• Follow Us on

Home အေမရိကန္ႏွင့္ တ႐ုတ္တို႔ ထိ႐ွလြယ္သည့္ၿဂိဳဟ္တုအခ်က္အလက္မ်ားႏွင့္ ေျမပံုအခ်က္အလက္မ်ားေ၀မွ်ရန္ စစ္ေရးသေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုး

အေမရိကန္ႏွင့္ တ႐ုတ္တို႔ ထိ႐ွလြယ္သည့္ၿဂိဳဟ္တုအခ်က္အလက္မ်ားႏွင့္ ေျမပံုအခ်က္အလက္မ်ားေ၀မွ်ရန္ စစ္ေရးသေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုး

Share this post

နယူးေဒလီ၊ ေအာက္တိုဘာ ၂၈

ထိ႐ွလြယ္သည့္ၿဂိဳဟ္တုႏွင့္ေျမပံုအခ်က္အလက္မ်ားေ၀မွ်ရန္ အဂၤါေန႔တြင္ အိႏၵိယႏွင့္အေမရိကန္ႏိုင္ငံတို႔ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့သည္။

အိႏၵိယႏိုင္ငံတြင္ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး မိုက္ ပြန္ပီယိုႏွင့္ ကာကြယ္ေရး၀န္ႀကီး မာ့က္ အက္စပါတို႔ေရာက္႐ွိေနခ်ိန္တြင္ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံက လံုျခံဳေရးႏွင့္လြတ္လပ္မႈအေပၚၿခိမ္းေျခာက္မႈမ်ားကိုရင္ဆိုင္ရန္ အတူတကြလုပ္ေဆာင္သြားမည္ဟု ႏွစ္ဖက္၀န္ႀကီးမ်ားေဆြးေႏြးခဲ့ၾကသည္။

အိႏိၵယႏွင့္တ႐ုတ္တပ္ဖြဲ႔မ်ား ဟိမ၀ႏာၱေဒသတြင္ ထိပ္တိုက္ေတြ႕ဆံုမႈမ်ား႐ွိခဲ့ၿပီး ေဒသတြင္းတင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္ ႏွစ္စဥ္ပံုမွန္ အေမရိကန္-အိႏၵိယမဟာဗ်ဴဟာေျမာက္ေဆြးေႏြးမႈျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ေဒသအေျခအေနဆိုင္ရာပူးေပါင္းမႈအေပၚ အေျခခံဖလွယ္မႈႏွင့္ပူးေပါင္းေဆာင္႐ြက္မႈသေဘာတူညီခ်က္ ဟုအမည္ေပးထားသည့္ ကာကြယ္ေရးသေဘာတူစာခ်ဳပ္သစ္သည္ ႏွစ္ႏိုင္ငံတပ္ဖြဲ႔မ်ားၾကား ပူးေပါင္းေဆာင္႐ြက္မႈေမြးဖြားႏိုင္သည့္ ထင္႐ွားေသာသမိုင္းမွတ္တိုင္တခုဟု မာ့က္ အက္စပါကေျပာသည္။

အိႏၵိယႏိုင္ငံကို တိုက္ေလယာဥ္မ်ားႏွင့္ဒ႐ုန္းမ်ားထပ္မံေရာင္းခ်ရန္ အေမရိကန္ကစီစဥ္ထားသည္ဟုလည္း အက္စပါကေျပာသည္။

သေဘာတူညီခ်က္အရ အိႏၵိယႏိုင္ငံသည္ ဒံုးက်ည္မ်ားႏွင့္လက္နက္တပ္ဆင္ထားသည့္ ဒ႐ုန္းမ်ားခ်ိန္႐ြယ္ရာ တြင္အေရးႀကီးသည့္ ေျမျပင္၊ ေရျပင္ႏွင့္ ေ၀ဟင္အခ်က္အလက္မ်ားရ႐ွိမည္ျဖစ္သည္။

ထို႔အျပင္ အိႏိၵယသို႔အေမရိကန္ေထာက္ပံ့ထားသည့္ေလယာဥ္မ်ားတြင္ အဆင့္ျမင့္လမ္းျပအေထာက္အကူ အညီမ်ားႏွင့္ေလေၾကာင္းအီလက္ထေရာနစ္မ်ား အေမရိကန္က ေထာက္ပံ့ႏိုင္မည္ဟု အိႏိၵယကာကြယ္ေရး ၀န္ႀကီးဌာနသတင္းရင္းျမစ္တေယာက္ကေျပာသည္။

Ref : US warns of threat posed by China, signs military pact with India

#PeopleMedia

(unicode)
အမေရိကန်နှင့် တရုတ်တို့ ထိရှလွယ်သည့်ဂြိုဟ်တုအချက်အလက်များနှင့် မြေပုံအချက်အလက်များဝေမျှရန် စစ်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုး
…………………………………………………….

နယူးဒေလီ၊ အောက်တိုဘာ ၂၈

ထိရှလွယ်သည့်ဂြိုဟ်တုနှင့်မြေပုံအချက်အလက်များဝေမျှရန် အင်္ဂါနေ့တွင် အိန္ဒိယနှင့်အမေရိကန်နိုင်ငံတို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယနိုင်ငံတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုနှင့် ကာကွယ်ရေးဝန်ကြီး မာ့က် အက်စပါတို့ရောက်ရှိနေချိန်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက လုံခြုံရေးနှင့်လွတ်လပ်မှုအပေါ်ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရန် အတူတကွလုပ်ဆောင်သွားမည်ဟု နှစ်ဖက်ဝန်ကြီးများဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနှင့်တရုတ်တပ်ဖွဲ့များ ဟိမဝန္တာဒေသတွင် ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ပြီး ဒေသတွင်းတင်းမာမှုများမြင့်တက်နေချိန်တွင် နှစ်စဉ်ပုံမှန် အမေရိကန်-အိန္ဒိယမဟာဗျူဟာမြောက်ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒေသအခြေအနေဆိုင်ရာပူးပေါင်းမှုအပေါ် အခြေခံဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ဟုအမည်ပေးထားသည့် ကာကွယ်ရေးသဘောတူစာချုပ်သစ်သည် နှစ်နိုင်ငံတပ်ဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှုမွေးဖွားနိုင်သည့် ထင်ရှားသောသမိုင်းမှတ်တိုင်တခုဟု မာ့က် အက်စပါကပြောသည်။

အိန္ဒိယနိုင်ငံကို တိုက်လေယာဉ်များနှင့်ဒရုန်းများထပ်မံရောင်းချရန် အမေရိကန်ကစီစဉ်ထားသည်ဟုလည်း အက်စပါကပြောသည်။

သဘောတူညီချက်အရ အိန္ဒိယနိုင်ငံသည် ဒုံးကျည်များနှင့်လက်နက်တပ်ဆင်ထားသည့် ဒရုန်းများချိန်ရွယ်ရာ တွင်အရေးကြီးသည့် မြေပြင်၊ ရေပြင်နှင့် ဝေဟင်အချက်အလက်များရရှိမည်ဖြစ်သည်။

ထို့အပြင် အိန္ဒိယသို့အမေရိကန်ထောက်ပံ့ထားသည့်လေယာဉ်များတွင် အဆင့်မြင့်လမ်းပြအထောက်အကူ အညီများနှင့်လေကြောင်းအီလက်ထရောနစ်များ အမေရိကန်က ထောက်ပံ့နိုင်မည်ဟု အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနသတင်းရင်းမြစ်တယောက်ကပြောသည်။

Ref : US warns of threat posed by China, signs military pact with India

#PeopleMedia


Share this post