• Follow Us on

Home အမေရိကန်-ဂျပန် ရေတပ်အင်အားပြသပြီးနောက် ထိုင်ဝမ်အနီးသို့ တရုတ်စစ်လေယာဉ် အများအပြား ပျံသန်းခဲ့

အမေရိကန်-ဂျပန် ရေတပ်အင်အားပြသပြီးနောက် ထိုင်ဝမ်အနီးသို့ တရုတ်စစ်လေယာဉ် အများအပြား ပျံသန်းခဲ့

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄

 

ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်း တရုတ်စစ်လေယာဉ် ၃၉ စင်း ယမန်နေ့ က ကျူးကျော် ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

အမေရိကန်နှင့် ဂျပန်ရေတပ်တို့သည် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘော နှစ်စင်း ပါဝင်သည့် ရေတပ်အင်အားကို ပြသခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ လေတပ်အင်အားကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

 

ယင်းကျူးကျော်ဝင်ရောက်မှုသည် တရုတ်ဘက်မှ ထိုင်ဝမ်ဘက်သို့ အကြီးမားဆုံးကျုးကျော်မှုတစ်ခုဖြစ်ပြီး ယမန်နေ့က ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်း ဝင်ရောက်ခဲ့သည့် စစ်လေယာဉ် အရေအတွက်မှာ ယခုနှစ်အတွင်း အများဆုံးဖြစ်သည်။

 

တရုတ်ဘက်မှ ကျူးကျော်ဝင်ရောက်ခဲ့သည့် စစ်လေယာဉ်များမှာ J-16 တိုက်လေယာဉ် ၂၄ စင်း၊ J-10 တိုက်လေယာဉ် ၁၀ စင်း၊ Y-9 သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်း၊ Y-8 ရေငုပ်သင်္ဘော ကင်းထောက် သတိပေးလေယာဉ် နှစ်စင်းနှင့် နျူကလီးယား H-6 ဗုံးကြဲလေယာဉ်တစ်စင်းတို့ ဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

အမေရိကန် ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောနှစ်စင်း၊ ဖျက်သင်္ဘောငါးစင်းတို့ နှင့် ဂျပန် ရဟတ်ယာဉ် ဖျက်သင်္ဘောတို့ သည် ထိုင်ဝမ်အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာ၏ ဧရိယာအတွင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး အဆိုပါရေယာဉ်စုသည် ထိုင်ဝမ်နှင့် မည်မျှနီးကပ်ကြောင်း ပြောကြားခြင်းမရှိပေ။

 

လွန်ခဲ့သော နှစ် ၇၀ ကျော်က တရုတ်ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီးနောက် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီး သီးခြား အုပ်ချုပ်ခဲ့ခြင်းဖြစ်သော်လည်း  တရုတ် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) က ထိုင်ဝမ်ကို ထိန်းချုပ်ထား ခြင်းမရှိသော်လည်း ၎င်း၏ ပိုင်နက်တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ထားသည်။

 

တရုတ်စစ်လေယာဉ် ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်စစ်တပ်သည် ရေဒီယိုသတိပေး ချက်ထုတ်ပြန်ပြီး လှုပ်ရှားမှုများကို စောင့်ကြည့်၍ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များ ဖြန့်ကျက် ထားခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်များက ပြောကြားခဲ့သည်။

 

တရုတ်တို့၏ အဆိုပါ ကျုးကျော်မှုသည် ထိုင်ဝမ် နယ်မြေအတွင်း တိုကျိုနှင့် ဝါရှင်တန်တို့ ရေတပ်ရောက်ရှိနေ သည့်အတွက် တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်သော်လည်း ၎င်းတို့သည် အခြားသော ရည်ရွယ်ချက်များကိုလည်း လုပ် ဆောင်ခဲ့ကြောင်း စင်ကာပူနိုင်ငံ မှ သုတေသီတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

 

ကိုးကား — CNN

 

Ref; Dozens of Chinese warplanes fly near Taiwan after US-Japan show of naval might

 

#PeopleMedia #EPN

 

(unicode)


……………………………………….

 


 


 


 


 


 


 


 


 


 


 

Ref; Dozens of Chinese warplanes fly near Taiwan after US-Japan show of naval might

 

#PeopleMedia #EPN


Share this post