• Follow Us on
Latest News

Home အမေရိကန်နှင့်ဗြိတိန် အမျိုးသားလုံခြုံရေးအကြံပေးများ မြန်မာ့အရေး ဆွေးနွေး

အမေရိကန်နှင့်ဗြိတိန် အမျိုးသားလုံခြုံရေးအကြံပေးများ မြန်မာ့အရေး ဆွေးနွေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈ (People Media)

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်နှင့် ဗြိတိန် အမျိုးသားလုံခြုံရေးအကြံပေး စ တီဗင်လတ်ဗ်ဂရို့တို့က အာဖဂန်နစ္စတန်နှင့်မြန်မာနိုင်ငံရှိ အခြေအနေများအပြင် တရုတ်၊ အီရန်နိုင်ငံတို့နှင့်ပတ် သက်သော ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

လာမည့် သောကြာနေ့တွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင် ပါဝင်တက်ရောက်မည့် G-7 ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်ဖြစ်သည်။

အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်သည် ဗြိတိန်ဝန်ကြီးချုပ်၏ အမျိုးသားလုံခြုံရေး စတီဗင် လတ်ဗ်ဂရို့နှင့် ယနေ့ ဖုန်းဖြင့် ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်တစ်ခုက ဆိုသည်။

ဗြိတိန်နိုင်ငံ၏ G-7 ဥက္ကဌရာထူး ထမ်းဆောင်မှုကိုထောက်ခံကြောင်း၊ ယခုအပတ်ကုန်တွင်ပြုလုပ်မည့် G-7 ထိပ်သီးအစည်းအဝေးကို ကြိုဆိုကြောင်း ဂျိတ်ခ်ဆူလီဗန်က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်၊ မြန်မာ၊ တရုတ်နှင့် အီရန်အပါအဝင် ပြည်ပမူဝါဒများ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရေး ၏ လိုအပ်မှုကို ၎င်းတို့နှစ်ဦးက သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ကိုးကား – ဘနားမား

Ref; US Security Adviser, UK counterpart discuss situation in Afghanistan, Myanmar – White House

(unicode)
……………………………………………………








Ref; US Security Adviser, UK counterpart discuss situation in Afghanistan, Myanmar – White House


Share this post