• Follow Us on

Home အမေရိကန်နှင့် ဗြိတိန်ထံမှ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများ သြစတေးလျရရှိမည်

အမေရိကန်နှင့် ဗြိတိန်ထံမှ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများ သြစတေးလျရရှိမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆ (People Media)

 

အင်ဒို-ပစိဖိတ် မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့စည်းရေးအစီအစဉ်သစ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သြစ တေးလျနိုင်ငံအတွက် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများရရှိရေး အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန် နိုင်ငံတို့က ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက သြဂုတ်လ ၁၅ ရက်နေ့က ပြောသည်။

 

ယင်းကြေညာချက်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ သြစတေးလျဝန်ကြီးချုပ်စကော့မာရီဆန်နှင့် ဗြိတိန်ဝန်ကြီး ချုပ်ဘောရစ်ဂျွန်ဆင်တို့ သုံးဦး အွန်လိုင်းတွေ့ဆုံပွဲပြုလုပ်ပြီးနောက်ထွက်ပေါ်လာခြင်းဖြစ်သည်။  ယင်းကြေညာ ချက်ကြောင့် သြစတေးလျနိုင်ငံသို့ ဒေါ်လာဘီလျံပေါင်းများစွာတန်သည့် သမရိုးကျရေငုပ်သင်္ဘောများ ရောင်းချ ရန် ဆွေးနွေးညှိနှိုင်းနေသည့် ပြင်သစ်နိုင်ငံအတွက် ဒေါသဖြစ်စရာဖြစ်သွားခဲ့သည်။

 

AUKUS ခေါ် သုံးပွင့်ဆိုင်မိတ်ဖက်နိုင်ငံတည်ဆောက်မှုမှာ အမေရိကန်အစိုးရက အာရုံစိုက်နေသည့် အင်ဒို-ပစိ ဖိတ်ဒေသတွင်း သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ ယင်းဒေသတွင် ဆယ်စုနှစ်များစွာကြာအောင် အမေရိကန် ဦးဆောင်မှုနှင့် ရေတပ်လွှမ်းမိုးထားမှုကို တရုတ်နိုင်ငံက စိန်ခေါ်လျက်ရှိသည်။

 

အမေရိကန်အစိုးရက “ပင်လယ်ရေကြောင်းဆိုင်ရာဒီမိုကရေစီမဟာမိတ်” ဟု ခေါ်ဆိုသော မဟာမိတ်အဖွဲ့အနေ ဖြင့် ဆိုင်ဘာနှင့် ဉာဏ်ရည်တု Artificial intelligence (AI) နည်းပညာများနှင့် ရေင်ုသင်္ဘောသုံးလက်နက်များ ကို သုံးနိုင်ငံပူးပေါင်း၍ အသုံးပြုသွားမည်ဖြစ်သည်။ AUKUS သုံးနိုင်ငံမဟာမိတ်အဖွဲ့၏ ပထမဦးဆုံးခြေလှမ်းမှာ သြစတေးလျနိုင်ငံကလိုချင်သည့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများကိုထောက်ပံ့သွားရန်ဖြစ်သော် လည်း နျူကလီးယားလက်နက်မပါဝင်ကြောင်း အမေရိကန်အရာရှိတစ်ဦးကပြောသည်။

 

“သြစတေးလျက နျူကလီးယားလက်နက်တွေရှာဖွေနေတာ မဟုတ်ပါဘူး။ ရှာလည်းမရှာပါဘူး။ ဒါက နျူကလးီ ယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေပါ။” ဟု ၎င်းကပြောသည်။ သုံးနိုင်ငံမှ ပညာရှင်များနှင့် ရေတပ်ကိုယ်စား လှယ်များသည် သြစတေးလျရေတပ် အဆင့်မြှင့်တင်နိုင်ရေးဆွေးနွေးရန် တစ်နှစ်ခွဲအချိန်ယူရဦးမည်ဖြစ်သည်။

 

နျူကလီးယားလက်နက်များသယ်ဆောင်ခြင်းမဟုတ်သော်လည်း နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများ ပိုင်ဆိုင်ထားမှုကြောင့် သြစတေးလျရေတပ်အနေဖြင့် ပို၍အဆင့်မြင့်သောအနေအထားသို့ရောက်ရှိသွားမည်ဖြစ် သည်။ “ကျွန်တော်တို့နိုင်ငံတွေရဲ့ ရေတပ်မတော်တွေနဲ့ နျူကလီးယားအခြေခံအဆောက်အဦတွေ ဘယ် လောက်အထိ အပြန်အလှန်ပူးပေါင်းအသုံးပြုနိုင်တယ်ဆိုတာ မြင်ရမှာပါ။ ဒါဟာ အခြေခံကျတဲ့ဆုံးဖြတ်ချက်ပါပဲ။ ဒီဆုံးဖြတ်ချက်ကနေ သြစတေးလျ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့ကို ပေါင်းစည်းစေခဲ့တာပါ။” ဟု အမေရိကန်အရာရှိတစ်ဦးကပြောသည်။

 

Ref: Australia to get nuclear subs in new US, British partnership

 

#PeopleMedia

 

(unicode)


………………………………………………………………………..

 


 


 


 


 


 


 


 

Ref: Australia to get nuclear subs in new US, British partnership

 

#PeopleMedia


Share this post