• Follow Us on

Home အမေရိကန် – တရုတ်ကုန်သွယ်ရေး အခြေအနေကောင်းနိုင်ဟု အမေရိ ကန်သမ္မတပြောကြား

အမေရိကန် – တရုတ်ကုန်သွယ်ရေး အခြေအနေကောင်းနိုင်ဟု အမေရိ ကန်သမ္မတပြောကြား

Share this post

အမေရိကန်- တရုတ် ကုန်သွယ်ရေးသဘောတူညီချက်ရရှိဖို့ အခွင့်အ လမ်းတွေရှိတယ်လို့ အမရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ သဘောတူနိုင်တယ်ဆိုရင် ကျွန်တော်တို့ သဘောတူသွား မှာဖြစ်ပါတယ်။ အခွင့်အလမ်းကောင်း တစ်ခုလည်းရှိနေပါတယ်” လို့ ထရမ့်က ၀ါရှင်တန်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထရမ့်က သူ့ရဲ့အမြင်အရ တရုတ်နိုင်ငံက အမေရိကန်ထက်ပိုပြီး သေ ဘာတူညီချက်ရရှိချင်လိမ့်မယ်လို့ လည်းပြောပါတယ်။

နှစ်နိုင်ငံကြားကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ထိပ်တန်းအစိုးရအရာ ရှိတွေဟာ အခုသီတင်းပတ် အင်္ဂါနေ့ကနေ သောကြာနေ့အထိ ၀ါရှင် တန်မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး ၁၅ လ ကြာ နှစ်နိုင်ငံကြား ကုန် သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ညှိနှိုင်းကြမှာဖြစ်ပါတယ်။

အခုဆွေးနွေးညှိနှိုင်းမှုမှာ သဘောတူညီချက်တစ်ခုခုမရရှိခဲ့ရင် အမေရိ ကန်ဒေါ်လာ ၂၅၀ ဘီလီယံတန်ဖိုးရှိတဲ့ ကုန်စည်တွေကို လာမယ့် အင်္ဂါနေ့က စတင်ပြီး အခွန်နှုန်း ၂၅ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းကို တိုးမြှင့်ကောက်ခံသွားဖို့ရှိနေပါတယ်။

Ref;Reuters


Share this post