• Follow Us on
Latest News

Home အေမရိကန္-အိႏၵိယေရတပ္မ်ား ပူးတြဲစစ္ေရးေလ့က်င့္ေန

အေမရိကန္-အိႏၵိယေရတပ္မ်ား ပူးတြဲစစ္ေရးေလ့က်င့္ေန

Share this post

နယူးေဒလီ၊ ဇူလိုင္ ၂၂

တနလၤာေန႔မွစတင္ၿပီး အိႏၵိယသမုဒၶရာ၌ ဒုတိယအကြိမ်အမေရိကန္-အိႏၵိယပူးတြဲစစ္ေရးေလ့က်င့္မႈျပဳလုပ္ ေနေၾကာင္း ႏွစ္ႏိုင္ငံသတင္းထုတ္ျပန္သည္။

တ႐ုတ္-အိႏၵိယတင္းမာမႈျမင့္တက္ေနခ်ိန္ ယခုစစ္ေရးေလ့က်င့္မႈသည္ အေမရိကန္-အိႏၵိယပူးေပါင္းေဆာင္႐ြက္ မႈျမင့္တက္ေနျခင္းကို ေဖာ္ျပသည္။

စစ္ေရးေလ့က်င့္မႈကို အိႏၵိယကုန္းေျမႏွင့္ေဝးကြာၿပီး မလကၠာေရလက္ၾကားႏွင့္နီးသည့္ ကမာၻ႔အသြားအလာ အမ်ားဆုံးေရေၾကာင္းခရီးလမ္းမ်ားထဲမွတစ္ခုျဖစ္သည့္ အက္ဒမန္ကြၽန္းႏွင့္ နီကိုဘားကြၽန္းတို႔နားတြင္ တနလၤာ ေန႔က စတင္ျပဳလုပ္ေနသည္။

ယခုစစ္ေရးေလ့က်င့္မႈကို Passage ဟု အိႏၵိယေရတပ္က အမည္ေပးထားၿပီး ျဖတ္သန္းသြားသည့္ စစ္သေဘၤာ တစ္စင္းကို ေနာက္ထပ္တစ္စင္းကပူးေပါင္းၿပီး စစ္ကစားျခင္းကိုေဖာ္ၫႊန္းသည္။

ယခုလအေစာပိုင္းက ေတာင္တ႐ုတ္ပင္လယ္တြင္ စစ္ေရးေလ့က်င့္မႈျပဳလုပ္ခဲ့သည့္ အေမရိကန္ေလယာဥ္တင္ သေဘၤာ USS Nimitz ႏွင့္ ယခု အိႏၵိယေရတပ္တို႔စစ္ေရးပူးတြဲေလ့က်င့္မႈသည္ ႏွစ္ႏိုင္ငံေရတပ္မ်ားၾကား ပိုမို ခိုင္မာသည့္ပူးေပါင္းေဆာင္႐ြက္မႈရွိေၾကာင္းႏွင့္ လြတ္လပ္ပြင့္လင္းသည့္အင္ဒိုပစိဖိတ္ေဒသကို ေထာက္ခံ ေၾကာင္းျပသျခင္းျဖစ္သည္ဟု အေမရိကန္ကာကြယ္ေရးဝန္ႀကီး မာ့က္အက္စပါက အဂၤါေန႔တြင္ေျပာသည္။

အေမရိကန္-အိႏၵိယေရတပ္ပူးတြဲေလ့က်င့္မႈကို ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာတြင္ ပထမဆုံးအႀကိမ္စတင္ခဲ့ၿပီး ပူးေပါင္းေဆာင္႐ြက္မႈတိုးတက္ေစေရး ႏွစ္ႏိုင္ငံဝန္ႀကီးအဆင့္ေဆြးေႏြးမႈမ်ားစီစဥ္ေနေၾကာင္း အက္စပါက ေျပာသည္။

ဇြန္လလယ္ပိုင္းက ႏွစ္ႏိုင္ငံနယ္နိမိတ္တြင္ တပ္ဖြဲ႕ဝင္မ်ားထိေတြ႕မႈျဖစ္ပြားၿပီးေနာက္ အိႏၵိယ-တ႐ုတ္ဆက္ဆံ ေရးတင္းမာေနသည္။

Ref : India, US Hold Joint Maritime Drill Amid China Tensions

#PeopleMedia

(unicode)
အမေရိကန်-အိန္ဒိယရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်နေ
………………………………………

နယူးဒေလီ၊ ဇူလိုင် ၂၂

တနင်္လာနေ့မှစတင်ပြီး အိန္ဒိယသမုဒ္ဓရာ၌ ဒုတိယအကွိမျအမရေိကန်-အိန္ဒိယပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ် နေကြောင်း နှစ်နိုင်ငံသတင်းထုတ်ပြန်သည်။

တရုတ်-အိန္ဒိယတင်းမာမှုမြင့်တက်နေချိန် ယခုစစ်ရေးလေ့ကျင့်မှုသည် အမေရိကန်-အိန္ဒိယပူးပေါင်းဆောင်ရွက် မှုမြင့်တက်နေခြင်းကို ဖော်ပြသည်။

စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယကုန်းမြေနှင့်ဝေးကွာပြီး မလက္ကာရေလက်ကြားနှင့်နီးသည့် ကမ္ဘာ့အသွားအလာ အများဆုံးရေကြောင်းခရီးလမ်းများထဲမှတစ်ခုဖြစ်သည့် အက်ဒမန်ကျွန်းနှင့် နီကိုဘားကျွန်းတို့နားတွင် တနင်္လာ နေ့က စတင်ပြုလုပ်နေသည်။

ယခုစစ်ရေးလေ့ကျင့်မှုကို Passage ဟု အိန္ဒိယရေတပ်က အမည်ပေးထားပြီး ဖြတ်သန်းသွားသည့် စစ်သင်္ဘော တစ်စင်းကို နောက်ထပ်တစ်စင်းကပူးပေါင်းပြီး စစ်ကစားခြင်းကိုဖော်ညွှန်းသည်။

ယခုလအစောပိုင်းက တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည့် အမေရိကန်လေယာဉ်တင် သင်္ဘော USS Nimitz နှင့် ယခု အိန္ဒိယရေတပ်တို့စစ်ရေးပူးတွဲလေ့ကျင့်မှုသည် နှစ်နိုင်ငံရေတပ်များကြား ပိုမို ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုရှိကြောင်းနှင့် လွတ်လပ်ပွင့်လင်းသည့်အင်ဒိုပစိဖိတ်ဒေသကို ထောက်ခံ ကြောင်းပြသခြင်းဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့က်အက်စပါက အင်္ဂါနေ့တွင်ပြောသည်။

အမေရိကန်-အိန္ဒိယရေတပ်ပူးတွဲလေ့ကျင့်မှုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာတွင် ပထမဆုံးအကြိမ်စတင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရေး နှစ်နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးမှုများစီစဉ်နေကြောင်း အက်စပါက ပြောသည်။

ဇွန်လလယ်ပိုင်းက နှစ်နိုင်ငံနယ်နိမိတ်တွင် တပ်ဖွဲ့ဝင်များထိတွေ့မှုဖြစ်ပွားပြီးနောက် အိန္ဒိယ-တရုတ်ဆက်ဆံ ရေးတင်းမာနေသည်။

Ref : India, US Hold Joint Maritime Drill Amid China Tensions

#PeopleMedia


Share this post