• Follow Us on
Latest News

Home အေမရိကန္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ အေရးေပၚအေျခအေန သမၼတ ေဒၚနယ္ထရမ့္ ေၾကညာလိုက္ၿပီ

အေမရိကန္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ အေရးေပၚအေျခအေန သမၼတ ေဒၚနယ္ထရမ့္ ေၾကညာလိုက္ၿပီ

Share this post

MPI

ႏိုင္ငံတကာ မတ္ ၁၄

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါပ်ံ႕ႏွံ႔မႈကို တုံ႔ျပန္ရန္ အမ်ိဳးသားအ ဆင့္ အေရးေပၚအေျခအေနတစ္ရပ္ ေၾကညာလိုက္ၿပီျဖစ္သည္။

သမၼတ ေဒၚနယ္ထရမ့္က အဆိုပါေၾကညာခ်က္ကို ယမန္ေန႔က အိမ္ျဖဴေတာ္၌ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္မည့္ ဗဟိုအစိုးရ၏ အျပည့္အဝလုပ္ပိုင္ခြင့္ျပဳရန္ အမ်ိဳးသားအဆင့္ အေရးေပၚအေျခ အေနတစ္ရပ္ကို တရားဝင္ ေၾကညာပါေၾကာင္း ေဒၚနယ္ထရမ့္က ေျပာၾကားသည္။

အေရးေပၚအေျခအေန လုပ္ငန္းေဆာင္ရြက္ရန္ ျပည္နယ္ႏွင့္ ေဒသႏၲရအစိုးရအဖြဲ႕မ်ားအတြက္ ဗဟိုရန္ပုံ ေငြအျဖစ္ ေဒၚလာ ၅၀ ဘီလီယံ ရရွိမည္ဟု သူကဆိုသည္။

အေမရိကန္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ားေၾကာင့္ စာသင္ေက်ာင္းမ်ားပိတ္ျခင္း၊ လူစုလူေဝး အ ခမ္းအနားႀကီးမ်ား ဖ်က္သိမ္းျခင္းႏွင့္ ေဒသအခ်ိဳ႕တြင္ ျပည္သူမ်ားက ေန႔စဉ္သုံးပစၥည္းမ်ား စုေဆာင္းျခင္းတို႔ ျပဳ လုပ္ခဲ့ၾကသည္။

အေရးေပၚအေျခအေန တရားဝင္ေၾကညာခ်က္က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါျဖစ္ပြားမႈ တိုက္ဖ်က္ ရာတြင္ အေထာက္အကူျပဳၿပီး ျပည္သူမ်ား၏ ေၾကာက္ရြံ႕မႈမ်ားကို သက္သာေစမည္ဟု ေဒၚနယ္ထရမ့္က ယုံၾကည္ သည္။

ကိုးကား – အင္န္အိတ္ခ္ခ်ေက

Ref; Trump declares emergency to combat viral outbreak

#peoplemedia

(unicode)
အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေ သမ္မတ ဒေါ်နယ်ထရမ့် ကြေညာလိုက်ပြီ
………………………………………………………………………….

MPI

နိုင်ငံတကာ မတ် ၁၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့မှုကို တုံ့ပြန်ရန် အမျိုးသားအ ဆင့် အရေးပေါ်အခြေအနေတစ်ရပ် ကြေညာလိုက်ပြီဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါကြေညာချက်ကို ယမန်နေ့က အိမ်ဖြူတော်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်မည့် ဗဟိုအစိုးရ၏ အပြည့်အဝလုပ်ပိုင်ခွင့်ပြုရန် အမျိုးသားအဆင့် အရေးပေါ်အခြေ အနေတစ်ရပ်ကို တရားဝင် ကြေညာပါကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။

အရေးပေါ်အခြေအနေ လုပ်ငန်းဆောင်ရွက်ရန် ပြည်နယ်နှင့် ဒေသန္တရအစိုးရအဖွဲ့များအတွက် ဗဟိုရန်ပုံ ငွေအဖြစ် ဒေါ်လာ ၅၀ ဘီလီယံ ရရှိမည်ဟု သူကဆိုသည်။

အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကြောင့် စာသင်ကျောင်းများပိတ်ခြင်း၊ လူစုလူဝေး အ ခမ်းအနားကြီးများ ဖျက်သိမ်းခြင်းနှင့် ဒေသအချို့တွင် ပြည်သူများက နေ့စဉ်သုံးပစ္စည်းများ စုဆောင်းခြင်းတို့ ပြု လုပ်ခဲ့ကြသည်။

အရေးပေါ်အခြေအနေ တရားဝင်ကြေညာချက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှု တိုက်ဖျက် ရာတွင် အထောက်အကူပြုပြီး ပြည်သူများ၏ ကြောက်ရွံ့မှုများကို သက်သာစေမည်ဟု ဒေါ်နယ်ထရမ့်က ယုံကြည် သည်။

ကိုးကား – အင်န်အိတ်ခ်ျကေ

Ref; Trump declares emergency to combat viral outbreak

#peoplemedia


Share this post