• Follow Us on

Home အရှေ့အလယ်ပိုင်း အမေရိကန်စစ်စခန်းအားလုံးကို မစ်ဇိုင်းဖြင့် ချိန်ရွယ်ထားဟု အီရန်သတိပေး


Share this post



၎င်းရဲ့မိန့်ခွန်းထဲမှာ အီရန်နိုင်ငံဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံနောက်က စတုတ္ထမြောက် မစ်ဇိုင်းအင် အားအကြီးဆုံးနိုင်ငံဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။




(Unicode)
အရှေ့အလယ်ပိုင်း အမေရိကန်စစ်စခန်းအားလုံးကို မစ်ဇိုင်းဖြင့် ချိန်ရွယ်ထားဟု အီရန်သတိပေး
………………………………………………………

အရှေ့အလယ်ပိုင်းအခြေစိုက် အမေရိကန်စစ်စခန်း ၂၁ ခုကို မစ်ဇိုင်းတွေနဲ့ ချိန်ရွယ်ထားပြီးဖြစ်တယ်လို့ အီရန် ဗိုလ်ချုပ်တစ်ဦးက သတိပေးပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က အခမ်းအနားတစ်ခုမှာ ဗိုလ်ချုပ် အယ်လာနာ နူရိုလာဟီက အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး ၄င်းရဲ့မိန့်ခွန်းကို ပြည်တွင်းရုပ်သံလိုင်းက ပြန်လည်ထုတ်လွှင့်ပြသခဲ့ပါတယ်။

၄င်းရဲ့မိန့်ခွန်းထဲမှာ အီရန်နိုင်ငံဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်နို်င်ငံနောက်က စတုတ္ထမြောက် မစ်ဇိုင်းအင် အားအကြီးဆုံးနိုင်ငံဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နေတိုးမဟာမိတ်တွေအနေနဲ့ အီရန်နိုင်ငံဟာ တစ်ရက်ကို မစ်ဇိုင်းနှစ်သောင်းပစ်လွှတ်နိုင်တယ်လို့ ရည်ရွယ် ချက်ရှိရှိ သတိပေးထားပြီး အနာဂတ်အမေရိကန်နိုင်ငံနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ မစ်ဇိုင်းအရေအတွက် ပိုများ လာနိုင်တယ်လို့လည်း အယ်လာနာက သတိပေးပြောကြားခဲ့ပါတယ်။

Ref; https://bulgarianmilitary.com/

#PeopleMedia #International


Share this post