• Follow Us on

Home အေမရိကန္ အာကာသယာဥ္မႉး ၂၀၂၀ သမၼတေရြးေကာက္ပြဲကို အာကာသအတြင္းမွ မဲေပးမည္

အေမရိကန္ အာကာသယာဥ္မႉး ၂၀၂၀ သမၼတေရြးေကာက္ပြဲကို အာကာသအတြင္းမွ မဲေပးမည္

Share this post

နိုင္ငံတကာ၊ စက္တင္ဘာ ၂၇
နာဆာအဖြဲ႕မွ အာကာသယာဥ္မႉး ကိတ္႐ူဘင္စ္က ကမၻာေျမမ်က္ႏွာျပင္အထက္ မိုင္ ၂၀၀ ေက်ာ္ ကြာ ေဝးသည့္ အျပည္ျပည္ဆိုင္ရာ အာကာသစခန္းမွ ၂၀၂၀ သမၼတေရြးေကာက္ပြဲအတြက္ ဆႏၵမဲထည့္ရန္ စီစဥ္လ်က္ ရွိေၾကာင္း သိရသည္။
“လူတိုင္းအတြက္ ဆႏၵမဲထည့္ဖို႔ အလြန္အေရးႀကီးတယ္လို႔ ကၽြန္မ ထင္ပါတယ္။ ကၽြန္မတို႔ေတာင္ အာ ကာသထဲကေန ဆႏၵမဲထည့္နိုင္ရင္ ကမၻာေျမေပၚက လူသားေတြက ဆႏၵမဲျပဳနိုင္မယ္လို႔ ယုံၾကည္ပါတယ္” ဟု ၄င္းက ေျပာသည္။
လက္ရွိတြင္ အျခား အာကာသယာဥ္မႉးႏွစ္ဦးႏွင့္အတူ ႐ုရွားနိုင္ငံ၊ စတားၿမိဳ႕ေတာ္၌ ရွိေနသည့္ ႐ူဘင္စ္ က ေအာက္တိုဘာလအတြင္း အာကာသအတြင္းသို႔ ခရီးစဥ္သြားေရာက္ရန္ စီစဥ္ေနၿပီး အျပည္ျပည္ဆိုင္ရာ အာ ကာသစခန္း၌ ေျခာက္လၾကာ ေနထိုင္မည္ျဖစ္သည္။
အာကာသအတြင္းမွေန၍ မဲေပးခြင့္ အဆုံးရႈံးခံမည္မဟုတ္ဟု သူက ဆိုသည္။ “ဒီမိုကေရစီစနစ္မွာ ပါဝင္ဖို႔ အေရးႀကီးပါတယ္။ အာကာသအတြင္းကေန ဆႏၵမဲျပဳတာ ဂုဏ္ျပဳမႈတစ္ခုလို႔ ကၽြန္မတို႔ ထင္ပါတယ္” ဟု ၄င္းက ေျပာသည္။
အေမရိကန္နိုင္ငံမွ အာကာသယာဥ္မႉးအမ်ားစုက ဟူစတန္ၿမိဳ႕၌ ေနထိုင္ၿပီး ေရြးေကာက္ပြဲဥပေဒအရ အာကာသယာဥ္မႉးမ်ားကို အာကာသအတြင္းမွ ဆႏၵမဲထည့္ခြင့္ျပဳထားသည္။
၂၀၁၆ ခုႏွစ္ကလည္း အာကာသယာဥ္မႉး ႐ူဘင္စ္ႏွင့္ ရွိန္းကင္ဘေရာ့ဂ္တို႔က သမၼတေရြးေကာက္ပြဲ၌ အာ ကာသအတြင္းမွ ဆႏၵမဲထည့္ခဲ့ၾကသည္။
–ကိုးကား–
နယူးေယာက္ပို႔စ္
Ref; NASA astronaut will vote in 2020 presidential election from space

(unicode)

အမေရိကန် အာကာသယာဉ်မှူး ၂၀၂၀ သမ္မတရွေးကောက်ပွဲကို အာကာသအတွင်းမှ မဲပေးမည်
နိုင်ငံတကာ၊ စက်တင်ဘာ ၂၇
နာဆာအဖွဲ့မှ အာကာသယာဉ်မှူး ကိတ်ရူဘင်စ်က ကမ္ဘာမြေမျက်နှာပြင်အထက် မိုင် ၂၀၀ ကျော် ကွာ ဝေးသည့် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲထည့်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
“လူတိုင်းအတွက် ဆန္ဒမဲထည့်ဖို့ အလွန်အရေးကြီးတယ်လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မတို့တောင် အာ ကာသထဲကနေ ဆန္ဒမဲထည့်နိုင်ရင် ကမ္ဘာမြေပေါ်က လူသားတွေက ဆန္ဒမဲပြုနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၄င်းက ပြောသည်။
လက်ရှိတွင် အခြား အာကာသယာဉ်မှူးနှစ်ဦးနှင့်အတူ ရုရှားနိုင်ငံ၊ စတားမြို့တော်၌ ရှိနေသည့် ရူဘင်စ် က အောက်တိုဘာလအတွင်း အာကာသအတွင်းသို့ ခရီးစဉ်သွားရောက်ရန် စီစဉ်နေပြီး အပြည်ပြည်ဆိုင်ရာ အာ ကာသစခန်း၌ ခြောက်လကြာ နေထိုင်မည်ဖြစ်သည်။
အာကာသအတွင်းမှနေ၍ မဲပေးခွင့် အဆုံးရှုံးခံမည်မဟုတ်ဟု သူက ဆိုသည်။ “ဒီမိုကရေစီစနစ်မှာ ပါဝင်ဖို့ အရေးကြီးပါတယ်။ အာကာသအတွင်းကနေ ဆန္ဒမဲပြုတာ ဂုဏ်ပြုမှုတစ်ခုလို့ ကျွန်မတို့ ထင်ပါတယ်” ဟု ၄င်းက ပြောသည်။
အမေရိကန်နိုင်ငံမှ အာကာသယာဉ်မှူးအများစုက ဟူစတန်မြို့၌ နေထိုင်ပြီး ရွေးကောက်ပွဲဥပဒေအရ အာကာသယာဉ်မှူးများကို အာကာသအတွင်းမှ ဆန္ဒမဲထည့်ခွင့်ပြုထားသည်။
၂၀၁၆ ခုနှစ်ကလည်း အာကာသယာဉ်မှူး ရူဘင်စ်နှင့် ရှိန်းကင်ဘရော့ဂ်တို့က သမ္မတရွေးကောက်ပွဲ၌ အာ ကာသအတွင်းမှ ဆန္ဒမဲထည့်ခဲ့ကြသည်။
–ကိုးကား–
နယူးယောက်ပို့စ်
Ref; NASA astronaut will vote in 2020 presidential election from space

Share this post