• Follow Us on

Home အမေရိကန်နှင့် ကနေဒါ မြောက်အမေရိကလေကြောင်းရန်ကာကွယ်ရေးဌာနချုပ်အဆင့်မြှင့်တင်မှု ပူးပေါင်းဆောင်ရွက်လို

အမေရိကန်နှင့် ကနေဒါ မြောက်အမေရိကလေကြောင်းရန်ကာကွယ်ရေးဌာနချုပ်အဆင့်မြှင့်တင်မှု ပူးပေါင်းဆောင်ရွက်လို

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀ (People Media)

 

မြောက်အမေရိကတိုက်ကို ပဲ့ထိန်းဒုံးကျည်အသစ်များ၏ခြိမ်းခြောက်မှုအန္တရာယ်မှကာကွယ်နိုင်ရန် အာရုံခံခြင်း နှင့် လက်နက်များကွပ်ကဲမှုကြီးကြပ်မှုတို့ကို ပူးတွဲရင်းနှီးမြှုပ်နှံပြီး မြောက်အမေရိကလေကြောင်းရန်ကာကွယ် ရေးဌာနချုပ် North American Aerospace Defense Command (NORAD) ကို ပိုမိုခေတ်မီအောင်အဆင့် မြှှင့်တင်ရန်အတွက် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုမှ စစ်ဘက်ဆိုင်ရာအရာရှိများ လက်တွဲဆောင်ရွက် ရန် အစီအစဉ်ချမှတ်လျက်ရှိကြောင်းသိရသည်။

 

“ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး ရည်မှန်းချက်တွေပြည့်ဝအောင်ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ အတူနေထိုင်ကြတဲ့ မြောက်အမေရိကတိုက်မှာ နှစ်နိုင်ငံစလုံးလုံခြုံစိတ်ချရဖို့လိုပါတယ်။ ကျွန်တော်တို့တတွေ ပြည်တွင်းမှာ ပိုပြီးအင်အားကောင်း၊ ပိုပြီးလုံခြုံလာလေလေ ပိုမိုကျယ်ပြန့်လာတဲ့ကမ္ဘာကြီးမှာ ကျွန်တော်တို့တွေ တိုက်ပွဲဝင်ရာမှာ၊ အတူတကွလက်တွဲတုံ့ပြန်ရာမှာ ပိုပြီးစွမ်းရည်ပြည့်ဝလာလေလေဖြစ်မှာပါ။” ဟု ကနေဒါကာ ကွယ်ရေးဝန်ကြီး ဟာဂျစ်ဆာ့ဂျန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အယ်လ်လွိုက်သြစတင်တို့၏ ပူးတွဲကြေ ညာချက်တွင်ဖော်ပြထားသည်။

 

မြောက်အမေရိကလေကြောင်းရန်ကာကွယ်ရေးဌာနချုပ် (NORAD) သည် အမေရိကန်နှင့် ကနေဒါတို့ အတိုင် အဖောက်ညီညီလက်တွဲဆောင်ရွက်နေသည့် လေကြောင်းရန်ကာကွယ်ရေးဦးတည်ဆောင်ရွက်နေသည့် အဖွဲ့ အစည်းတစ်ခုဖြစ်သည်။ NORAD ၏ ညွှန်ကြားရေးမှူးမှာ အမေရိကန်ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးဖြစ်ပြီး ဒုတိယ ညွှန်ကြားရေးမှူးမှာ ကနေဒါကြယ်သုံးပွင့်ဗိုလ်ချုပ်ကြီးဖြစ်သည်။ NORAD ကို ဦးဆောင်နေသူမှာ ပြည်တွင်းလုံ ခြုံရေးအတွက် အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်နေ သည့် ဗိုလ်ချုပ်ကြီး ဂလန်းဗန်ဟတ်ခ်ဖြစ်သည်။

 

“ပြည်တွင်းကာကွယ်ရေးဆိုတာ ကိုယ့်တိုင်းပြည်ထဲမှာ စတင်ကာကွယ်ရတာမဟုတ်ဘူး။ ပြည်ပနိုင်ငံတွေမှာ စ တင်ကာကွယ်ရတာဖြစ်ပါတယ်။ ကျွန်တော်က ကိုယ့်တိုင်းပြည်ရဲ့မြို့တော်အပေါ်ဘက်မှာ ခရုစ်ဒုံးကျည်တွေကို ပစ်ချချင်တာမဟုတ်ဘူး။ အဲဒီလိုပစ်ချတယ်ဆိုတာ နည်းနည်းတော့ နောက်ကျနေပြီဗျ။ ဒါ့ကြောင့် လက်ဦးမှုရ ယူပစ်ချရတာကို ကြိုက်နှစ်သက်တာပါ။” ဟု ဗိုလ်ချုပ်ကြီး ဗန်ဟတ်ခ်ကပြောသည်။

 

ဇူလိုင်လအတွင်းက မြောက်အမေရိကလေကြောင်းရန်ကာကွယ်ရေးဌာနချုပ် (NORAD) နှင့် အမေရိကန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (NORTHCOM) တို့သည် ပူးတွဲနယ်ပယ်အားလုံးကြီးကြပ်ကွပ်ကဲမှု (JADC2) ပုံစံ နည်းပညာများအနေဖြင့် စစ်ဆင်ရေးများအပေါ်မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိသည်ကို ကြည့်ရှုရန် အခြား တိုက်ခိုက်ရေးဌာချုပ်များနှင့်အတူ Global Information Dominance Experiment 3 သရုပ်ပြလေ့ကျင့်မှုကို အိမ်ရှင်နိုင်ငံအဖြစ် ပူးတွဲကျင်းပခဲ့သည်။

 

နည်းပညာများမှာ ပူးတွဲနယ်ပယ်အားလုံးကြီးကြပ်ကွပ်ကဲမှု (JADC2) ပုံစံအတွက် အဆင်သင့်ဖြစ်နေပြီဖြစ် သော်လည်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနအတွင်း ပြုပြင်ပြောင်းလဲ မှုပြုလုပ်ရန်လိုကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနကို နှစ်ပေါင်းများစွာကြာအောင် သင်္ဘောများ၊ လေယာဉ်များ တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲထားသည့် ထုတ်လုပ်ရေးနည်းလမ်းတစ်ခုအတွက် ဖွဲ့စည်းထားကြောင်း၊ သို့သော် ၎င်းလိုချင်သည့်ဆော့ဖ်ဝဲလ်မှာ အမြဲတမ်း ၁၄ ရက်တစ်ကြိမ် အဆင့်မြှင့်တင်မှုပေါ်တွင် မှီခိုနေရကြောင်း၊ လက်ရှိ ကာလဘတ်ဂျက်နှင့် အနာဂတ်ကာလကာကွယ်ရေးအစီအစဉ်မှာ ယခုပြောသည့်ဆော့ဖ် ဝဲလ်အလုပ်လုပ်သည့် နှုန်းအတိုင်းချိန်ညှိဒီဇိုင်းရေးဆွဲထားခြင်းမဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဗန်ဟတ်ခ်ကပြောသည်။ မြောက်အမေရိက လေကြောင်းရန်ကာကွယ်ရေးဌာနချုပ် (NORAD) ၏ အာရုံခံလက်နက်များကို ဖွဲ့စည်းထားသည့် ရေဒါများနှင့် စ နစ်များကိုလည်း အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း ၎င်းကပြောသည်။

 

“တရုတ်နိုင်ငံရော ရုရှားနိုင်ငံပါ အလွန်ခေတ်မီတဲ့ လက်နက်တွေထုတ်လုပ်ပြီးပါပြီ။ တရုတ်နိုင်ငံဟာ ဆိုင်ဘာနဲ့ အာကာသလက်နက်တွေမှာ ရုရှားနဲ့ အဆင့်တူနေပါပြီ။ ရုရှားကတော့ ကျွန်တော်တို့နိုင်ငံအတွက် အခုအချိန်မှာ အဓိကစစ်ရေးခြိမ်းခြောက်နိုင်တဲ့ နိုင်ငံပေါ့။ ရုရှားတို့၊ တရုတ်တို့ဟာ လွန်ခဲ့တဲ့အနှစ် ၂၀ က မရှိခဲ့ဖူးတဲ့လက်နက် တွေကို ထုတ်လုပ်ခဲ့ပြီးပါပြီ။ လက်နက်တွေက ကျွန်တော်တို့ရဲ့ သတိပေးစနစ်နဲ့ လက်နက်တွေကို ရှောင်ရှားနိုင် တဲ့လက်နက်တွေပါ။ ရေဒါရှောင်ရှားနိုင်တဲ့ ခရုစ်ဒုံးကျည်တွေ၊ ကျွန်တော်တို့ရဲ့ရေငုတ်သင်္ဘောတွေနဲ့ တန်းတူ အရည်အချင်းရှိတဲ့ရေငုပ်သင်္ဘောတွေကို ထုတ်လုပ်ထားတာပါ။ လက်ရှိအချိန်မှာ အဲဒီလိုခရုစ်ဒုံးကျည်တစ်စင်း ဟာ ပြည်တွင်းကို ခြိမ်းခြောက်နိုင်ပါတယ်။” ဟု ဗိုလ်ချုပ်ကြီး ဂလန်းဗန်ဟတ်ခ်ကပြောသည်။

 

Ref: US and Canada want to collaborate on NORAD modernization

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 

Ref: US and Canada want to collaborate on NORAD modernization

 

#PeopleMedia


Share this post