• Follow Us on

Home အေမရိကန္ ေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္က လူမည္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းကို ကာကြယ္ေရးဝန္ႀကီးအျဖစ္ ေရြးခ်ယ္

အေမရိကန္ ေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္က လူမည္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းကို ကာကြယ္ေရးဝန္ႀကီးအျဖစ္ ေရြးခ်ယ္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၈

၂၀၀၃ ခုႏွစ္တြင္ ဘဂၢဒတ္ၿမိဳ႕ရွိ အေမရိကန္တပ္ဖြဲ႕မ်ားႏွင့္ အေမရိကန္ ဗဟိုစစ္ဌာနခ်ဳပ္ကို ဦးေဆာင္ခဲ့သူ လြိဳက္ေအာ္စတင္အား ေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္က ပထမဆုံးေသာ အာဖရိကႏြယ္ဖြား ကာကြယ္ေရးဝန္ ႀကီးအျဖစ္ ေရြးခ်ယ္ခဲ့ေၾကာင္း အေမရိကန္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

အီရတ္ႏွင့္ အာဖဂန္နစၥတန္စစ္ျပည္ အသက္ ၆၇ ႏွစ္အရြယ္ အၿငိမ္းစား ၾကယ္ေလးပြင့္ ဗိုလ္ခ်ဳပ္ႀကီး ေအာ္စ တင္က ေရပန္းစားေနသည့္ လက္ေထာက္ ကာကြယ္ေရးဝန္ႀကီးေဟာင္း မစ္ခ်ယ္ဖေလာ္ႏြိဳင္းကို ေက်ာ္ျဖတ္၍ ကာကြယ္ေရးဝန္ႀကီးအျဖစ္ ေရြးခ်ယ္ခံခဲ့ရျခင္းျဖစ္သည္။

ကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန္႔အပ္မည့္ ေရြးခ်ယ္မႈျပဳလုပ္ခဲ့ၿပီး ဒီဇင္ဘာလ ၁၁ ရက္တြင္ ေၾကညာမည္ဟု ဂ်ိဳးဘိုင္ဒင္က ေျပာၾကားခဲ့သည္။

ေအာ္စတင္အား ကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန္႔အပ္ရန္မွာ အထက္လႊတ္ေတာ္၏ အတည္ျပဳမႈ လိုအပ္မည္ ျဖစ္သည္။

ဝက္စ္ပြိဳင့္စစ္တကၠသိုလ္မွ ဘြဲ႕ရရွိခဲ့သည့္ လြိဳက္ေအာ္စတင္သည္ အေမရိကန္တပ္မေတာ္၌ ဆယ္စုႏွစ္ ေလးခုၾကာ ရာထူးအမ်ိဳးမ်ိဳးျဖင့္ တာဝန္ထမ္းေဆာင္ခဲ့သည္။

၂၀၀၃ ခုႏွစ္ မတ္လတြင္ အေမရိကန္တို႔၏ အီရတ္က်ဴးေက်ာ္စစ္ပြဲအတြင္း ကူဝိတ္နိုင္ငံမွ ဘဂၢဒတ္ၿမိဳ႕သို႔ အေမရိကန္ အမွတ္ ၃ ေျခလ်င္တပ္မဟာ ခ်ီတက္ခ်ိန္တြင္ ေအာ္စတင္က လက္ေထာက္တပ္မွဴးျဖစ္ခဲ့သည္။

၂၀၀၃ ခုႏွစ္မွ ၂၀၀၅ ခုႏွစ္အတြင္း ေအာ္စတင္က အာဖဂန္နစၥတန္နိုင္ငံရွိ အမွတ္ ၁၈၀ ပူးတြဲအထူးတပ္ဖြဲ႕ကို ကြပ္ကဲရသည့္တပ္မွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

၂၀၁၀ ျပည့္ႏွစ္တြင္ ေအာ္စတင္က အီရတ္နိုင္ငံရွိ အေမရိကန္တပ္ဖြဲ႕မ်ားကို ကြပ္ကဲရေသာတပ္မွဴးျဖစ္ခဲ့သည္။

၂၀၁၂ ခုႏွစ္တြင္ ေအာ္စတင္က အေရွ႕အလယ္ပိုင္းႏွင့္ အာဖဂန္နစၥတန္နိုင္ငံရွိ ပင္တဂြန္၏ စစ္ဆင္ေရးမ်ားကို ကြပ္ကဲရသည့္ ဗဟိုစစ္ဌာနခ်ဳပ္၏ တပ္မွဴးအျဖစ္ တာဝန္ယူခဲ့သည္။

ကိုးကား – ေအအက္ဖ္ပီ

Ref; Biden picks retired general Lloyd Austin as first Black Pentagon chief

#PeopleMedia

(unicode)
အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က လူမည်းဗိုလ်ချုပ်ကြီးဟောင်းကို ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်
………………………………………………………….

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈

၂၀၀၃ ခုနှစ်တွင် ဘဂ္ဂဒတ်မြို့ရှိ အမေရိကန်တပ်ဖွဲ့များနှင့် အမေရိကန် ဗဟိုစစ်ဌာနချုပ်ကို ဦးဆောင်ခဲ့သူ လွိုက်အော်စတင်အား ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ပထမဆုံးသော အာဖရိကနွယ်ဖွား ကာကွယ်ရေးဝန် ကြီးအဖြစ် ရွေးချယ်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

အီရတ်နှင့် အာဖဂန်နစ္စတန်စစ်ပြည် အသက် ၆၇ နှစ်အရွယ် အငြိမ်းစား ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး အော်စ တင်က ရေပန်းစားနေသည့် လက်ထောက် ကာကွယ်ရေးဝန်ကြီးဟောင်း မစ်ချယ်ဖလော်နွိုင်းကို ကျော်ဖြတ်၍ ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မည့် ရွေးချယ်မှုပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်တွင် ကြေညာမည်ဟု ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

အော်စတင်အား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန်မှာ အထက်လွှတ်တော်၏ အတည်ပြုမှု လိုအပ်မည် ဖြစ်သည်။

ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည့် လွိုက်အော်စတင်သည် အမေရိကန်တပ်မတော်၌ ဆယ်စုနှစ် လေးခုကြာ ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၃ ခုနှစ် မတ်လတွင် အမေရိကန်တို့၏ အီရတ်ကျူးကျော်စစ်ပွဲအတွင်း ကူဝိတ်နိုင်ငံမှ ဘဂ္ဂဒတ်မြို့သို့ အမေရိကန် အမှတ် ၃ ခြေလျင်တပ်မဟာ ချီတက်ချိန်တွင် အော်စတင်က လက်ထောက်တပ်မှူးဖြစ်ခဲ့သည်။

၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အော်စတင်က အာဖဂန်နစ္စတန်နိုင်ငံရှိ အမှတ် ၁၈၀ ပူးတွဲအထူးတပ်ဖွဲ့ကို ကွပ်ကဲရသည့်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် အော်စတင်က အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များကို ကွပ်ကဲရသောတပ်မှူးဖြစ်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် အော်စတင်က အရှေ့အလယ်ပိုင်းနှင့် အာဖဂန်နစ္စတန်နိုင်ငံရှိ ပင်တဂွန်၏ စစ်ဆင်ရေးများကို ကွပ်ကဲရသည့် ဗဟိုစစ်ဌာနချုပ်၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့သည်။

ကိုးကား – အေအက်ဖ်ပီ

Ref; Biden picks retired general Lloyd Austin as first Black Pentagon chief

#PeopleMedia


Share this post