• Follow Us on

Home အမေရိကန်နျူကလီးယားရေငုပ်သင်္ဘော ရေအောက်တောင်ကုန်းတစ်ခုကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ် သတင်းထုတ်ပြန်

အမေရိကန်နျူကလီးယားရေငုပ်သင်္ဘော ရေအောက်တောင်ကုန်းတစ်ခုကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ် သတင်းထုတ်ပြန်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂ (People Media)

 

ပစိဖိတ်ဒေသရေတပ်မှ တိုက်ခိုက်ရေးရေငုပ်သင်္ဘောအဖြစ်အပျက်ကို တစ်လကြာနီးပါး စုံစမ်းလေ့လာပြီးနောက် အဆိုပါရေငုပ်သင်္ဘောသည် ရေပုံတွင်မပါဝင်သောတောင်ကုန်းတစ်ခုနှင့် တိုက်မိသွားပြီးနောက် ပင်လယ်ကြမ်း ပြင်တွင် သောင်တင်သွားခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်ရေတပ်က ကောက်ချက်ချခဲ့ကြောင်းသိရသည်။

 

ယူအက်စ်အက်စ်ကွန်နတိကပ်ရေငုပ်သင်္ဘောသည် တောင်တရုတ်ပင်လယ်နိုင်ငံတကာရေပိုင်နက်တွင် ခုတ် မောင်းနေစဉ်အတွင်း အောက်တိုဘာလ ၂ ရက်နေ့တွင် ပင်လယ်ကြမ်းပြင်ရှိ တောင်ကုန်းတစ်ခုနှင့် တိုက်မိခဲ့ ခြင်းဖြစ်ကြောင်း USNI (အမေရိကန်ပြည်ထောင်စုရေတပ်အင်စတီကျု) သတင်းဌာနက နိုဝင်ဘာလ ၁ ရက်နေ့ က ထုတ်ပြန်ကြေညာခဲ့သည်။

 

စုံစမ်းစစ်ဆေးမှုများမှတွေ့ရှိခဲ့သည့်ရလဒ်များကို အမှတ် ၇ ရေတပ်အုပ်စု၏ အကြီးအကဲဖြစ်သူ ဒုတိယရေတပ် ဗိုလ်ချုပ်ကြီးကားလ်သောမတ်ထံ တင်ပြခဲ့သည်။ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီးကားလ်သောမတ် က ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ခံမှုအပါအဝင် ဆက်လက်စုံစမ်းစစ်ဆေးရန်လိုမလို ဆုံးဖြတ်သွားမည်ဖြစ်သည်။

 

တိုက်ခိုက်မှုကြောင့် ရေငုပ်သင်္ဘော၏ နျူကလီးယားဓာတ်ပေါင်းဖိုနှင့် မောင်းနှင်မှုစနစ်များ ပျက်စီးခြင်းမရှိခဲ့ပေ။ သို့သော် ရေလှောင်ခန်းအပါအဝင် ရေငုပ်သင်္ဘောဦးပိုင်းထိခိုက်ပျက်စီးခဲ့သည့်အတွက် ကနဦးပြင်ဆင်မှုများပြု လုပ်ရန် ဂူဝမ်ကျွန်းသို့ ခုတ်မောင်းသွားခဲ့ရကြောင်း သိရသည်။

 

အဆိုပါရေငုပ်သင်္ဘော အပြီးသတ်ပြင်ဆင်ပြီးနောက် နောက်ထပ်တာဝန်ထမ်းဆောင်နိုင်ရန် ဂူဝမ်ကျွန်းမှ မည် သည့်အချိန် ထွက်ခွာနိုင်မည်ကို အမေရိကန်ရေတပ်က မဆုံးဖြတ်ရသေးပေ။ တောင်တရုတ်ပင်လယ်အတွင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် ရေတပ်အရာရှိ/စစ်သည် တစ်ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

 

ရေငုပ်သင်္ဘောတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်အစိုးရက သတင်းအချက်အလက်အပြည့်အစုံပေး ပို့ရန်ပျက်ကွက်ခဲ့မှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြိမ်ကြိမ် ပြစ်တင်ပြောဆိုခဲ့သည်။

 

“ယင်းကဲ့သို့ တာဝန်မဲ့သောချဉ်းကပ်မှုနှင့် တောင်တရုတ်ပင်လယ်တွင်း ဖုံးကွယ်မှုသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ယင်းဖြစ်စဉ်၏ တကယ့်အမှန်တရားကို မေးခွန်းထုတ်စရာဖြစ်လာစေရန် ဖိအား ပေးခဲ့ကြောင်း” ပြောဆိုရင်း ထုတ်ပြန်ကြေညာချက်များကို ပို၍ ရှင်းလင်းပြတ်သားစွာထုတ်ပြန်ရန် တရုတ်အစိုးရ က လွန်ခဲ့သည့်သီတင်းပတ်က တောင်းဆိုလိုက်သည်။

 

အမေရိကန်အစိုးရအနေဖြင့် မည်သည့်အတွက်ကြောင့် နျူကလီးယားစွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘော တစ်စင်းကို ဒေသတွင်းသို့ စေလွှတ်ခဲ့ကြောင်းနှင့် ယင်းရေငုပ်သင်္ဘောတိုက်ခိုက်မှုသတင်းအသေးစိတ်ကို ရှင်း လင်းထုတ်ပြန်ရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ဇောင်းလီဂျီယန်ကပြောသည်။

 

Ref: US nuclear sub struck undersea MOUNTAIN in South China Sea incident last month, investigation reportedly finds

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: US nuclear sub struck undersea MOUNTAIN in South China Sea incident last month, investigation reportedly finds

 

#PeopleMedia


Share this post