• Follow Us on

Home အမေရိကန်နှင့် အဆင့်မြင့်စစ်ပွဲဆင်နွှဲရန် တရုတ်ပြင်ဆင်နေကြောင်း အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီးပြော

အမေရိကန်နှင့် အဆင့်မြင့်စစ်ပွဲဆင်နွှဲရန် တရုတ်ပြင်ဆင်နေကြောင်း အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီးပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၇ (People Media)

 

တရုတ်နိုင်ငံသည် အမေရိကန်တပ်မတော်၏ဖွဲ့စည်းပုံနှင့် နည်းဗျူဟာများမှ အားနည်းချက်များကို ထုတ်နုတ်အ သုံးချနိုင်ရန် နှစ်ပေါင်းများစွာအချိန်ယူ၍လေ့လာခဲ့ပြီး အမေရိကန်နှင့် အဆင့်မြင့်စစ်ပွဲဆင်နွှဲရန် ပြင်ဆင်လျက်ရှိ ကြောင်း လွန်ခဲ့သည့်သီတင်းပတ်ကကျင်းပခဲ့သည့် အမေရိကန်လေတပ်၏ ၂၀၂၁ ခုနှစ် ဝေဟင်၊ အာကာသနှင့် ဆိုင်ဘာညီလာခံတွင် လေတပ်လေကြောင်းတိုက်ခိုက်ရေးဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မာ့ခ်ကယ်လီက ပြောသည်။

 

တရုတ်နိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားလာပါက အနာဂတ်လေကြောင်းတိုက်ခိုက်ရေးလမ်းပြမြေပုံအရေးကြီးပုံကို ဗိုလ် ချုပ်ကြီးမာ့ခ်ကယ်လီက ရှင်းပြခဲ့သည်။ အမေရိကန်နိုင်ငံသည် စစ်အေးခေတ်ပြိုင်ဆိုင်မှုအတွက် ထုတ်လုပ်ထား သည့် စစ်လက်နက်ပစ္စည်းများဖြင့် အရှေ့အလယ်ပိုင်းတွင် နှစ်ပေါင်းများစွာ စစ်ပွဲဆင်နွှဲလျက်ရှိစဉ် တရုတ်နိုင်ငံ ကမူ ၎င်းပြိုင်ဘက်အမေရိကန်ကိုရင်ဆိုင်ရန် အဓိကအာရုံစိုက်၍ ၎င်းတပ်များကို ပြန်လည်ဖွဲ့စည်းတည်ဆောက် နေကြောင်း ဗိုလ်ချုပ်ကြီးမာ့ခ်ကယ်လီကပြောသည်။

 

“လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ က ကျွန်တော်တို့ အာဖဂန်နစ္စတန်ကိုသွားခဲ့ကြပြီး အထိန်းအချုပ်လျော့ရဲတဲ့ ပတ်ဝန်း ကျင်မှာ သောင်းကျန်သူဆန့်ကျင်ရေးလုပ်ဖို့ မဆုတ်မနစ်တဲ့ကမ္ဘာ့အဆင့်မီ ထောက်ပံ့ရေးလုပ်ငန်းကြီးကို အဓိ ကအာရုံစိုက် သွားလုပ်ခဲ့ကြတယ်။ အဲဒီအနှစ် ၂၀ အတောအတွင်းမှာ တရုတ်နိုင်ငံဟာ သူ့အင်အားကိုစုစည်း တယ်၊ လေ့ကျင့်သင်ကြားပေးတယ်၊ ထူးခြားကောင်းမွန်တဲ့စစ်လက်နက်ပစ္စည်းတွေကို သူ့တပ်မတော်ကို တပ် ဆင်ပေးတယ်။ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ အဓိကအာရုံစိုက်ပြီး ထူးခြားကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ဆောင်ရွက်ခဲ့တယ်။” ဟု ၎င်းကပြောသည်။

 

၁၉၉၁ ခုနှစ်က ကန္တာရမုန်တိုင်းစစ်ဆင်ရေးကာလအတွင်း အမေရိကန်က ရရှိခဲ့သောအောင်မြင်မှုများကို တရုတ် နိုင်ငံကလေ့လာခဲ့ပြီးနောက် တရုတ်တပ်မတော်ပြုပြင်ပြောင်းလဲမှုများနှင့် အဆင့်မြှင့်တင်မှုများကို ယနေ့အချိန် အထိ ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

 

လေကြောင်းစိုးမိုးမှုနှင့် စစ်ပွဲကာလအတွင်းခေတ်မီဆန်းပြားစွာတိုက်ခိုက်နိုင်မှုတို့နှင့် ပတ်သက်၍ အမေရိကန် လေတပ်ကို အမီလိုက်ရန်နှင့် ကျော်လွှားနိုင်ရန်အတွက် တရုတ်နိုင်ငံ၏မဟာဗျူဟာကြိုးပမ်းအားထုတ်မှုများနှင့် စိတ်ဝင်စားဖွယ်ရာ အသေးစိတ်အချက်အလက်အချို့ကို ကယ်လီက ဖြည့်စွက်ပြောကြားခဲ့သည်။

 

“အုပ်စုတူတိုက်ပွဲတစ်ခုမှာ ပါဝင်ပတ်သက်တဲ့ အမေရိကန်လေယာဉ်မှန်သမျှ ဆိုဗီယက်ခေတ်တိုက်ခိုက်ရေးအ တွက်ရည်ရွယ်ပြီး အစီအစဉ်ရေးဆွဲထုတ်လုပ်ထားတဲ့လေယာဉ်တွေကိုဆိုတာကို တရုတ်တွေသိတယ်။ အဲဒီ လေယာဉ်တွေကို နှစ်ပေါင်းနှစ်ဆယ်အတွင်း အာဖဂန်နစ္စတန် သောင်းကျန်သူဆန့်ကျင်ရေးလုပ်ငန်းမှာ အသုံးပြု ခဲ့ပြီး တိုးချဲ့ဆောင်ရွက်ခဲ့တယ်ဆိုတာ သူတို့သိနေတယ်။ ကျွန်တော်တို့လေတပ် သက်တမ်းရင့်လာပြီဆိုတာ သူတို့သိနေတယ်။ ကျွန်တော်တို့လေတပ် သိသိသာသာ ပိုပြီးသေးငယ်လာတယ်ဆိုတာ သူတို့သိနေတယ်။” ဟု ၎င်းကပြောသည်။

 

Ref: Air Force General: China is Preparing for High-End Fight with United States

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

Ref: Air Force General: China is Preparing for High-End Fight with United States

 

#PeopleMedia


Share this post