• Follow Us on
Latest News

Home အေမ့ခံ ကရင္တုိင္းရင္းသားႀကီး ဗုိလ္ခ်ဳပ္စမစ္ဒြန္း အုပ္ဂူသုိ႔ တပ္ခ်ဳပ္သြားေရာက္ဂါဝရျပဳ

အေမ့ခံ ကရင္တုိင္းရင္းသားႀကီး ဗုိလ္ခ်ဳပ္စမစ္ဒြန္း အုပ္ဂူသုိ႔ တပ္ခ်ဳပ္သြားေရာက္ဂါဝရျပဳ

Share this post

ျမန္မာ့တပ္မေတာ္၏ ပထမဆုံးကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သည့္ ဗုိလ္ခ်ဳပ္စမစ္ဒြန္းအုတ္ဂူသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အပါအဝင္ ၾကည္း၊ ေရ၊ ေလ တပ္မေတာ္အႀကီးအကဲမ်ား သြားေရာက္ ဂါရဝျပဳခဲ့ၾကပါတယ္။

ကရင္တုိင္းရင္းသား ဗုိလ္ခ်ဳပ္စမစ္ဒြန္းသည္ ျမန္မာ့တပ္မေတာ္၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ ၁၉၄၉ ခုႏွစ္ ဇန္နဝါရီ ၃၁ ရက္အထိ တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။

ဗုိလ္ခ်ဳပ္စမစ္ဒြန္းသည္ အရပ္ေလးေပးခန္႔သာရွိၿပီး အိႏၵိယႏုိင္ငံ ဒယ္ရဒြန္းစစ္တကၠသုိလ္၏ ေက်ာင္းဆင္းတစ္ ေယာက္ျဖစ္ပါတယ္။ လြတ္လပ္ေရးရၿပီးေနာက္ လြတ္လပ္ေရးႏွင့္အတူ ပါလာေသာ ျပည္တြင္းစစ္ကာလ ၁၉၄၉ ခုႏွစ္၌ ကရင္တုိင္းရင္းသားမ်ားသည္ ကုိယ္ပုိင္လြက္လပ္ေရးအတြက္ လက္နက္စြဲကုိင္ၿပီး ဧရာဝတီျမစ္ဝကၽြန္း ေပၚေဒသအပါအဝင္ေနရာအသီးသီး၌ စတင္ေတာင္းဆုိလာၾကပါတယ္။

အဆုိ္ပါျဖစ္စဥ္မ်ား ျဖစ္ေပၚလာၿပီးေနာက္ ဗုိလ္ခ်ဳပ္စမစ္ဒြန္းအပါအဝင္ တပ္မေတာ္၌ တာဝန္ထမ္းေဆာင္ေန သည့္ ကရင့္တုိင္းရင္းသားမ်ား ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ ဗုိလ္ခ်ဳပ္စမစ္ဒြန္းသည္ ရွမ္းျပည္နယ္ကေလာၿမိဳ႕၌ မိသားစုဝင္မ်ားႏွင့္ ေနထုိင္ရင္း ၁၉၇၉ ခုႏွစ္မွာ ကြယ္လြန္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီလအတြင္း၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဦးေဆာင္သည့္ ၾကည္း၊ ေရ၊ ေလတပ္မေတာ္အႀကီးအကဲမ်ားသည္ ရွမ္းျပည္နယ္၊ ကေလာၿမိဳ႕ရွိ ဗုိလ္ခ်ဳပ္စမစ္ဒြန္းေနအိမ္သုိ႔ သြားေရာက္ၿပီး ဗုိလ္ခ်ဳပ္စမစ္ဒြန္းမိသားစုဝင္မ်ားႏွင့္ သြားေရာက္ေတြ႔ဆုံခဲ့ၿပီးေနာက္ ဗုိလ္ခ်ဳပ္စမစ္ဒြန္းအုတ္ဂူကုိ လည္း သြားေရာက္ဂါဝရျပဳခဲ့ပါတယ္။

#PeopleMedia #ျမန္မာ့တပ္မေတာ္၏ပထမဆုံးတပ္ခ်ဳပ္

(Unicode)
အမေ့ခံ ကရင်တိုင်းရင်းသားကြီး ဗိုလ်ချုပ်စမစ်ဒွန်း အုပ်ဂူသို့ တပ်ချုပ်သွားရောက်ဂါဝရပြု
……………………………………………………

မြန်မာ့တပ်မတော်၏ ပထမဆုံးကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်စမစ်ဒွန်းအုတ်ဂူသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ကြည်း၊ ရေ၊ လေ တပ်မတော်အကြီးအကဲများ သွားရောက် ဂါရဝပြုခဲ့ကြပါတယ်။

ကရင်တိုင်းရင်းသား ဗိုလ်ချုပ်စမစ်ဒွန်းသည် မြန်မာ့တပ်မတော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်စမစ်ဒွန်းသည် အရပ်လေးပေးခန့်သာရှိပြီး အိန္ဒိယနိုင်ငံ ဒယ်ရဒွန်းစစ်တက္ကသိုလ်၏ ကျောင်းဆင်းတစ် ယောက်ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက် လွတ်လပ်ရေးနှင့်အတူ ပါလာသော ပြည်တွင်းစစ်ကာလ ၁၉၄၉ ခုနှစ်၌ ကရင်တိုင်းရင်းသားများသည် ကိုယ်ပိုင်လွက်လပ်ရေးအတွက် လက်နက်စွဲကိုင်ပြီး ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသအပါအဝင်နေရာအသီးသီး၌ စတင်တောင်းဆိုလာကြပါတယ်။

အဆို်ပါဖြစ်စဉ်များ ဖြစ်ပေါ်လာပြီးနောက် ဗိုလ်ချုပ်စမစ်ဒွန်းအပါအဝင် တပ်မတော်၌ တာဝန်ထမ်းဆောင်နေ သည့် ကရင့်တိုင်းရင်းသားများ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းသည် ရှမ်းပြည်နယ်ကလောမြို့၌ မိသားစုဝင်များနှင့် နေထိုင်ရင်း ၁၉၇၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်း၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် ကြည်း၊ ရေ၊ လေတပ်မတော်အကြီးအကဲများသည် ရှမ်းပြည်နယ်၊ ကလောမြို့ရှိ ဗိုလ်ချုပ်စမစ်ဒွန်းနေအိမ်သို့ သွားရောက်ပြီး ဗိုလ်ချုပ်စမစ်ဒွန်းမိသားစုဝင်များနှင့် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ဗိုလ်ချုပ်စမစ်ဒွန်းအုတ်ဂူကို လည်း သွားရောက်ဂါဝရပြုခဲ့ပါတယ်။

#PeopleMedia #မြန်မာ့တပ်မတော်၏ပထမဆုံးတပ်ချုပ်


Share this post