• Follow Us on

Home အမေရိကန် လေယာဉ်တင်သင်္ဘောအားအီရန်က ဒရုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် ထွက်ပေါ်

အမေရိကန် လေယာဉ်တင်သင်္ဘောအားအီရန်က ဒရုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် ထွက်ပေါ်

Share this post

အီရန် သတင်းဌာန TASNIM က ပြီးခဲ့တဲ့ တနင်္ဂနွေမှာအမေရိကန် လေယာဉ်တင် သင်္ဘောအားအီရန်တပ်မတော်က ဒရုန်းဖြင့် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ဖော်ပြသမူပြုလုပ်ခဲ့ပါတယ်။ အာရေဗီယန်ပင်လယ်ကွေ့မှာ သွားလာနေ တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောကိုအီရန်ကစစ်ဖက်ဆိုင်ရာဒရုန်းဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။

TASNIM က ပြသခဲ့တဲ့ ဗီဒီယိုဖိုင်မှာအမေရိကန် လေယာဉ်တင်သင်္ဘောပေါ်ရှိလေယာဉ်
များကို ပြတ်သားစွာ မြင်တွေ့ခဲ့ရတာကြောင့် အီရန်စစ်တပ်ရဲ့ စွမ်းဆောင်မူကို လူမူကွန်ယက်မှာချီးကျူးခဲ့ပါတယ်။ အမေရိကန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူး မော်ဂန်က ယခုဗီဒီယိုဖိုင်ကိုအီရန်အနေဖြင့် မကြာခဏထုတ်လွှင့်လေ့ရှိကြောင်း၊ အာရေဗီယန်ပင် လယ်ကွေ့မှာမိမိတို့ နောက်ဆုံးသွားလာခဲ့သည်မှာ နှစ်ပေါင်း အတန်ကြာနေပြီဖြစ်ကြောင်း AFPသတင်းဌာနရဲ့ မေးမြန်းမူကိုအီမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။


Share this post
https://www.facebook.com/303185163868226/videos/298894471038756/