• Follow Us on
Latest News

Home အမေရိကန်နှင့် နေတိုးအဖွဲ့ ရုရှားကို တိုက်ခိုက်လာပါက ရုရှား၏ ဝှက်ဖဲနှင့် တွေ့ကြုံရမည်

အမေရိကန်နှင့် နေတိုးအဖွဲ့ ရုရှားကို တိုက်ခိုက်လာပါက ရုရှား၏ ဝှက်ဖဲနှင့် တွေ့ကြုံရမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃ (People Media)

 

အမေရိကန်ပြည်ထောင်စုနှင့် နေတိုး(မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့) အဖွဲ့က ရုရှားနိုင်ငံကို တိုက်ခိုက်မည် ဆိုပါက ရုရှားနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကြောင့် ၎င်းတို့အနေဖြင့် ဘေးဒုက္ခဆိုးဖြင့် ရင်ဆိုင် တွေ့ကြုံရမည်ဖြစ်ကြောင်း တရုတ်မီဒီယာတစ်ခုက ရေးသားဖော်ပြလိုက်သည်။

 

အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များသည် ၎င်းတို့အားထားရသော F35 ဂျက်တိုက်လေယာဉ်များဖြင့် ရုရှားနိုင်ငံ ကို တိုက်ခိုက်လာပါက ရုရှားထုတ် S-300 PM2 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များကို ခရိုင်းမီးယားတွင် တပ်ဖြန့်ချထားသောကြောင့် ဘေးဒုက္ခဆိုးနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း အဆိုပါမီဒီယာကရေးသားထားသည်။

 

ရုရှားနိုင်ငံ၏ အလွန်ခေတ်မီသောလေကြောင်းရန်ကာကွယ်ရေးစနစ်များတွင် ဘက်စုံသုံးရေဒါများနှင့် ပစ်မှတ်စုံ စမ်းရှာဖွေ/တိုက်ခိုက်ချေမှုန်းရေးစနစ်များကို တပ်ဆင်ထားသည့်ကြောင်း တရုတ်နိုင်ငံမှ ဆိုဟိုဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

 

ယင်းသို့ဖော်ပြရာတွင် ယူကရိန်းနိုင်ငံကာကွယ်ရေးဆိုသည့်အကြောင်းပြချက်ဖြင့် အမေရိကန်ပြည်ထောင်စုဦး ဆောင်သောနေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား လတ်တလောကာလ  ဆက်ဆံရေးတင်းမာမှုများမြင့် တက်လာခြင်းဖြစ်ကြောင်း အဆိုပါမီဒီယာကရေးသားခဲ့သည်။

 

ရုရှားနိုင်ငံထုတ် S-300 PM2 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များသည် ကီလိုမီတာ ၂၀၀ မှ ၂၅၀ အကွာ အဝေးအတွင်း ပျံသန်းလာသော ပဉ္စမမြောက်မျိုးဆက်ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်များကို ခြေရာခံ တိုက် ခိုက်နိုင်စွမ်းရှိကြောင်း ရေးသားထားသည်။

 

F35 ဂျက်တိုက်လေယာဉ်များ ရုရှားလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့်နှင့် ရုရှားနိုင်ငံ၏ ခေတ်မီလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များက အဆိုပါ F35 ဂျက်တိုက်လေယာဉ်များကို ပစ်ချသွားမည် ဖြစ်သည်။

 

လတ်တလောကာလတွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဆိုသော စွပ်စွဲချက်များပေါ်ထွက်လျက်ရှိသော်လည်း ယင်းသတင်းများမှာ အဓိပ္ပာယ်မရှိသောသတင်းများဖြစ်ပြီး ဆက် ဆံရေးတင်းမာမှုများကို မြှင့်တင်ပေးနေသည့် အခြေအမြစ်မရှိသော သတင်းများဖြစ်ကြောင်း ရုရှားသမ္မတဗလာ ဒီမာပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောသည်။

 

ရုရှားနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်ခြင်းမရှိကြောင်း၊ ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ အကျပ်အ တည်းကိစ္စကို အင်အားသုံးဖြေရှင်းရန်ကြိုးစားလာသည့် မည်သည့်နိုင်ငံမဆို နောက်ဆက်တွဲရလဒ်ကြီးကြီးမား မားနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ်က သတိပေးပြောကြားလိုက်သည်။

 

Ref: Russia’s air defense ‘trump card against NATO, US attacks’

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Russia’s air defense ‘trump card against NATO, US attacks’

 

#PeopleMedia


Share this post