• Follow Us on

Home အေမရိကန္-ကေနဒါနယ္စပ္က စာပို႔ထရပ္ကားထဲမွာ မႀကံဳစဖူး လူဦးေႏွာက္သိမ္းဆည္းရမိ

အေမရိကန္-ကေနဒါနယ္စပ္က စာပို႔ထရပ္ကားထဲမွာ မႀကံဳစဖူး လူဦးေႏွာက္သိမ္းဆည္းရမိ

Share this post

တို႐ြန္တို၊ ေဖေဖာ္ဝါရီ – ၂၁

ကေနဒါႏိုင္ငံကေနလာတဲ့ စာပို႔ထရပ္ကားထဲမွာ အေမရိကန္အေကာက္ခြန္အရာ႐ွိေတြ မႀကံဳစဖူးအရာတစ္ခုကို ေတြ႕႐ွိေဖာ္ထုတ္ခဲ့ပါတယ္။ ဒါကေတာ့ ခြက္တစ္လံုးထဲေရာက္ေနတဲ့လူဦးေႏွာက္ပါ။ အေမရိကန္က မစ္ခ်ီဂန္ ျပည္နယ္နဲ႔ ကေနဒါက အြန္တာရီယိုျပည္နယ္တို႔ ခ်ိတ္ဆက္ထားတဲ့ေရျပာတံတားမွာ ေဖေဖာ္ဝါရီ ၁၄ ရက္က ကားကိုစစ္ေဆးတုန္းေတြ႕ခဲ့တာလို႔ အေမရိကန္အေကာက္ခြန္ႏွင့္ နယ္စစ္ကာကြယ္ေရးေအဂ်င္စီက ေျပာပါ တယ္။

ေ႐ွးေဟာင္းပစၥည္းသင္ေထာက္ကူဆိုတဲ့တံဆိပ္ကပ္ထားတဲ့အထုပ္ထဲမွာေတြ႕ခဲ့တာပါ။ ကေနဒါႏိုင္ငံ၊ တို႐ြန္တို ၿမိဳ႕ကေန အထုပ္ပို႔လိုက္တာျဖစ္ၿပီး အေမရိကန္ႏိုင္ငံ၊ ကီႏို႐ွာၿမိဳ႕ကိုပို႔လိုက္တာပါ။ အခုျဖစ္ရပ္ဟာ ထူးထူးဆန္း ဆန္းပစၥည္းေတြကို အေမရိကန္နယ္စပ္ေအးဂ်င့္ေတြ႐ွာေတြ႕တာပထမဆံုးမဟုတ္ပါဘူး။

၂၀၁၄ ခုႏွစ္တုန္းကလည္း ေလာ့စ္အိန္ဂ်လိစ္ႏိုင္ငံတကာေလဆိပ္မွာ နယ္စပ္စစ္ေဆးေရးအရာ႐ွိေတြက အသက္႐ွိေနေသးတဲ့ ဧရာမအာဖရိကခ႐ု ၆၇ ေကာင္ကိုေတြ႕ခဲ့ပါတယ္။ ခ႐ုေတြကို ႏိုင္ဂ်ီးရီးယားကေန ကယ္လီဖိုးနီးယားျပည္နယ္ကိုပို႔ထားတာျဖစ္ၿပီး အႏၲရာယ္႐ွိတဲ့ကပ္ပါးေကာင္ေတြသယ္လာႏိုင္လို႔ ခ႐ုေတြကို ေနာက္ပိုင္းမွာဖ်က္ဆီးခဲ့ပါတယ္။

၂၀၀၆ ခုႏွစ္တုန္းကလည္း အရီဇိုးနားျပည္နယ္က ေက်ာက္ျဖစ္႐ုပ္ႂကြင္းျပပြဲတစ္ခုကို ၀င္စီးနင္းခဲ့ၿပီးေနာက္ အာ ဂ်င္တီးနားကေနေမွာင္ခိုသြင္းလာတယ္လို႔သံသယ႐ွိတဲ့ ဒိုင္ႏိုေဆာဥေတြအပါအ၀င္ သမိုင္းမတိုင္မီ ေခတ္က ႐ုပ္ႂကြင္း ၈ တန္ကို ေအးဂ်င့္ေတြသိမ္းဆည္းရမိခဲ့ပါတယ္။

Source – BBC

Photo – U.S. Customs and Border Protection

#PeopleMedia #HumanBrain #USA #Canada #Border

(Unicode)
အမေရိကန်-ကနေဒါနယ်စပ်က စာပို့ထရပ်ကားထဲမှာ မကြုံစဖူး လူဦးနှောက်သိမ်းဆည်းရမိ
……………………………………………………

တိုရွန်တို၊ ဖေဖော်ဝါရီ – ၂၁

ကနေဒါနိုင်ငံကနေလာတဲ့ စာပို့ထရပ်ကားထဲမှာ အမေရိကန်အကောက်ခွန်အရာရှိတွေ မကြုံစဖူးအရာတစ်ခုကို တွေ့ရှိဖော်ထုတ်ခဲ့ပါတယ်။ ဒါကတော့ ခွက်တစ်လုံးထဲရောက်နေတဲ့လူဦးနှောက်ပါ။ အမေရိကန်က မစ်ချီဂန် ပြည်နယ်နဲ့ ကနေဒါက အွန်တာရီယိုပြည်နယ်တို့ ချိတ်ဆက်ထားတဲ့ရေပြာတံတားမှာ ဖေဖော်ဝါရီ ၁၄ ရက်က ကားကိုစစ်ဆေးတုန်းတွေ့ခဲ့တာလို့ အမေရိကန်အကောက်ခွန်နှင့် နယ်စစ်ကာကွယ်ရေးအေဂျင်စီက ပြောပါ တယ်။

ရှေးဟောင်းပစ္စည်းသင်ထောက်ကူဆိုတဲ့တံဆိပ်ကပ်ထားတဲ့အထုပ်ထဲမှာတွေ့ခဲ့တာပါ။ ကနေဒါနိုင်ငံ၊ တိုရွန်တို မြို့ကနေ အထုပ်ပို့လိုက်တာဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကီနိုရှာမြို့ကိုပို့လိုက်တာပါ။ အခုဖြစ်ရပ်ဟာ ထူးထူးဆန်း ဆန်းပစ္စည်းတွေကို အမေရိကန်နယ်စပ်အေးဂျင့်တွေရှာတွေ့တာပထမဆုံးမဟုတ်ပါဘူး။

၂၀၁၄ ခုနှစ်တုန်းကလည်း လော့စ်အိန်ဂျလိစ်နိုင်ငံတကာလေဆိပ်မှာ နယ်စပ်စစ်ဆေးရေးအရာရှိတွေက အသက်ရှိနေသေးတဲ့ ဧရာမအာဖရိကခရု ၆၇ ကောင်ကိုတွေ့ခဲ့ပါတယ်။ ခရုတွေကို နိုင်ဂျီးရီးယားကနေ ကယ်လီဖိုးနီးယားပြည်နယ်ကိုပို့ထားတာဖြစ်ပြီး အန္တရာယ်ရှိတဲ့ကပ်ပါးကောင်တွေသယ်လာနိုင်လို့ ခရုတွေကို နောက်ပိုင်းမှာဖျက်ဆီးခဲ့ပါတယ်။

၂၀၀၆ ခုနှစ်တုန်းကလည်း အရီဇိုးနားပြည်နယ်က ကျောက်ဖြစ်ရုပ်ကြွင်းပြပွဲတစ်ခုကို ဝင်စီးနင်းခဲ့ပြီးနောက် အာ ဂျင်တီးနားကနေမှောင်ခိုသွင်းလာတယ်လို့သံသယရှိတဲ့ ဒိုင်နိုဆောဥတွေအပါအဝင် သမိုင်းမတိုင်မီ ခေတ်က ရုပ်ကြွင်း ၈ တန်ကို အေးဂျင့်တွေသိမ်းဆည်းရမိခဲ့ပါတယ်။

Source – BBC

Photo – U.S. Customs and Border Protection

#PeopleMedia #HumanBrain #USA #Canada #Border


Share this post