• Follow Us on

Home အေမရိကန္ႏွင့္ တင္းမာမႈျဖစ္ပြားေနစဥ္ တ႐ုတ္တပ္ဖြဲ႕မ်ား ကမ္း တက္ေလ့က်င့္မႈမ်ား ျပဳလုပ္

အေမရိကန္ႏွင့္ တင္းမာမႈျဖစ္ပြားေနစဥ္ တ႐ုတ္တပ္ဖြဲ႕မ်ား ကမ္း တက္ေလ့က်င့္မႈမ်ား ျပဳလုပ္

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၁၂

တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) ၏လက္ေအာက္ရွိ ေျမျပင္ႏွင့္ ေရတပ္ဖြဲ႕မ်ားက ၿပီးခဲ့ ေသာ သီတင္းပတ္မ်ားအတြင္း ကမ္းတက္ေလ့က်င့္မႈႏွင့္ ေရတပ္ဆိုင္ရာေလ့က်င့္မႈ အစီအစဉ္မ်ား အေလးထား လုပ္ေဆာင္ခဲ့ၿပီး လာမည့္သီတင္းပတ္မ်ားအတြင္း ထိုေလ့က်င့္မႈမ်ား ဆက္လက္လုပ္ေဆာင္မည္ျဖစ္သည္။

ထိုင္ဝမ္ေရလက္ၾကားႏွင့္ ေတာင္တ႐ုတ္ပင္လယ္အတြင္း အေမရိကန္ႏိုင္ငံက ရန္လိုေသာ စစ္ေရးေလ့ က်င့္မႈမ်ား မၾကာခဏဆိုသလို လုပ္ေဆာင္ေနခ်ိန္ တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရးတပ္မေတာ္က ထိုသို႔ ေလ့က်င့္ မႈမ်ား ျပန္လည္လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရးတပ္မေတာ္၏ စစ္ေရးေလ့က်င့္မႈ မ်ားက စြမ္းေဆာင္ရည္ႏွင့္ စိတ္ပိုင္း ျဖတ္ထားမႈကို ျပသျခင္းျဖစ္ၿပီး အေမရိကန္ႏိုင္ငံအား သတိေပးျခင္းျဖစ္ကာ ႏွစ္ဘက္စလုံးက တင္းမာမႈအေျခ အေနကို ျမင္ေတြ႕လိုမည္မဟုတ္ဟု ေလ့လာသူအခ်ိဳ႕က ေျပာသည္။

တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ကြမ္တုန္ျပည္နယ္ အေျခစိုက္ တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရးတပ္မေတာ္ အ မွတ္ ၇၄ ၾကည္းတပ္လက္ေအာက္ခံ ေျမျပင္တပ္ဖြဲ႕မ်ားသည္ မၾကာေသးမီက တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ဟိုင္နန္ ျပည္နယ္ရွိ ထိုးစစ္၊ ခံစစ္စခန္းမ်ား၌ တစ္ကယ့္လက္ေတြ႕ပုံစံ ကမ္းတက္တိုက္ခိုက္မႈတစ္ရပ္ လုပ္ေဆာင္ခဲ့ၾက ေၾကာင္း စီစီတီဗြီ႐ုပ္သံဌာနက ေဖာ္ျပခဲ့သည္။ ေလ့က်င့္မႈတြင္ပါဝင္သည့္ တပ္မဟာက ကမ္းတက္သေဘၤာမ်ား ေပၚစီးနင္းကာ ညပိုင္း၌ စတင္ေမာင္းႏွင္ခဲ့ၿပီး ေနာက္တစ္ရက္ နံနက္အေစာပိုင္းတြင္ ေရွ႕တန္းစစ္မ်က္ႏွာသို႔ ေရာက္ရွိခဲ့သည္။ အမ်ိဳးမ်ိဳးေသာ ဒုံးပ်ံပစ္ခတ္မႈစနစ္မ်ားၾကား ကမ္းတက္တပ္ဖြဲ႕မ်ားကက ကမ္းေျခကို ေအာင္ျမင္ စြာ သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း စီစီတီဗြီ႐ုပ္သံဌာနက ေဖာ္ျပခဲ့သည္။

စစ္ေရးေလ့က်င့္မႈမ်ားက တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရး တပ္မေတာ္အေနျဖင့္ ယုံၾကည္မႈရွိကာ ႏိုင္ငံ့ အခ်ဳပ္အခ်ာအာဏာႏွင့္ လုံၿခဳံေရးအက်ိဳးစီးပြားမ်ား ကာကြယ္ေစာင့္ေရွာက္ရန္ စိတ္ပိုင္းျဖတ္ထားမႈကို ျပသခဲ့ ေၾကာင္း သတင္းမ်ားက ဆိုသည္။ တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရးတပ္မေတာ္ ေရတပ္လက္ေအာက္ရွိ ကမ္း တက္တပ္ဖြဲ႕သည္ မၾကာေသးမီက ကြမ္တုန္ျပည္နယ္၌ ကုန္းေရႏွစ္သြယ္သုံးယာဉ္မ်ား၊ တိုက္ခိုက္ေရးေရယာဉ္ မ်ား ပါဝင္ခဲ့သည့္ ပင္လယ္ျဖတ္ေက်ာ္ ကမ္းတက္ေလ့က်င့္မႈတစ္ရပ္ ျပဳလုပ္ခဲ့ေၾကာင္း ၿပီးခဲ့သည့္အပတ္က သီး ျခားသတင္းတစ္ပုဒ္အတြင္း စီစီတီဗြီ႐ုပ္သံဌာနက ေဖာ္ျပခဲ့သည္။

တ႐ုတ္ႏိုင္ငံ၊ ပင္လယ္ေရေၾကာင္း ေဘးအႏၲရာယ္ကင္းေရး အုပ္ခ်ဳပ္မႈဌာနက ထုတ္ျပန္ခဲ့ေသာ ေရ ေၾကာင္းကန္႔သတ္မႈ သတိေပးခ်က္မ်ားအရ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း၊ က်ဲက်န္းျပည္နယ္၊ က်ိဳရွန္းကမ္းလြန္၌ က်ည္ အစစ္အသုံးျပဳမည့္ ေရတပ္ဆိုင္ရာေလ့က်င့္မႈႏွစ္ခုကို ျသဂုတ္လ ၁၆ ရက္ႏွင့္ ၁၇ ရက္တြင္ ျပဳလုပ္မည္ဟု သိရသည္။

တ႐ုတ္ႏိုင္ငံ၏ Type 075 ကုန္းေရႏွစ္သြယ္သုံးယာဉ္သည္ မၾကာေသးမီက ရွန္ဟိုင္းၿမိဳ႕ေတာ္မွ ပထမဆုံး ခရီးစဉ္တစ္ခု စတင္ထြက္ခြာခဲ့သလို တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရးတပ္မေတာ္၊ ၾကည္းတပ္မွ တိုက္ခိုက္ေရးရ ဟတ္ယာဉ္မ်ားသည္ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း ဖုက်န္႔ျပည္နယ္ကမ္းလြန္ရွိ ေရတပ္သေဘၤာတစ္စင္းေပၚမွ ပင္လယ္ ျဖတ္ေက်ာ္ေလ့က်င့္မႈမ်ား ဆက္တိုက္ လုပ္ေဆာင္ခဲ့သည္။

တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရးတပ္မေတာ္၏ စစ္ေရး ေလ့က်င့္မႈမ်ားကို ထိုင္ဝမ္ကြၽန္းအနီးႏွင့္ ေတာင္ တ႐ုတ္ပင္လယ္အတြင္း အေမရိကန္ႏိုင္ငံက ရန္လိုေသာအျပဳအမူမ်ား မၾကာခဏဆိုသလို လုပ္ေဆာင္ေနခ်ိန္ တြင္ ျပဳလုပ္ျခင္းျဖစ္သည္။ ေပက်င္းၿမိဳ႕ေတာ္အေျခစိုက္ ေတာင္တ ႐ုတ္ပင္လယ္ မဟာဗ်ဴဟာေျမာက္အေျခအေန စုံစမ္းစစ္ေဆးေရးအဖြဲ႕ (SCSPI) ၏ ေဝဘိုလူမႈကြန္ရက္တြင္တင္ထားေသာ ပို႔စ္တစ္ခုအရ အေရွ႕တ႐ုတ္ပင္လယ္ အတြင္း အေမရိကန္ေလယာဉ္တင္သေဘၤာ ယူအက္စ္အက္စ္ ေရာ္နယ္ေရဂင္အား ၿဂိဳဟ္တုတစ္လုံးက ေတြ႕ရွိခဲ့သ လို ထိုင္ဝမ္ေရလက္ၾကားေတာင္ပိုင္း၌ အေမရိကန္ P-8A ေရငုပ္ သေဘၤာဖ်က္ ကင္းလွည့္ေလယာဉ္တစ္စင္း ကင္းလွည့္ေစာင့္ၾကပ္ေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

ယခုႏွစ္ ပထမႏွစ္ဝက္တစ္ခုအတြင္းမွာပင္ အေမရိကန္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္အတြင္းသို႔ စစ္ ဘက္ေလယာဉ္မ်ား အႀကိမ္ ၂၀၀၀ ေက်ာ္ ေစလႊတ္ခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ ႀကီး ဝမ္ယိက ဆင္ဟြာသတင္းဌာနႏွင့္ ေတြ႕ဆုံေမးျမန္းမႈတစ္ခုအတြင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

“တ႐ုတ္နဲ႔ အေမရိကန္ၾကား အလုံးစုံဆက္ဆံေရးကို ေျပာရမယ္ဆိုရင္ ေရေၾကာင္း ဒါမွမဟုတ္ ေလေၾကာင္းျဖစ္စဉ္ ျဖစ္လာ မယ္ဆိုရင္ အဲဒီပြတ္တိုက္မႈကို ထိထိေရာက္ေရာက္ ေျဖရွင္းႏိုင္မွာမဟုတ္သလို တင္းမာမႈအေျခအေနအထိ ျဖစ္ သြားႏိုင္ပါတယ္။ ဒါ႔ေၾကာင့္ ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္နဲ႔ အေမရိကန္တပ္မေတာ္ေတြရဲ႕ မေသခ်ာတဲ့ အခ်က္ေတြက မ်ားျပားၿပီး အႏၲရာယ္ေတြက ပိုၿပီး မ်ားလာပါတယ္” ဟု SCPSI ၫႊန္ၾကားေရးမွဴး ဟူဘိုက မၾကာ ေသးမီက ဂလိုဘယ္လ္တိုင္းသတင္းစာႏွင့္ျပဳလုပ္ခဲ့ေသာ ေတြ႕ဆုံေမးျမန္းမႈတစ္ခုအတြင္း ေျပာၾကားခဲ့သည္။

လက္ရွိျပဳလုပ္ေနေသာ စစ္ေရးေလ့က်င့္မႈမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံက ႏိုင္ငံ့အခ်ဳပ္အခ်ာအာဏာႏွင့္ ပိုင္ နက္နယ္ေျမကို ကာကြယ္ေစာင့္ေရွာက္ရန္ စိတ္ပိုင္းျဖတ္မႈႏွင့္ စြမ္းေဆာင္ရည္ရွိမႈကို ထုတ္ေဖာ္ျပသျခင္းပင္ျဖစ္ သည္။ ထို႔အျပင္ တ႐ုတ္တပ္ဖြဲ႕မ်ားက အေမရိကန္တပ္မေတာ္၏ ရန္စမႈမ်ားကို အင္အားအျပည့္ တုံ႔ျပန္ႏိုင္သလို ဟန္႔တားႏိုင္စြမ္းရွိေၾကာင္း အမည္မေဖာ္လိုေသာ စစ္ေရးကြၽမ္းက်င္သူတစ္ဦးက ဂလိုဘယ္လ္တိုင္းမ္းသတင္းစာ သို႔ ေျပာၾကားခဲ့သည္။ မၾကာေသးမီက တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ကာကြယ္ေရးဝန္ႀကီး ေဝဖန္ဟီႏွင့္ အေမ ရိကန္ ကာကြယ္ေရးဝန္ႀကီး မတ္ခ္အက္စပါတို႔ၾကား ဖုန္းေဆြးေႏြးမႈတစ္ခုအတြင္း ပင္လယ္ေရေၾကာင္း အႏၲရာယ္ မ်ား စီမံခန္႔ခြဲမႈႏွင့္ ထိန္းခ်ဳပ္မႈ တိုးတက္လာေစရန္ႏွင့္ အေျခအေနတင္းမာေစမည့္ အႏၲရာယ္ရွိေသာ လႈပ္ရွားမႈ မ်ား ေရွာင္ၾကဉ္ရန္ ေဝက အေမရိကန္ႏိုင္ငံအား တိုက္တြန္းခဲ့သည္။

အက်ပ္အတည္းမ်ား ေျဖရွင္းရန္၊ တင္းမာမႈမ်ား ေရွာင္ရွားရန္ႏွင့္ အႏၲရာယ္မ်ားေလ်ာ့ခ်ရန္ ႏွစ္ဘက္တပ္ မေတာ္မ်ားက ေဆြးေႏြးမႈမ်ားျပဳလုပ္သင့္ေၾကာင္း မတ္ခ္အက္စပါက ေျပာၾကားခဲ့သည္။ ေတာင္တ႐ုတ္ပင္လယ္ ႏွင့္ အေရွ႕တ႐ုတ္ပင္လယ္အတြင္း စစ္ေရးေလ့က်င့္မႈမ်ား အၿပိဳင္အဆိုင္ျပဳလုပ္ေနမႈက ေဒသတြင္း တင္းမာမႈမ်ား ျမင့္တက္လာႏိုင္ပါသည္။

ကိုးကား – ဂလိုဘယ္တိုင္းမ္

Ref; PLA forces hold landing drills amid US military provocations

#PeopleMedia

(unicode)
အမေရိကန်နှင့် တင်းမာမှုဖြစ်ပွားနေစဉ် တရုတ်တပ်ဖွဲ့များ ကမ်း တက်လေ့ကျင့်မှုများ ပြုလုပ်
………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၁၂

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏လက်အောက်ရှိ မြေပြင်နှင့် ရေတပ်ဖွဲ့များက ပြီးခဲ့ သော သီတင်းပတ်များအတွင်း ကမ်းတက်လေ့ကျင့်မှုနှင့် ရေတပ်ဆိုင်ရာလေ့ကျင့်မှု အစီအစဉ်များ အလေးထား လုပ်ဆောင်ခဲ့ပြီး လာမည့်သီတင်းပတ်များအတွင်း ထိုလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်နိုင်ငံက ရန်လိုသော စစ်ရေးလေ့ ကျင့်မှုများ မကြာခဏဆိုသလို လုပ်ဆောင်နေချိန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုသို့ လေ့ကျင့် မှုများ ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးလေ့ကျင့်မှု များက စွမ်းဆောင်ရည်နှင့် စိတ်ပိုင်း ဖြတ်ထားမှုကို ပြသခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံအား သတိပေးခြင်းဖြစ်ကာ နှစ်ဘက်စလုံးက တင်းမာမှုအခြေ အနေကို မြင်တွေ့လိုမည်မဟုတ်ဟု လေ့လာသူအချို့က ပြောသည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ် အခြေစိုက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အ မှတ် ၇၄ ကြည်းတပ်လက်အောက်ခံ မြေပြင်တပ်ဖွဲ့များသည် မကြာသေးမီက တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန် ပြည်နယ်ရှိ ထိုးစစ်၊ ခံစစ်စခန်းများ၌ တစ်ကယ့်လက်တွေ့ပုံစံ ကမ်းတက်တိုက်ခိုက်မှုတစ်ရပ် လုပ်ဆောင်ခဲ့ကြ ကြောင်း စီစီတီဗွီရုပ်သံဌာနက ဖော်ပြခဲ့သည်။ လေ့ကျင့်မှုတွင်ပါဝင်သည့် တပ်မဟာက ကမ်းတက်သင်္ဘောများ ပေါ်စီးနင်းကာ ညပိုင်း၌ စတင်မောင်းနှင်ခဲ့ပြီး နောက်တစ်ရက် နံနက်အစောပိုင်းတွင် ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိခဲ့သည်။ အမျိုးမျိုးသော ဒုံးပျံပစ်ခတ်မှုစနစ်များကြား ကမ်းတက်တပ်ဖွဲ့များကက ကမ်းခြေကို အောင်မြင် စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း စီစီတီဗွီရုပ်သံဌာနက ဖော်ပြခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေဖြင့် ယုံကြည်မှုရှိကာ နိုင်ငံ့ အချုပ်အချာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရန် စိတ်ပိုင်းဖြတ်ထားမှုကို ပြသခဲ့ ကြောင်း သတင်းများက ဆိုသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်လက်အောက်ရှိ ကမ်း တက်တပ်ဖွဲ့သည် မကြာသေးမီက ကွမ်တုန်ပြည်နယ်၌ ကုန်းရေနှစ်သွယ်သုံးယာဉ်များ၊ တိုက်ခိုက်ရေးရေယာဉ် များ ပါဝင်ခဲ့သည့် ပင်လယ်ဖြတ်ကျော် ကမ်းတက်လေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က သီး ခြားသတင်းတစ်ပုဒ်အတွင်း စီစီတီဗွီရုပ်သံဌာနက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၊ ပင်လယ်ရေကြောင်း ဘေးအန္တရာယ်ကင်းရေး အုပ်ချုပ်မှုဌာနက ထုတ်ပြန်ခဲ့သော ရေ ကြောင်းကန့်သတ်မှု သတိပေးချက်များအရ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျဲကျန်းပြည်နယ်၊ ကျိုရှန်းကမ်းလွန်၌ ကျည် အစစ်အသုံးပြုမည့် ရေတပ်ဆိုင်ရာလေ့ကျင့်မှုနှစ်ခုကို သြဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်တွင် ပြုလုပ်မည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ Type 075 ကုန်းရေနှစ်သွယ်သုံးယာဉ်သည် မကြာသေးမီက ရှန်ဟိုင်းမြို့တော်မှ ပထမဆုံး ခရီးစဉ်တစ်ခု စတင်ထွက်ခွာခဲ့သလို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ကြည်းတပ်မှ တိုက်ခိုက်ရေးရ ဟတ်ယာဉ်များသည် တရုတ်နိုင်ငံအရှေ့ပိုင်း ဖုကျန့်ပြည်နယ်ကမ်းလွန်ရှိ ရေတပ်သင်္ဘောတစ်စင်းပေါ်မှ ပင်လယ် ဖြတ်ကျော်လေ့ကျင့်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ရေး လေ့ကျင့်မှုများကို ထိုင်ဝမ်ကျွန်းအနီးနှင့် တောင် တရုတ်ပင်လယ်အတွင်း အမေရိကန်နိုင်ငံက ရန်လိုသောအပြုအမူများ မကြာခဏဆိုသလို လုပ်ဆောင်နေချိန် တွင် ပြုလုပ်ခြင်းဖြစ်သည်။ ပေကျင်းမြို့တော်အခြေစိုက် တောင်တ ရုတ်ပင်လယ် မဟာဗျူဟာမြောက်အခြေအနေ စုံစမ်းစစ်ဆေးရေးအဖွဲ့ (SCSPI) ၏ ဝေဘိုလူမှုကွန်ရက်တွင်တင်ထားသော ပို့စ်တစ်ခုအရ အရှေ့တရုတ်ပင်လယ် အတွင်း အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရေဂင်အား ဂြိုဟ်တုတစ်လုံးက တွေ့ရှိခဲ့သ လို ထိုင်ဝမ်ရေလက်ကြားတောင်ပိုင်း၌ အမေရိကန် P-8A ရေငုပ် သင်္ဘောဖျက် ကင်းလှည့်လေယာဉ်တစ်စင်း ကင်းလှည့်စောင့်ကြပ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယခုနှစ် ပထမနှစ်ဝက်တစ်ခုအတွင်းမှာပင် အမေရိကန်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းသို့ စစ် ဘက်လေယာဉ်များ အကြိမ် ၂၀၀၀ ကျော် စေလွှတ်ခဲ့ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန် ကြီး ဝမ်ယိက ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“တရုတ်နဲ့ အမေရိကန်ကြား အလုံးစုံဆက်ဆံရေးကို ပြောရမယ်ဆိုရင် ရေကြောင်း ဒါမှမဟုတ် လေကြောင်းဖြစ်စဉ် ဖြစ်လာ မယ်ဆိုရင် အဲဒီပွတ်တိုက်မှုကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာမဟုတ်သလို တင်းမာမှုအခြေအနေအထိ ဖြစ် သွားနိုင်ပါတယ်။ ဒါ့ကြောင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ အမေရိကန်တပ်မတော်တွေရဲ့ မသေချာတဲ့ အချက်တွေက များပြားပြီး အန္တရာယ်တွေက ပိုပြီး များလာပါတယ်” ဟု SCPSI ညွှန်ကြားရေးမှူး ဟူဘိုက မကြာ သေးမီက ဂလိုဘယ်လ်တိုင်းသတင်းစာနှင့်ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ပြောကြားခဲ့သည်။

လက်ရှိပြုလုပ်နေသော စစ်ရေးလေ့ကျင့်မှုများကြောင့် တရုတ်နိုင်ငံက နိုင်ငံ့အချုပ်အချာအာဏာနှင့် ပိုင် နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ရန် စိတ်ပိုင်းဖြတ်မှုနှင့် စွမ်းဆောင်ရည်ရှိမှုကို ထုတ်ဖော်ပြသခြင်းပင်ဖြစ် သည်။ ထို့အပြင် တရုတ်တပ်ဖွဲ့များက အမေရိကန်တပ်မတော်၏ ရန်စမှုများကို အင်အားအပြည့် တုံ့ပြန်နိုင်သလို ဟန့်တားနိုင်စွမ်းရှိကြောင်း အမည်မဖော်လိုသော စစ်ရေးကျွမ်းကျင်သူတစ်ဦးက ဂလိုဘယ်လ်တိုင်းမ်းသတင်းစာ သို့ ပြောကြားခဲ့သည်။ မကြာသေးမီက တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီနှင့် အမေ ရိကန် ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စပါတို့ကြား ဖုန်းဆွေးနွေးမှုတစ်ခုအတွင်း ပင်လယ်ရေကြောင်း အန္တရာယ် များ စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှု တိုးတက်လာစေရန်နှင့် အခြေအနေတင်းမာစေမည့် အန္တရာယ်ရှိသော လှုပ်ရှားမှု များ ရှောင်ကြဉ်ရန် ဝေက အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့သည်။

အကျပ်အတည်းများ ဖြေရှင်းရန်၊ တင်းမာမှုများ ရှောင်ရှားရန်နှင့် အန္တရာယ်များလျော့ချရန် နှစ်ဘက်တပ် မတော်များက ဆွေးနွေးမှုများပြုလုပ်သင့်ကြောင်း မတ်ခ်အက်စပါက ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ် နှင့် အရှေ့တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုများ အပြိုင်အဆိုင်ပြုလုပ်နေမှုက ဒေသတွင်း တင်းမာမှုများ မြင့်တက်လာနိုင်ပါသည်။

ကိုးကား – ဂလိုဘယ်တိုင်းမ်

Ref; PLA forces hold landing drills amid US military provocations

#PeopleMedia


Share this post