• Follow Us on

Home အမေရိကန်နှင့် တရုတ် နျူကလီးယားစစ်ပွဲဖြစ်ပွားမည့်အရေး အမေရိကန်စစ်ရေးလေ့လာသုံးသပ်သူ သတိပေး

အမေရိကန်နှင့် တရုတ် နျူကလီးယားစစ်ပွဲဖြစ်ပွားမည့်အရေး အမေရိကန်စစ်ရေးလေ့လာသုံးသပ်သူ သတိပေး

Share this post

နိ်ုင်ငံတကာ၊ အောက်တိုဘာ ၇ (People Media)

 

ထိုင်ဝမ်အရေးတွင် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံကြားစစ်မက်ဖြစ်ပွားလာပါက အမေရိကန်နိုင်ငံသည် တရုတ် နိုင်ငံနှင့် နျူကလီးယားစစ်ပွဲဖြစ်ပွားလာနိုင်သည့် အန္တရာယ်နှင့်ပတ်သက်၍ ဂါဒီယန်သတင်းစာတွင် ဆောင်းပါး များ ရေးသားနေသော အမေရိကန်ကြည်းတပ်အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဒန်နီရယ်ဒေးဗစ်စ်က အောက်တို ဘာ ၅ ရက်နေ့က သတိပေးပြောကြားလိုက်သည်။

 

“ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ စစ်မဖြစ်အောင် ကျွန်တော်တို့ ဖြစ်တဲ့နည်းနဲ့ ရှောင်ရှားကြရမယ်။ အမေရိကန်နိုင်ငံထဲမှာ ခေတ်စားနေတဲ့လုပ်ရပ်က တရုတ်ကထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်မယ်ဆိုရင် တရုတ် ကိုစစ်တိုက်ဖို့ဆိုတာပါပဲ။ အဲဒီလိုလုပ်မယ်ဆိုရင် မှားပါလိမ့်မယ်။” ဟု ၎င်းကပြောသည်။

 

တရုတ်နိုင်ငံနှင့် စစ်မက်ဖြစ်ပွားရန် ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ နိုင်ငံရေး၊ ထောက်လှမ်းရေးနှင့် မဟာ ဗျူဟာမြောက်အသိုင်းအဝိုင်းတွင် အကြိတ်အနယ်ကျင်းပခဲ့သောတံခါးပိတ်အစည်းအဝေးကို ဒန်နီရယ်ဒေးဗစ်စ် ၏ သတိပေးပြောဆိုမှုများက ထင်ဟပ်ပေါ်လွင်စေခဲ့သည်။

 

မတ်လအတွင်းက ရာထူးမှစွန့်ခွာသွားသော အမေရိကန် အင်ဒို-ပစိဖိတ် ဌာနချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဖိလစ် ဒေးဗစ်ဆန်က အမေရိကန်အနေဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် စစ်မက်ဖြစ်ပွားနိုင်ကြောင်း ပြောကြားခဲ့ြ့ပီး အင်ဒို-ပစိဖိတ်ဌာနချုပ်အတွက် ဘတ်ဂျက်နှစ်ဆချထားပေးရန်တောင်းဆိုခဲ့သည်။

 

အမေရိကန်နိုင်ငံသည် တရုတ်နှင့် သမရိုးကျစစ်ပွဲဖြစ်ပွားပါက ဆုံးရှုံးနိုင်ကြောင်း၊ အမေရိကန်လေယာဉ် အ မြောက်အမြားပစ်ချခံရနိုင်ကြောင်း၊ အမေရိကန်စစ်သင်္ဘောအများအပြား နှစ်မြှုပ်ခံရနိုင်ကြောင်း၊ အမေရိကန် စစ်သည်အများအပြား ကျဆုံးနိုင်ကြောင်း အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဒန်နီရယ်ဒေးဗစ်စ်ကထောက်ပြသည်။

 

ဆုံးရှုံးမှုကိုရှောင်ရှားနိုင်ရန်အတွက် အမေရိကန်နိုင်ငံက ယင်းကဲ့သို့ ပဋိပက္ခမျိုးထဲ ခေါင်းလျှိုမဝင်ရန်လို အပ် ကြောင်း၊ ယုတ်စွအဆုံး တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းကို ကျူးကျော်သိမ်းပိုက်ခဲ့လျှင်တောင် အမေရိကန်နိုင်ငံ အနေဖြင့် ဝင်မပါသင့်ကြောင်း ၎င်းကပြောသည်။

 

လက်တွေ့နယ်ပယ်တွင်မူ ဘိုင်ဒန်အစိုးရသည် သံတမန်အရေး၊ စီးပွားရေးနှင့် စစ်ရေးနယ်ပယ်တို့တွင် နှစ်ရှည် လများ ရန်လိုသောထိပ်တိုက်ရင်ဆိုင်မှုမျိုးကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ လတ်တလောကာလ တရုတ်စစ်လေယာဉ်များ ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းကို အ မေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ကျူးကျော်ရန်စခြင်း၊ အန္တရာယ်ရှိသောလျှော့တွက်ခြင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပျက်ပြားအောင်ပြုလုပ်ခြင်းအဖြစ် ရည်ညွှန်းပြောဆိုပြီး   ပြစ်တင်ရှုတ် ချခဲ့သည်။

 

Ref: US military analyst warns of danger of nuclear war with China

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: US military analyst warns of danger of nuclear war with China

 

#PeopleMedia


Share this post