• Follow Us on

Home အရေးပေါ်ဆေးကုသမှုခံယူမယ့် မလေးရှားအမျိုးသမီးငယ် ဘောင်းဘီတိုဝတ်ထားလို့ဆိုပြီး အရေးပေါ်ကုသ ဆောင်ထဲဝင်ခွင့်မရဘဲ ဘောင်းဘီပြန်လဲဝတ်ခဲ့ရ

အရေးပေါ်ဆေးကုသမှုခံယူမယ့် မလေးရှားအမျိုးသမီးငယ် ဘောင်းဘီတိုဝတ်ထားလို့ဆိုပြီး အရေးပေါ်ကုသ ဆောင်ထဲဝင်ခွင့်မရဘဲ ဘောင်းဘီပြန်လဲဝတ်ခဲ့ရ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆

 

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရုတ်တရက်ဗိုက်ထဲက ထိုးအောင့်လာလို့ ဆေးရုံမှာပြသဖို့ရောက်လာတဲ့ မလေး ရှားအမျိုးသမီးတစ်ဦးကို ဘောင်းဘီတိုဝတ်ထားလို့ဆိုပြီး မလေးရှားဆေးရုံက အရေးပေါ်ကုသဆောင်ထဲဝင်ခွင့် မပြုဘဲ အဝတ်အစား ပြန်လဲခိုင်းခဲ့တယ်လို့ Nanyang Siang Pao သတင်းစာက ရေးသားထားပါတယ်။

 

အသက် ၂၁ နှစ်အရွယ်ရှိတဲ့ အဲဒီမိန်းကလေးဟာ ကြက်တောင်ရိုက်နေတုန်း ရုတ်တရက် ဗိုက်ထဲကထိုးအောင့် လာပြီး လမ်းမလျှောက်နိုင်တော့တဲ့အတွက် သူငယ်ချင်းတွေက အဲဒီမိန်းကလေးကို ကမ်ပါဆေးရုံ (Kampar Hospital) ရှိ အရေးပေါ်ကုသ ဆောင်ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

 

“ဆေးရုံကကောင်တာမှာ လိုအပ်တာတွေစာရင်းဖြည့်သွင်းပြီးတဲ့နောက်မှာ အမျိုးသမီးလူနာတစ်ယောက်အနေနဲ့ အခုလို ဘောင်းဘီတိုဝတ်ထားတာ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့အတွက် အရေးပေါ်ကုသဆောင်ထဲမဝင်ခင်မှာ ဘောင်းဘီရှည်ပြောင်းဝတ်ဖို့ လိုလိမ့်မယ်လို့ လက်ထောက်ဆရာဝန်တစ်ယောက်က ပြောပါတယ်။” လို့ လူနာ မိန်းကလေးရဲ့သူငယ်ချင်း ဒါမီယန်ချန်းက ပြောပါတယ်။

 

“ကျွန်မလည်း ရုတ်တရက် ဘာလုပ်ရမှန်းမသိဘဲ ထူပူသွားတယ်။ ဒါနဲ့ ကျောင်းဆောင်ကိုပြန်ပြီး သူငယ်ချင်းအ တွက် ဘောင်းဘီရှည်ပြန်ယူရတယ်။ ဘောင်းဘီရှည်ပြန်ဝတ်ပြီးမှသာ သူ့ကို အရေးပေါ်ကုသဆောင်ထဲဝင်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

လူနာအမျိုးသမီးငယ်ရဲ့ ရည်းစားဖြစ်သူက သူ့ချစ်သူကို အရေးပေါ်ကုသဆောင်ထဲဝင်ခွင့်မပြုတဲ့အတွက် ဆေးရုံ ဝန်ထမ်းတွေနဲ့ စကားများခဲ့ပြီး ဆေးရုံဝန်ထမ်းတွေက ဆေးရုံကချမှတ်ထားတဲ့စည်းကမ်းချက်တွေကြောင့် အခု လိုဝင်ခွင့်မပြုတာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

 

လူနာရဲ့ ရည်းစားဖြစ်သူအမျိုးသားနဲ့ လူနာရဲ့သူငယ်ချင်းဖြစ်သူ ဒါမီယန်ချန်းတို့ကို ဆေးရုံဝန်ထမ်းတွေကို မေး ခွန်းတွေမေးပြီး ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆေးရုံအပြင်ဘက်ကို မောင်းထုတ်ခဲ့ တယ်လို့ဆိုပါတယ်။

 

လူနာရဲ့ရည်းစားနဲ့ ဒါမီယန်ချန်းတို့ဟာ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ကို အီးမေးလ်နဲ့တစ်ဆင့် တိုင်တန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

 

လူနာအမျိုးသမီးငယ်ဟာ ရာသီသွေးဆင်းတာကြောင့် ဗိုက်အောင့်ပြီး သွေးတိုးလာတာဖြစ်ကြောင်း ဆရာဝန် တစ်ဦးက ရှင်းပြခဲ့ပါတယ်။ အဲဒီလူနာအမျိုးသမီးကို ဆေးရုံကဆင်းခွင့်ပေးလိုက်ပြီလို့သိရပါတယ်။

 

လွန်ခဲ့တဲ့သီတင်းပတ်နှစ်ပတ်ဝန်းကျင်ကလည်း အမျိုးသမီးတစ်ဦးကို ဘောင်းဘီတိုဝတ်ထားလို့ဆိုပြီး မလေးရှား နိုင်ငံက ရဲစခန်းတစ်ခုကို ဝင်ရောက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

 

Ref: Malaysian woman turned away at hospital’s ER because she was wearing shorts

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Malaysian woman turned away at hospital’s ER because she was wearing shorts

 

#PeopleMedia


Share this post