• Follow Us on
Latest News

Home အရေးပေါ်ဆိုင်ရာပြဠာန်းချက်များအရ ကာလုံခေါ်ပြီး သက်တမ်းတိုးနိုင်ရန် န-စ-က စီစဉ်နေ

အရေးပေါ်ဆိုင်ရာပြဠာန်းချက်များအရ ကာလုံခေါ်ပြီး သက်တမ်းတိုးနိုင်ရန် န-စ-က စီစဉ်နေ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅ (People Media)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အရေးပေါ်ဆိုင်ရာ ပြဠာန်းချက်များအရ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တင်ပြပြီး သက်တမ်းတိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ မွန်းလဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။

 

“ဖေဖော်ဝါရီလ ၁ ရက်နေ့မှာဆို တစ်နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ဆိုင်ရာ ပြဠာန်းချက်များအရ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် ပြဠာန်းချက်တွေ ရှိပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှိနေတဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အခြေအနေတွေကို တင်ပြပြီးတော့ သက်တမ်းတိုး နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောသည်။

 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပေါ်ကာလဆိုင်ရာ ပြဠာန်းချက်များ၊ ပုဒ် ၄၂၅ တွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက တစ်ကြိမ်လျှင် ခြောက် လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်ကြောင်း ဖော်ပြထားသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေမှ အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာခဲ့ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာအား လွှဲပေးခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia #ကာလုံ #နစက

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 



Share this post