• Follow Us on
Latest News

Home အေမရိကန္ ဘီယာခ်က္စက္႐ုံ၌ ပစ္ခတ္မႈျဖစ္ပြားရာ ေသနတ္သမားအပါအဝင္ ေျခာက္ဦး ေသဆုံး

အေမရိကန္ ဘီယာခ်က္စက္႐ုံ၌ ပစ္ခတ္မႈျဖစ္ပြားရာ ေသနတ္သမားအပါအဝင္ ေျခာက္ဦး ေသဆုံး

Share this post

ႏိုင္ငံတာ၊ ေဖေဖာ္ဝါရီ ၂၇

ေသနတ္သမားတစ္ဦးသည္ ယမန္ေန႔က မိမိကိုယ္ကိုပစ္မသတ္မီ အေမရိက၏ အေက်ာ္ၾကားဆုံး ဘီယာ ခ်က္စက္႐ုံတစ္႐ုံမွ အလုပ္သမားငါးဦးကို သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

ေဖေဖာ္ဝါရီလ ၂၆ ရက္ ေန႔လည္ပိုင္းက အဆိုပါ ေသနတ္ပစ္ခတ္မႈျဖစ္ပြားခ်ိန္တြင္ ဝက္စ္ကြန္ဆင္ျပည္ နယ္၊ မီလ္ေဝၚကီးၿမိဳ႕ရွိ Molson Coors ဘီယာခ်က္စက္႐ုံဝန္းအတြင္း အလုပ္သမား ၁၀၀၀ ေက်ာ္ ရွိေနခဲ့ေၾကာင္း ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕အႀကီးအကဲ အယ္လ္ဖြန္ဆိုမိုေရးလ္က သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။

ရဲတပ္ဖြဲ႕ဝင္မ်ားက ေသနတ္ဒဏ္ရာတစ္ခ်က္ျဖင့္ ေသဆုံးေနသည့္ သံသယရွိသူ အသက္ ၅၁ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကို ေတြ႕ရွိခဲ့သည္ဟု ၎က ေျပာသည္။ ေသနတ္သမားမွာလည္း ဘီယာခ်က္စက္႐ုံမွ အလုပ္သ မားတစ္ဦးဟု မီဒီယာသတင္းမ်ားက ေဖာ္ျပခဲ့ၾကသည္။ စက္႐ုံအလုပ္သမားငါးဦးလည္း ေသဆုံးခဲ့သည္ဟု ၿမိဳ႕ ေတာ္ဝန္ တြမ္ဘားရတ္က ေျပာသည္။

“ဒီပစ္ခတ္မႈဟာ ကြၽန္ေတာ္တို႔ၿမိဳ႕ေတာ္အတြက္ ေျပာမထြက္ႏိုင္ေအာင္ဆိုးရြားတဲ့ ျဖစ္ရပ္ဆိုးတစ္ခု ျဖစ္ပါ တယ္” ဟု ဘားရတ္က သတင္းစာရွင္းလင္းပြဲတစ္ခု၌ ေျပာၾကားခဲ့သည္။

လူသတ္သမားတစ္ဦးက Molson Coors ဘီယာခ်က္စက္႐ုံ၌ ေသနတ္ျဖင့္ပစ္ခတ္ခဲ့ရာ လူငါးဦး ေသဆုံးခဲ့ၿပီး အမ်ားအျပားဒဏ္ရာရရွိခဲ့ေၾကာင္း၊ အခ်ိဳ႕မွာ ဆိုးရြားစြာ ဒဏ္ရာရရွိခဲ့ေၾကာင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါဆိုင္ရာ သတင္းစာရွင္းလင္းပြဲ၌ သမၼတ ေဒၚနယ္ ထရမ့္က ေျပာၾကားသည္။

ေသနတ္သမားကို Coors, Millers အမွတ္တံဆိပ္မ်ားပိုင္ဆိုင္သည့္ ဘီယာခ်က္ကုမၸဏီမွ ထိုေန႔အေစာ ပိုင္းတြင္ ရာထူးမွထုတ္ပယ္ခဲ့ေၾကာင္း ABC News အပါအဝင္ အေမရိကန္မီဒီယာအခ်ိဳ႕က ေဖာ္ျပခဲ့သည္။

ေသနတ္ သမားမွာ ယူနီေဖာင္းဝတ္ထားသည့္ အလုပ္သမားတစ္ဦးျဖစ္သည္ဟု ေဒသခံ လႊတ္ေတာ္အမတ္တစ္ဦးကို ကိုး ကား၍ နယူးေယာက္တိုင္းမ္သတင္းစာက ေဖာ္ျပခဲ့သည္။

#MPI #InternationalNews #MyitphyarIrra

ကိုးကား – ေအအက္ဖ္ပီ

Ref; Five killed at brewery in another US mass shooting

(unicode)
အမေရိကန် ဘီယာချက်စက်ရုံ၌ ပစ်ခတ်မှုဖြစ်ပွားရာ သေနတ်သမားအပါအဝင် ခြောက်ဦး သေဆုံး
………………………………………………………………………………..

နိုင်ငံတာ၊ ဖေဖော်ဝါရီ ၂၇

သေနတ်သမားတစ်ဦးသည် ယမန်နေ့က မိမိကိုယ်ကိုပစ်မသတ်မီ အမေရိက၏ အကျော်ကြားဆုံး ဘီယာ ချက်စက်ရုံတစ်ရုံမှ အလုပ်သမားငါးဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည်ပိုင်းက အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ဝက်စ်ကွန်ဆင်ပြည် နယ်၊ မီလ်ဝေါ်ကီးမြို့ရှိ Molson Coors ဘီယာချက်စက်ရုံဝန်းအတွင်း အလုပ်သမား ၁၀၀၀ ကျော် ရှိနေခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ အယ်လ်ဖွန်ဆိုမိုရေးလ်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည့် သံသယရှိသူ အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။ သေနတ်သမားမှာလည်း ဘီယာချက်စက်ရုံမှ အလုပ်သ မားတစ်ဦးဟု မီဒီယာသတင်းများက ဖော်ပြခဲ့ကြသည်။ စက်ရုံအလုပ်သမားငါးဦးလည်း သေဆုံးခဲ့သည်ဟု မြို့ တော်ဝန် တွမ်ဘားရတ်က ပြောသည်။

“ဒီပစ်ခတ်မှုဟာ ကျွန်တော်တို့မြို့တော်အတွက် ပြောမထွက်နိုင်အောင်ဆိုးရွားတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်ပါ တယ်” ဟု ဘားရတ်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

လူသတ်သမားတစ်ဦးက Molson Coors ဘီယာချက်စက်ရုံ၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ လူငါးဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ အချို့မှာ ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့ကြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားသည်။

သေနတ်သမားကို Coors, Millers အမှတ်တံဆိပ်များပိုင်ဆိုင်သည့် ဘီယာချက်ကုမ္ပဏီမှ ထိုနေ့အစော ပိုင်းတွင် ရာထူးမှထုတ်ပယ်ခဲ့ကြောင်း ABC News အပါအဝင် အမေရိကန်မီဒီယာအချို့က ဖော်ပြခဲ့သည်။

သေနတ် သမားမှာ ယူနီဖောင်းဝတ်ထားသည့် အလုပ်သမားတစ်ဦးဖြစ်သည်ဟု ဒေသခံ လွှတ်တော်အမတ်တစ်ဦးကို ကိုး ကား၍ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

#MPI #InternationalNews #MyitphyarIrra

ကိုးကား – အေအက်ဖ်ပီ

Ref; Five killed at brewery in another US mass shooting


Share this post