• Follow Us on

Home အေမရိကန္ သမၼတေရြးေကာက္ပြဲတြင္ ဂ်ိဳးဘိုင္ဒင္က ေဒၚနယ္ထရမ့္ကို အသာရေန

အေမရိကန္ သမၼတေရြးေကာက္ပြဲတြင္ ဂ်ိဳးဘိုင္ဒင္က ေဒၚနယ္ထရမ့္ကို အသာရေန

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၇

အေမရိကန္သမၼတ ေရြးေကာက္ပြဲတြင္ ဒီမိုကရက္တစ္ကိုယ္စားလွယ္ ဂ်ိဳးဘိုင္ဒင္က လက္ရွိသမၼတ ရီ ဗက္ပလီ ကင္ကိုယ္စားလွယ္ ေဒၚနယ္ထရမ့္ကို မဲေရတြက္ရန္က်န္ရွိေသာ ျပည္နယ္ေျခာက္ခုအနက္ ေလးခုတြင္ ဦး ေဆာင္ေနေၾကာင္း သိရသည္။

ဂ်ိဳးဘိုင္ဒင္က လက္ရွိတြင္ ဆႏၵမဲ ၂၅၃ မဲ ရရွိထားရာ သမၼတျဖစ္ရန္လိုအပ္ေသာ ဆႏၵမဲ ၂၇၀ ျပည့္ရန္ ၁၇ မဲသာ လိုေတာ့ၿပီး ေဒၚနယ္ထရမ့္က ၂၁၄ မဲ ရရွိထားသည္။

ဆႏၵမဲ ၂၀ ရွိေသာ ပင္ဆီေဗးနီးယားျပည္နယ္ႏွင့္ ဆႏၵမဲ ၁၆ မဲရွိေသာ ေဂ်ာ္ဂ်ီယာျပည္နယ္၌ ဂ်ိဳးဘိုင္ဒင္က ေဒၚနယ္ထရမ့္ကို အသာရရွိခဲ့သည္။ ထို႔အျပင္ ဆႏၵမဲ ၁၁ မဲရရွိမည့္ အာရီဇိုးနားျပည္နယ္ႏွင့္ ဆႏၵမဲ ၆ မဲရရွိ မည့္ နီဗားဒါးျပည္နယ္၌လည္း ဂ်ိဳးဘိုင္ဒင္က ဦးေဆာင္ေနသည္။

သို႔ေသာ္လည္း ျပည္နယ္ေလးခု၌ ကိုယ္စားလွယ္ေလာင္းႏွစ္ဦးၾကား မဲအသာရမႈ နည္းပါးနိုင္ၿပီး အနိုင္ရရွိသူ မေသခ်ေသးေၾကာင္း မီဒီယာမ်ားက ေဖာ္ျပၾကသည္။

ဂ်ိဳးဘိုင္ဒင္က ေမြးရပ္ေၿမ ဒီလာဝဲျပည္နယ္၌ မိန္႔ခြန္းတစ္ရပ္ ေျပာၾကားခဲ့ၿပီး ေဒၚနယ္ထရမ့္ကလည္း စာ တိုက္မွေပးပို႔သည့္ ဆႏၵမဲမ်ား၌ မဲလိမ္လည္မႈမ်ားရွိေၾကာင္း ေျပာၾကားခဲ့သည္။

ဂ်ိဳးဘိုင္ဒင္က မွားယြင္းစြာျဖင့္ သမၼတျဖစ္ၿပီဟု ေျပာ၍မရေၾကာင္း၊ ေရြးေကာက္ပြဲအေစာပိုင္းတြင္ ျပည္ နယ္အ ခ်ိဳ႕၌ သူက သိသိသာသာ ဦးေဆာင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ရလဒ္ေျပာင္းလဲသြားေၾကာင္း၊ ဥပေဒ အရ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က တြစ္တာလူမႈကြန္ရက္၌ ေရးသားခဲ့သည္။

ကိုးကား — အန္ အိတ္ခ်္ေက

Ref; Biden is leading Trump

(unicode)
အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်ကို အသာရနေ
……………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၇

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က လက်ရှိသမ္မတ ရီ ဗက်ပလီ ကင်ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်ကို မဲရေတွက်ရန်ကျန်ရှိသော ပြည်နယ်ခြောက်ခုအနက် လေးခုတွင် ဦး ဆောင်နေကြောင်း သိရသည်။

ဂျိုးဘိုင်ဒင်က လက်ရှိတွင် ဆန္ဒမဲ ၂၅၃ မဲ ရရှိထားရာ သမ္မတဖြစ်ရန်လိုအပ်သော ဆန္ဒမဲ ၂၇၀ ပြည့်ရန် ၁၇ မဲသာ လိုတော့ပြီး ဒေါ်နယ်ထရမ့်က ၂၁၄ မဲ ရရှိထားသည်။

ဆန္ဒမဲ ၂၀ ရှိသော ပင်ဆီဗေးနီးယားပြည်နယ်နှင့် ဆန္ဒမဲ ၁၆ မဲရှိသော ဂျော်ဂျီယာပြည်နယ်၌ ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်ကို အသာရရှိခဲ့သည်။ ထို့အပြင် ဆန္ဒမဲ ၁၁ မဲရရှိမည့် အာရီဇိုးနားပြည်နယ်နှင့် ဆန္ဒမဲ ၆ မဲရရှိ မည့် နီဗားဒါးပြည်နယ်၌လည်း ဂျိုးဘိုင်ဒင်က ဦးဆောင်နေသည်။

သို့သော်လည်း ပြည်နယ်လေးခု၌ ကိုယ်စားလှယ်လောင်းနှစ်ဦးကြား မဲအသာရမှု နည်းပါးနိုင်ပြီး အနိုင်ရရှိသူ မသေချသေးကြောင်း မီဒီယာများက ဖော်ပြကြသည်။

ဂျိုးဘိုင်ဒင်က မွေးရပ်မြေ ဒီလာဝဲပြည်နယ်၌ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး ဒေါ်နယ်ထရမ့်ကလည်း စာ တိုက်မှပေးပို့သည့် ဆန္ဒမဲများ၌ မဲလိမ်လည်မှုများရှိကြောင်း ပြောကြားခဲ့သည်။

ဂျိုးဘိုင်ဒင်က မှားယွင်းစွာဖြင့် သမ္မတဖြစ်ပြီဟု ပြော၍မရကြောင်း၊ ရွေးကောက်ပွဲအစောပိုင်းတွင် ပြည် နယ်အ ချို့၌ သူက သိသိသာသာ ဦးဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရလဒ်ပြောင်းလဲသွားကြောင်း၊ ဥပဒေ အရ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ကိုးကား — အန် အိတ်ချ်ကေ

Ref; Biden is leading Trump


Share this post