• Follow Us on

Home အေမရိကန္ႏွင့္ ေနာက္တစ္ႀကိမ္ထိပ္သီးအစည္းအေ၀းလုပ္ရန္ ဆႏၵမ႐ွိ ဟု ေျမာက္ကိုရီးယားသံတမန္ေျပာ

အေမရိကန္ႏွင့္ ေနာက္တစ္ႀကိမ္ထိပ္သီးအစည္းအေ၀းလုပ္ရန္ ဆႏၵမ႐ွိ ဟု ေျမာက္ကိုရီးယားသံတမန္ေျပာ

Share this post

ဆိုးလ္၊ ဇူလိုင္ ၇

ေျမာက္ကိုရီးယာႏိုင္ငံႏွင့္ တစ္ဆို႔ေနသည့္ ႏ်ဴကလီးယားအေရးေဆြးေႏြးမႈမ်ားျပန္လုပ္ရန္ အေမရိကန္ကိုယ္စား လွယ္တစ္ေယာက္ ေတာင္ကိုရီးယားႏိုင္ငံလာေရာက္ရန္ စီစဥ္ထားခ်ိန္တြင္ အေမရိကန္ႏွင့္ေဆြးေႏြး႐န္ ရည္ မွန္းထားျခင္းမ႐ွိေၾကာင္းႏွင့္ ေတာင္ကိုရီးယားအေနႏွင့္ ၀င္မစြက္ဖက္ရန္ ေျမာက္ကိုရီးယားအႀကီးတန္းသံတ မန္တစ္ေယာက္က ယေန႔တြင္ေျပာသည္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအန္ႏွင့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္တို႔ ေနာက္တစ္ႀကိမ္ထိပ္သီး အစည္းအေ၀းျပဳလုပ္မည္ဆိုသည့္ အခ်ိန္မတိုင္မီထြက္ေပၚေနသည့္ေကာလဟာလတစ္ခုကို ေျမာက္ကိုရီးယား ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး ခ်ိဳဆြန္းဟြီကျငင္းဆိုသည့္အေစာပိုင္းထုတ္ျပန္ခ်က္တစ္ရပ္ကို ေတာင္ကိုရီးယား ဘက္က မွားယြင္းအဓိပၸာယ္ဖြင့္ဆိုခဲ့သည္ဟု ေျမာက္ကိုရီးယားႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ အေမရိကန္ေရးရာဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ကြန္ဂ်ံဳဂမ္းက ေတာင္ကိုရီးယားကို စြပ္စြဲလိုက္သည္။

ႏို၀င္ဘာတြင္းက်င္းပမည့္အေမရိကန္ေ႐ြးေကာက္ပြဲမတိုင္ခင္ ထရမ့္ႏွင့္ကင္ေနာက္ထပ္တစ္ႀကိမ္ထိပ္သီး အစည္းအေ၀းလုပ္သင့္ေၾကာင္း ေတာင္ကိုရီးယားသမၼတမြန္းေဂ်အင္းက အႀကံျပဳၿပီး ရက္ပိုင္းအၾကာတြင္ ထိပ္ သီးအစည္းအေ၀းလိုအပ္သည္ဟု ေျမာက္ကိုရီးယားဘက္ကမခံစားရေၾကာင္း စေနေန႔တြင္ ခ်ိဳကေျပာသည္။

“တျခားႏိုင္ငံေတြရဲ႕အေရးကိစၥေတြမွာ ၀င္စြက္ဖက္တာရပ္ဖို႔အခ်ိန္ေရာက္ပါၿပီ။ ဒါေပမဲ့ အဲဒီမေကာင္းတဲ့ အက်င့္ အတြက္ ေဆးမ႐ွိဘူးလို႔ထင္ရပါတယ္။ ေနာက္ထပ္တစ္ႀကိမ္ေျပာရရင္ေတာ့ အေမရိကန္ျပည္ေထာင္စုနဲ႔ မ်က္ ႏွာခ်င္းဆိုင္ထိုင္ဖို႔ ကၽြန္ေတာ္တို႔ဘက္မွာ ရည္မွန္းထားတာမ႐ွိပါဘူး”ဟု ထုတ္ျပန္ခ်က္တြင္ကြန္ကေျပာသည္ဟု ေျမာက္ကိုရီးယားအစိုးရပိုင္ KCNA သတင္းေအဂ်င္စီကေဖာ္ျပသည္။

၂၀၁၈ ခုႏွစ္တြင္ ထရမ့္ႏွင့္ကင္ စင္ကာပူတြင္ ပထမဆံုးေတြ႕ဆံုခဲ့ၿပီး ေျမာက္ကိုရီးယားႏ်ဴကလီးယားအစီအစဥ္ မ်ားအဆံုးသတ္ႏိုင္မည္ဟု ေမွ်ာ္လင့္ခဲ့ၾကေသာ္လည္း ၂၀၁၉ ခုႏွစ္အစပိုင္း ဗီယက္နမ္ႏိုင္ငံၿမိဳ႕ေတာ္ဟႏြိဳင္းတြင္ ဒုတိယအႀကိမ္ေတြ႕ဆံုမႈႏွင့္ ဆက္စပ္လုပ္ငန္းအဆင့္ေဆြးေႏြးၫွိႏႈိင္းမႈမ်ား အဆင္မေျပဘဲ႐ွိေနသည္။

Ref : North Korea says it has no intention for another summit with US

#PeopleMedia

(unicode)
အမေရိကန်နှင့် နောက်တစ်ကြိမ်ထိပ်သီးအစည်းအဝေးလုပ်ရန် ဆန္ဒမရှိ ဟု မြောက်ကိုရီးယားသံတမန်ပြော
……………………………………………………

ဆိုးလ်၊ ဇူလိုင် ၇

မြောက်ကိုရီးယာနိုင်ငံနှင့် တစ်ဆို့နေသည့် နျူကလီးယားအရေးဆွေးနွေးမှုများပြန်လုပ်ရန် အမေရိကန်ကိုယ်စား လှယ်တစ်ယောက် တောင်ကိုရီးယားနိုင်ငံလာရောက်ရန် စီစဉ်ထားချိန်တွင် အမေရိကန်နှင့်ဆွေးနွေးရန် ရည် မှန်းထားခြင်းမရှိကြောင်းနှင့် တောင်ကိုရီးယားအနေနှင့် ဝင်မစွက်ဖက်ရန် မြောက်ကိုရီးယားအကြီးတန်းသံတ မန်တစ်ယောက်က ယနေ့တွင်ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ နောက်တစ်ကြိမ်ထိပ်သီး အစည်းအဝေးပြုလုပ်မည်ဆိုသည့် အချိန်မတိုင်မီထွက်ပေါ်နေသည့်ကောလဟာလတစ်ခုကို မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်းဟွီကငြင်းဆိုသည့်အစောပိုင်းထုတ်ပြန်ချက်တစ်ရပ်ကို တောင်ကိုရီးယား ဘက်က မှားယွင်းအဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ်ကွန်ဂျုံဂမ်းက တောင်ကိုရီးယားကို စွပ်စွဲလိုက်သည်။

နိုဝင်ဘာတွင်းကျင်းပမည့်အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် ထရမ့်နှင့်ကင်နောက်ထပ်တစ်ကြိမ်ထိပ်သီး အစည်းအဝေးလုပ်သင့်ကြောင်း တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းက အကြံပြုပြီး ရက်ပိုင်းအကြာတွင် ထိပ် သီးအစည်းအဝေးလိုအပ်သည်ဟု မြောက်ကိုရီးယားဘက်ကမခံစားရကြောင်း စနေနေ့တွင် ချိုကပြောသည်။

“တခြားနိုင်ငံတွေရဲ့အရေးကိစ္စတွေမှာ ဝင်စွက်ဖက်တာရပ်ဖို့အချိန်ရောက်ပါပြီ။ ဒါပေမဲ့ အဲဒီမကောင်းတဲ့ အကျင့် အတွက် ဆေးမရှိဘူးလို့ထင်ရပါတယ်။ နောက်ထပ်တစ်ကြိမ်ပြောရရင်တော့ အမေရိကန်ပြည်ထောင်စုနဲ့ မျက် နှာချင်းဆိုင်ထိုင်ဖို့ ကျွန်တော်တို့ဘက်မှာ ရည်မှန်းထားတာမရှိပါဘူး”ဟု ထုတ်ပြန်ချက်တွင်ကွန်ကပြောသည်ဟု မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီကဖော်ပြသည်။

၂၀၁၈ ခုနှစ်တွင် ထရမ့်နှင့်ကင် စင်ကာပူတွင် ပထမဆုံးတွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားနျူကလီးယားအစီအစဉ် များအဆုံးသတ်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ်အစပိုင်း ဗီယက်နမ်နိုင်ငံမြို့တော်ဟနွိုင်းတွင် ဒုတိယအကြိမ်တွေ့ဆုံမှုနှင့် ဆက်စပ်လုပ်ငန်းအဆင့်ဆွေးနွေးညှိနှိုင်းမှုများ အဆင်မပြေဘဲရှိနေသည်။

Ref : North Korea says it has no intention for another summit with US

#PeopleMedia


Share this post