• Follow Us on

Home အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များကို လက်မခံရန် အာဖဂန်အိမ်နီးချင်းနိုင်ငံများကို ရုရှားတောင်းဆို

အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များကို လက်မခံရန် အာဖဂန်အိမ်နီးချင်းနိုင်ငံများကို ရုရှားတောင်းဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၈ (People media)

 

အာဖဂန်နစ္စတန်မှထွက်ခွာလာသည့် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များကို လက်မခံရန် အာဖဂန်နစ္စတန်နိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံများကို ရုရှားနိုင်ငံခြားရေးဝန်ကြီးကတောင်းဆိုလိုက်ကြောင်း ရုရှားမီဒီယာများက ရေးသား ဖော်ပြခဲ့ကြသည်။

 

အီရန်နိုင်ငံတီဟီရန်မြို့တွင်ကျင်းပသည့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာအစည်းအဝေးတွင် တရုတ်နှင့် ရုရှားနိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများက အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြပြီး အီရန်၊ ပါကစ္စတန်၊ တာ့မင်နစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများက လူကိုယ်တိုင်တက်ရောက်ခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလာ့ဗရော့ဗ်က “အာဖဂန်နစ္စတန်မှ ဆုတ်ခွာလာ သော အမေရိကန်တပ်ဖွဲ့ဝင်များနှင့် နေတိုးတပ်ဖွဲ့ဝင်များကို အာဖဂန်နစ္စတန်အိမ်နီးချင်းနိုင်ငံများက လက်မခံ ရန်” ပြောကြားလိုက်သည်။

 

“အာဖဂန်နစ္စတန်ကနေ ပြန်လည်ဆုတ်ခွာလာတဲ့ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ဝင်တွေဟာ အာဖဂန်နစ္စတန်အိမ် နီးချင်းနိုင်ငံတွေမှာ ပြန်လည်အခြေစိုက်ဖို့ စီစဉ်နေပါတယ်။ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ဝင်တွေကို လက်မခံဖို့ အာဖဂန် အိမ်နီးချင်းနိုင်ငံတွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်။” ဟု ဆာဂျီလာ့ဗရော့ဗ်ကပြောသည်။

 

တစ်ပြိုင်တည်းမှာပင် အာဖဂန်နစ္စတန်မှ အကြမ်းဖက်သမားများသည် ဒုက္ခသည်ယောင်ဆောင်၍ ဗဟိုအာရှနိုင် ငံများသို့ရောက်ရှိလာမည့်အရေးနှင့် တစ်ချိန်က ဆိုဗီယက်ပြည်ထောင်စုကသိမ်းပိုက်ထားခဲ့ပြီး ယခုအချိန်တွင် ရုရှားနိုင်ငံက ၎င်း၏တောင်ဘက်တွင် ကာကွယ်ရေးကြားခံဇုံအဖြစ်ရှုမြင်ထားသော နယ်မြေတွင်အနောက်တိုင်း နိုင်ငံများက နယ်ချဲ့လာမည့်အရေးကို ရုရှားနိုင်ငံက စိုးရိမ်ပူပန်နေကြောင်း ရိုက်တာသတင်းဌာနတွင်ရေးသား ဖော်ပြထားသည်။

 

အနောက်နိုင်ငံများနယ်ချဲ့လာမည်ကိုစိုးရိမ်နေသည်ဟုဆိုသော်လည်း ရုရှားသမ္မတဗလာဒီမာပူတင်က ယင်းဒေ သတွင်းရှိ ရုရှားနိုင်ငံ၏စစ်အခြေစိုက်စခန်းများကို အသုံးပြရန် အမေရိကန်နိုင်ငံကို ကမ်းလှမ်းခဲ့သည်ကို ယခုနှစ် ဆန်းပိုင်းက ရုရှားသတင်းစာများတွင် ဖော်ပြခဲ့ကြောင်း ရိုက်တာသတင်းဌာနကရေးသားခဲ့သည်။

 

တာဂျစ်ကစ္စတန်ရှိ ရုရှားစစ်အေခြစိုက်စခန်းများမှာ အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်မြေချင်းထိစပ်လျက်ရှိသည်။ သြဂုတ်လတွင် အာဖဂန်နစ္စတန်၌ တာလီဘန်များအာဏာရလာကတည်းက ရုရှားနိုင်ငံက ဒေသတွင်း စစ်အင် အားတိုးချဲ့ခဲ့ရာ လူ၊ လက်နက်/ခဲယမ်း အင်အား နှစ်မျိုးစလုံး တိုးချဲ့ခဲ့ကြောင်းသိရသည်။

 

Ref: Russia calls on Afghanistan’s neighbors not to host U.S., NATO forces

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Russia calls on Afghanistan’s neighbors not to host U.S., NATO forces

 

#PeopleMedia


Share this post