ ချက်ချင်းထွက်ခွာသွားသင့်ကြောင်း၊ ရုရှားနိုင်ငံက ယူက ရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်သည့်အချိန်မှ အမေရိကန်တပ်များကို စေလွှတ်မည်ဆိုပါက ကမ္ဘာစစ်ဖြစ်သွား မည်ဖြစ်ကြောင်း NBC ရုပ်သံသတင်းဌာနမှ သတင်းထောက် လက်စ်တားဟို့လ်တ်နှင့် အင်တာဗျူးနေစဉ် ဂျိုး ဘိုင်ဒန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကို ဆက်ဆံနေရတာမျိုးနဲ့ မတူပါဘူး။ ကမ္ဘာပေါ်မှ အကြီးမားဆုံး တပ်မတော်တစ်ခုနဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံနေရတာပါ။ အခြေအနေတွေက အလွန်ကိုကွဲပြားခြားနားပါ တယ်။ တကယ့်ကို ရူးသွားနိုင်ပါတယ်ဗျာ။” ဟု ဘိုင်ဒန်က ပြောသည်။

 

အမေရိကန်တပ်များကို ယူကရိန်းနိုင်ငံသို့ စေလွှတ်ရမည့်အဖြစ်မျိုးဖြစ်ပေါ်လာမည့်အလားအလာ ရှိပါသလား ဟု ဘိုင်ဒန်ကိုမေးမြန်းသောအခါ “ မရှိပါဘူး။ အမေရိကန်နဲ့ ရုရှား တစ်ဖက်နဲ့တစ်ဖက် စတင်ပစ်ခတ်ပြီဆိုရင် ကမ္ဘာစစ်ဖြစ်ပြီလေဗျာ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဘယ်တုန်းကမှ မကြုံတွေ့ဖူးခဲ့တဲ့ မတူညီတဲ့ကမ္ဘာ တစ်ခုကိုရောက်နေတာပါ။” ဟု ၎င်းက ပြောသည်။

 

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်လာပါက အမေရိကန်အနေဖြင့် ၎င်းတို့၏နိုင်ငံသားများကို ဘေးကင်း ရာသို့ ကယ်ယူပို့ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း၊ ယင်းအချိန်မျိုးတွင် အမေရိကန်နိုင်ငံသားများ ယူကရိန်းနိုင် ငံမှထွက်ခွာသွားနိုင်ရေးအပါအဝင် အမေရိကန်ကောင်စစ်ဝန်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို များစွာထိခိုက် စေနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးစာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တင့်ကားတပ်ဖွဲ့များပါဝင်သော ရုရှားတပ်ဖွဲ့ဝင်များသည် အင်အားအလုံးအရင်းဖြင့် ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့ ကို ၄၈ နာရီအတွင်း ထိုးစစ်ဆင်ရောက်ရှိလာနိုင်သည်ဟု အမေရိကန်စစ်ဘက်နှင့် ထောက်လှမ်းရေးရင်းမြစ်များ က ခန့်မှန်းထားကြောင်း NBC သတင်းဌာနက ပြောသည်။

 

ရုရှားသမ္မတပူတင်က မိုက်မဲရူးနှမ်းစွာ ကျူးကျော်တိုက်ခိုက်ခဲ့လျှင်တောင် ၎င်းအနေဖြင့် အမေရိကန်နိုင်ငံသား များကို ထိခိုက်နစ်နာစေမည့် မည်သည့်အလုပ်ကိုမှ လုပ်မည်မဟုတ်ကြောင်း၊ ယင်းသို့မလုပ်ရန်လည်း ၎င်းတွင် လုံလောက်သော ဉာဏ်ရည်ဉာဏ်သွေးရှိကြောင်း ဘိုင်ဒန်က ပြောသည်။

 

Ref: Biden warns Americans to ‘leave Ukraine now,’ says won’t send troops to rescue them

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Biden warns Americans to ‘leave Ukraine now,’ says won’t send troops to rescue them

 

#PeopleMedia


Share this post