• Follow Us on

Home အေမရိကန္-တ႐ုတ္အစဦးကုန္သြယ္ေရးသေဘာတူညီခ်က္လက္မွတ္ေရးထိုးၿပီးေပမဲ့ စိုးရိမ္မႈေတြၢရွိေနေသး

အေမရိကန္-တ႐ုတ္အစဦးကုန္သြယ္ေရးသေဘာတူညီခ်က္လက္မွတ္ေရးထိုးၿပီးေပမဲ့ စိုးရိမ္မႈေတြၢရွိေနေသး

Share this post

ဗုဒၶဟူးေန႔က အေမရိကန္ျပည္ေထာင္စုမွာ လက္မွတ္ေရးထိုးတဲ့ ကမာၻ႔အႀကီးဆံုးစီးပြားေရးႏိုင္ငံ ၂ ႏုိင္ငံအစဦး ကုန္ သြယ္ေရးသေဘာတူညီခ်က္အရ ႏွစ္ႏွစ္အတြင္း ေဒၚလာဘီလီယံ ၂၀၀ ဖိုးေလာက္႐ွိတဲ့အေမရိကန္ ကုန္ စည္ေတြနဲ႔ ၀န္ေဆာင္မႈေတြကို တ႐ုတ္ႏုိင္ငံက တိုးခ်ဲ႕၀ယ္ယူသြားမွာျဖစ္ၿပီး အျပန္အလွန္အေနနဲ႔ စည္းၾကပ္ခြန္ ေတြ ျပန္ေလ်ာ့ေပးရမွာျဖစ္ပါတယ္။

သေဘာတူညီခ်က္ေၾကာင့္ ၁၈ လၾကာ ကမာၻ႔တိုးတက္မႈကို႐ုိက္ခတ္ေနတဲ့ျဖစ္ရပ္ကို ေျဖေလွ်ာ့လိုက္တာပါ။ အထိအခိုက္႐ွိတဲ့ျပႆနာေတြကိုမေျဖ႐ွင္းရေသးတာနဲ႔ တင္းမာမႈေတြေလ်ာ့က်ဖို႔ မလုပ္ႏိုင္ဘူးဆိုတဲ့ စိုးရိမ္စိတ္ ေတြ တိုးတက္မလာခင္ေတာ့ သေဘာတူညီခ်က္ေရးထိုးတဲ့သတင္းေၾကာင့္ ကမာၻ႔အဓိကစေတာ့ေစ်းကြက္ ညႊန္း ကိန္းေတြစံခ်ိန္တင္ျမင့္တက္ခဲ့ပါတယ္။ အေမရိကန္စက္သံုးဆီနဲ႔ေရနံေတြကို တ႐ုတ္ဘက္က ၀ယ္မယ္္လို႔ ေမွ်ာ္ လင့္ခ်က္ေတြရဲ႕အကူအညီနဲ႔ စက္သံုးဆီေစ်းလည္းျမင့္တက္ခဲ့ပါတယ္။

ေနာက္ထပ္ျပႆနာေတြေျဖ႐ွင္းဖို႔ က်န္ေနေသးတာကို အသိအမွတ္ျပဳၿပီး အခုသေဘာတူညီခ်က္လက္မွတ္ ေရးထိုးႏိုင္ခဲ့တာဟာ အေမရိကန္စီးပြားေရးနဲ႔ အေမရိကန္အုပ္ခ်ဳပ္ေရးရဲ႕ကုန္သြယ္ေရးမူ၀ါဒေတြရဲ႕ေအာင္ပြဲလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေႂကြးေၾကာ္ခဲ့ပါတယ္။

သေဘာတူညီခ်က္ဟာ ႏွစ္ႏိုင္ငံၾကားမတူညီမႈေတြကို ေဆြးေႏြးမႈနဲ႔ေျဖ႐ွင္းႏိုင္ခဲ့တဲ့သေကၤတျဖစ္တယ္လို႔ တ႐ုတ္ေခါင္းေဆာင္က ခ်ီးက်ဴးေျပာဆိုခဲ့တယ္ဆိုၿပီး တ႐ုတ္သမၼတ႐ွီက်င္းပင္ဆီက စာကိုဖတ္ျပခဲ့တဲ့ တ႐ုတ္ ဒုတိယအဓိပတိလ်ဴဟီကေျပာပါတယ္။ သေဘာတူညီခ်က္ရဲ႕ အဓိကအပိုင္းကေတာ့ ၂၀၁၇ ခုႏွစ္မွာ အေမရိ ကန္ဆီက တ႐ုတ္၀ယ္တဲ့ကုန္စည္ေဒၚလာ ၁၈၆ ဘီလီယံဖိုးေအာက္ထစ္ထားၿပီး အနည္းဆံုးေဒၚလာဘီလီယံ ၂၀၀ ေလာက္႐ွိတဲ့ အေမရိကန္ကုန္စည္ေတြကို တ႐ုတ္က၀ယ္ယူဖို႔ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္မွာ စခဲ့တဲ့ အေမရိကန္-တ႐ုတ္ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ ႏွစ္ႏိုင္ငံသာမက ကမာၻ႔စီးပြားေရးတိုးတက္မႈေတြကို ထိခိုက္ခဲ့ ပါတယ္။

Source – Reuters

#PeopleMedia #International

(Unicode)
အမေရိကန်-တရုတ်အစဦးကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးပေမဲ့ စိုးရိမ်မှုတွေ္ဂရှိနေသေး
……………………………………………………………

ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စုမှာ လက်မှတ်ရေးထိုးတဲ့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံ ၂ နိုင်ငံအစဦး ကုန် သွယ်ရေးသဘောတူညီချက်အရ နှစ်နှစ်အတွင်း ဒေါ်လာဘီလီယံ ၂၀၀ ဖိုးလောက်ရှိတဲ့အမေရိကန် ကုန် စည်တွေနဲ့ ဝန်ဆောင်မှုတွေကို တရုတ်နိုင်ငံက တိုးချဲ့ဝယ်ယူသွားမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ စည်းကြပ်ခွန် တွေ ပြန်လျော့ပေးရမှာဖြစ်ပါတယ်။

သဘောတူညီချက်ကြောင့် ၁၈ လကြာ ကမ္ဘာ့တိုးတက်မှုကိုရိုက်ခတ်နေတဲ့ဖြစ်ရပ်ကို ဖြေလျှော့လိုက်တာပါ။ အထိအခိုက်ရှိတဲ့ပြဿနာတွေကိုမဖြေရှင်းရသေးတာနဲ့ တင်းမာမှုတွေလျော့ကျဖို့ မလုပ်နိုင်ဘူးဆိုတဲ့ စိုးရိမ်စိတ် တွေ တိုးတက်မလာခင်တော့ သဘောတူညီချက်ရေးထိုးတဲ့သတင်းကြောင့် ကမ္ဘာ့အဓိကစတော့ဈေးကွက် ညွှန်း ကိန်းတွေစံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အမေရိကန်စက်သုံးဆီနဲ့ရေနံတွေကို တရုတ်ဘက်က ဝယ်မယ်လို့ မျှော် လင့်ချက်တွေရဲ့အကူအညီနဲ့ စက်သုံးဆီဈေးလည်းမြင့်တက်ခဲ့ပါတယ်။

နောက်ထပ်ပြဿနာတွေဖြေရှင်းဖို့ ကျန်နေသေးတာကို အသိအမှတ်ပြုပြီး အခုသဘောတူညီချက်လက်မှတ် ရေးထိုးနိုင်ခဲ့တာဟာ အမေရိကန်စီးပွားရေးနဲ့ အမေရိကန်အုပ်ချုပ်ရေးရဲ့ကုန်သွယ်ရေးမူဝါဒတွေရဲ့အောင်ပွဲလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။

သဘောတူညီချက်ဟာ နှစ်နိုင်ငံကြားမတူညီမှုတွေကို ဆွေးနွေးမှုနဲ့ဖြေရှင်းနိုင်ခဲ့တဲ့သင်္ကေတဖြစ်တယ်လို့ တရုတ်ခေါင်းဆောင်က ချီးကျူးပြောဆိုခဲ့တယ်ဆိုပြီး တရုတ်သမ္မတရှီကျင်းပင်ဆီက စာကိုဖတ်ပြခဲ့တဲ့ တရုတ် ဒုတိယအဓိပတိလျူဟီကပြောပါတယ်။ သဘောတူညီချက်ရဲ့ အဓိကအပိုင်းကတော့ ၂၀၁၇ ခုနှစ်မှာ အမေရိ ကန်ဆီက တရုတ်ဝယ်တဲ့ကုန်စည်ဒေါ်လာ ၁၈၆ ဘီလီယံဖိုးအောက်ထစ်ထားပြီး အနည်းဆုံးဒေါ်လာဘီလီယံ ၂၀၀ လောက်ရှိတဲ့ အမေရိကန်ကုန်စည်တွေကို တရုတ်ကဝယ်ယူဖို့ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ စခဲ့တဲ့ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် နှစ်နိုင်ငံသာမက ကမ္ဘာ့စီးပွားရေးတိုးတက်မှုတွေကို ထိခိုက်ခဲ့ ပါတယ်။

Source – Reuters

#PeopleMedia #International


Share this post