• Follow Us on

Home အမေရိကန်နှင့် ဗြိတိန်က ယူကရိန်းသို့ လက်နက်အမြောက်အများတင်ပို့ပြီးဖြစ်ကြောင်း ရုရှား ပြောကြား

အမေရိကန်နှင့် ဗြိတိန်က ယူကရိန်းသို့ လက်နက်အမြောက်အများတင်ပို့ပြီးဖြစ်ကြောင်း ရုရှား ပြောကြား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀ (People Media)

 

ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်တော့မည်ဟူသော အနောက်နိုင်ငံများ၏ ကောလာဟလသည် ၎င်းတို့၏ “စစ်ရေး ရန်လိုရန်စသည့် လှုပ်ရှားမှု” ကို ဖုံးကွယ်ရန်သာ ဖြစ်ကြောင်း၊ အမေရိကန်နှင့်ဗြိတိန်က ယူကရိန်းသို့ လက်နက်ပံ့ပိုးပေးနေခြင်းလုပ်ရပ်သည် ရုရှားကစိုးရိမ်မှုအခြေအနေ၏သက်သေပင်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြား ခဲ့သည်။

 

“အနောက်ဘက်နဲ့ ယူကရိန်းရဲ့ မီဒီယာ၊ အစိုးရအရာရှိတွေက ရုရှား ယူကရိန်းကို ကျူးကျော်ဝင်ရောက်တော့ မယ်ဆိုပြီး အမြဲ ကောလာဟလသတင်းဖွ နေကြတယ်။ ဒီလိုလုပ်ဆောင်ရခြင်းက သူတို့ကိုယ်တိုင် ရန်လိုရန်စ မည့်လှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ အသင့်ပြင်နေတာပါပဲ။ စစ်ရေးလှုပ်ရှားမှုအပါအဝင်ပေါ့။ ဒီလှုပ်ရှားမှု တွေက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို အဆိုးဝါးဆုံးသော နောက်ဆက်တွဲရလဒ်ဆိုးတွေ ဖြစ်ပွား စေနိုင်တယ်” ဟု Zakharova က ပြောကြားခဲ့သည်။

 

Zakharovaက “ပြီးခဲ့တဲ့လတွေကပဲ အမေရိကန်က ယူကရိန်းကို ‘Javelin’ တင့်ကားဖျက်ဒုံးကျည်စနစ် အစုံ ၃၀ နှင့် ဒုံးကျည် ၁၈၀ ကို ပို့ဆောင်ပြီးပြီ” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယခုလတွင် ယူကရိန်းကို အမေရိကန်က ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိသည့် စစ်လက်နက်ခဲယမ်းများ ထပ်မံတင်ပို့ရန်ရှိကြောင်း သတင်းမီဒီယာများအကြို ဖော်ပြမှုများရှိသည်ဟု ဆိုသည်။

 

“ဗြိတိန်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လေတပ်သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ ယူကရိန်းဘက်ကို လက်နက်ပို့ဆောင် နေမှုတွေရှိတယ်။ အနည်းဆုံး စစ်လေယာဉ် ၆ ကြိမ်ဖြန့်ကျက်မှုရှိပြီး တစ်စီးမှာ အလေးချိန် ၇၇.၅ တန်ရှိတဲ့ ပစ္စည်းတွေ ပို့ဆောင်လို့ရတယ်၊ စုစုပေါင်း စစ်လက်နက်ခဲယမ်း တန်ချိန် ၄၆၀ လောက်ရှိမယ်” ဟု ၎င်းက ပြော ကြားခဲ့သည်။

 

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Ben Wallaceက ယူကရိန်းကို အပေါ့စား၊ သံချပ်ကာယာဉ်တိုက်ဖျက်ရေးလက် နက်စနစ်ပံ့ပိုးရန်နှင့် သက်ဆိုင်ရာ လေ့ကျင့်မှုများပေးရန်အတွက် လူအချို့စေလွှတ်သွားဖို့ ဗြိတိန်ဘက်က ဆုံးဖြတ်လိုက်ကြောင်း ဇန်နဝါရီ ၁၇ ရက် လွှတ်တော်တွင် ပြောကြားခဲ့သည်။

 

ယင်းအကြောင်းအရာအပေါ် ဗြိတိန်အခြေစိုက် ရုရှားသံရုံးက ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ “ယူကရိန်းသို့ အသက်အန္တရာယ်ရှိစေမည့် လက်နက်ပစ္စည်းပို့ဆောင်ခြင်းက အကျပ်အတည်းနှင့် တင်းမာမှုများကို ပို၍ဆိုးဝါးစေရန်သာရှိကြောင်း” ပြစ်တင်ရှုတ်ချခဲ့သည်။

 

ထိုမတိုင်မီ သတင်းမီဒီယာများတွင် အနောက်နိုင်ငံက အလွယ်တကူသယ်ဆောင်နိုင်သည့် တင့်ကားဖျက် ဒုံး ကျည်စနစ် ယူကရိန်းကို ပံ့ပိုးမည်ဖြစ်ကြောင်းနှင့် ယူကရိန်းစစ်တပ်သို့ အနောက်နိုင်ငံက လူများ စေလွှတ်ပြီး သက်ဆိုင်ရာလေ့ကျင့်မှုများပေးမည်ဟု ဖော်ပြမှုရှိခဲ့ကြောင်း Maria Zakharova က ဆိုသည်။

 

ကနေဒါနိုင်ငံ အစိုးရကလည်း ယခုရက်ပိုင်းများတွင် ၎င်းတို့သံရုံးကို ကာကွယ်ရန်နှင့် အရေးပေါ်အခြေအနေ၌ သံတမန်အရာရှိများ ပြန်လည်ထွက်ခွာရန်အတွက်ဟုဆိုကာ ယူကရိန်းသို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော် စေလွှတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ရုရှားက အနောက်နိုင်ငံတွေကို ရန်လိုသည့် မီဒီယာတိုက်ခိုက်မှု ရပ်တန့်ရန်၊ မြောက်အတ္တလန်တိတ် သဘော တူစာချုပ်အဖွဲ့ (NATO) တွင် ယူကရိန်းကို လက်ခံမည့်လှုံ့ဆော်မှုဖြင့် ယူကရိန်းစစ်ရေးအသွင်ပြောင်းခြင်းအား ရပ်တန့်ရန် တိုက်တွန်းကြောင်း Maria Zakharova က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစပြီး အမေရိကန်နှင့် ယူကရိန်း အစိုးရတို့က ယူကရိန်းနယ်စပ်ဒေသသို့ ရုရှားစစ် အင်အားအလုံးအရင်း စုစည်းနေကြောင်းနှင့် ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။

 

ထို့အပေါ် ရုရှားအစိုးရက ရုရှားအနောက်ပိုင်းနယ်စပ်ဒေသအနီးတွင် အမေရိကန်နှင့် နေတိုး လက်နက်စနစ် ဖြန့်ကျက်ကာ နိုင်ငံ့လုံခြုံရေးကို တစ်ဆင့်တိုးခြိမ်းခြောက်ပြုနေရာ ရုရှားအနေဖြင့် နိုင်ငံပိုင်နက် နယ်မြေအတွင်း တပ်ဖွဲ့ခေါ်ယူစုစည်းပြီး နယ်မြေပိုင်နက်ကို ကာကွယ်ပိုင်ခွင့်ကြောင်း၊ အခြားနိုင်ငံကို ခြိမ်းခြောက်လိုမှု သို့မဟုတ် ဝင်ရောက်တိုက်ခိုက်လိုမှု ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။

 

ရုရှားသည် ယခုလ ၁၀ ရက်မှ ၁၃ ရက်အတွင်း အမေရိကန်၊ နေတိုး၊ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုတွင် ရုရှားက အမေရိကန်နှင့်နေတိုး အရှေ့ သို့ ထပ်တိုးချဲ့ထွင်ခြင်းကို ရပ်တန့်ရန်နှင့် ယင်းအတွက် ကတိကဝတ်ပြုလက်မှတ်ထိုးရန် အလေးထားပြော ကြားခဲ့ပြီး အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများက ရုရှား-ယူကရိန်းနယ်စပ်မှ ရုရှားတပ်များကို ရုပ်သိမ်းရန် တောင်းဆိုခဲ့ရာ နှစ်ဖက်အကြား ကွဲလွဲမှုများကို ဖြေရှင်းဖို့  သိသာထင်ရှားသည့်တိုးတက်မှုမရရှိခဲ့ ကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 


 

(Xinhua)

 



Share this post