• Follow Us on

Home အရှေ့ဥရောပသို့ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၅၀၀၀၀ အထိ စေလွှတ်သွားရန် ဘိုင်ဒန်အစိုးရ ဆွေးနွေးနေ

အရှေ့ဥရောပသို့ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၅၀၀၀၀ အထိ စေလွှတ်သွားရန် ဘိုင်ဒန်အစိုးရ ဆွေးနွေးနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄ (People Media)

 

အမေရိကန်တပ်ဖွဲ့ဝင်အင်အားအများအပြားကို ရုရှားနှင့် ယူကရိန်းနယ်စပ်သို့ စေလွှတ်ပြီး တပ်ဖြန့်ချထားရေး စီ စဉ်ရန်အတွက် သမ္မတဂျိုးဘိုင်ဒန်အစိုးရအနေဖြင့် ဆွေးနွေးနေကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းတွင် New York Times သတင်းစာ၌ ရေးသားဖော်ပြခဲ့သည်။

 

ရုရှားကျူးကျော်တိုက်ခိုက်မှုမှ ယူကရိန်းနိုင်ငံကာကွယ်ရေးအတွက် ဘိုင်ဒန်အစိုးရ၏ ထုတ်ဖော်ပြသရန် ကြိုး ပမ်းမှုမှာ ဖန်တရာတေနေပြီဖြစ်သော်လည်း နျူကလီးယားပိုင်ဆိုင်သည့် အင်အားကြီးနိုင်ငံဖြစ်သော ရုရှားနိုင်ငံ အား ရည်ရွယ်ချက်ရှိရှိ ရန်စရန် စစ်ရေးအရအရှိန်မြှင့်တင်ရေးအတွက် အမေရိကန်အစိုးက ပြင်ဆင်နေသည်မှာ သိသာထင်ရှားသည်။

 

အမေရိကန်တပ်များကို အင်အား ၁၀၀၀ မှ ၅၀၀၀ အထိ ရိုမေးနီးယားနှင့် ဘော်လတစ်နိုင်ငံများဖြစ်သော အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယားတို့တွင် တပ်ဖြန့်ချထားနိုင်ရန် ပင်တဂွန်စစ်ဌာနချုပ်မှ မဟာဗျူဟာရေးဆွဲသူများနှင့် သမ္မတဂျိုးဘိုင်ဒန်တို့ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ တပ်ဖြန့်ချထားမှုကို အင်အား ၅၀၀၀၀ အထိ တိုးမြှင့်ချထားရန် ဆွေးနွေးလျက်ရှိသည်။

 

ရုရှားနိုင်ငံမြို့တော် မော်စကိုကို မိနစ်ပိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်နိုင်သည့် ဒုံးကျည်စခန်းများတည်ဆောက် ရေးအတွက် ယူကရိန်းအစိုးရကို လက်နက်ခဲယမ်းများထောက်ပံ့သွားရန် စီစဉ်နေကြောင်း အမေရိကန်အစိုးရက ကြေညာလိုက်ပြီးနောက် ယခုဆွေးနွေးပွဲသတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

ယခုဆွေးနွေးမှုသည် အမေရိကန်အစိုးရ၏ ရန်စကျူးကျော်မှုမပြုလုပ်ရေးမဟာဗျူဟာကို ဘေးဖယ်ထားလိုက် သည့် ဂျိုးဘိုင်ဒန်အစိုးရအတွက် အရေးအကြီးဆုံးသောအကြောင်းအရာဖြစ်ကြောင်း New York Times သ တင်းစာကရေးသားသည်။ ဘိုင်ဒန်အစိုးရသည် ပင်တဂွန်စစ်ဌာနချုပ်စီမံကိန်းရေးဆွဲသည့်ထိပ်တန်းအရာရှိ ဟောင်း ဂျမ်တောင်းဆန်းကို ဖိတ်ခေါ်ပြီး ဥရောပတစ်ခွင်စစ်အင်အား အလုံးအရင်းစုဖွဲ့ရန်ုပြင်ဆင်ခြင်းသည် ရုရှားနိုင်ငံနှင့် စစ်မက်ဖြစ်ပွားနိုင်သည်ဆိုသော ခန့်မှန်းချက်များမှာကို ဖော်ညွှန်းနေကြောင်း New York Times သတင်းဌာနက ဖော်ပြသွားသည်။

 

“ပူတင်ကို ဟန့်တားဖို့ အရမ်းနောက်ကျနေပြီနဲ့တူပါတယ်။ တကယ်လို့ ရုရှားက ယူကရိန်းကို အခုသီတင်းပတ် တွေအတွင်းမှာ ကျူးကျော်တိုက်ခိုက်ခဲ့တယ်ဆိုရင် အဲဒီ အမေရိကန်စစ်သည် ၅၀၀၀ ဟာ ဒီ့ထက်အများကြီး အင်အားပိုမိုကြီးမားတဲ့ အမေရိကန်တပ်တွေနဲ့ မဟာမိတ်တပ်တွေရဲ့ ကနဦးပေးဆပ်မှုပဲဖြစ်သင့်တယ်။ အနောက်ဥရောပဟာ နောက်ထပ်တစ်ကြိမ် စစ်ပွဲအတွက် လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့နယ်မြေတစ် ခုဖြစ်လာပါလိမ့်မယ်။” ဟု ဂျမ်တောင်းဆန်းက ပြောသည်။

 

ရုရှားနိုင်ငံ၏ အဆက်မပြတ်ခြိမ်းခြောက်နေမှုများကြောင့် ယူကရိန်းနိုင်ငံရှိ အမေရိကန်သံတမန်မိသားစုများနှင့် အမေရိကန်နိုင်ငံသားများကို ယူကရိန်းနိုင်ငံမှ ထွက်ခွာသွားကြရန် အမေရိကန်အစိုးရက ဇန်နဝါရီလ ၂၃ ရက်  နေ့က အမိန့်ထုတ်ပြန်ခဲ့သည်။

 

အမေရိကန်အစိုးရနှင့် ယူကရိန်းအစိုးရတို့၏ ထိပ်သီးဆွေးနွေးပွဲများတွင်ပါဝင်ခဲ့သည့် အမေရိကန်အရာရှိတစ်ဦး ဖြစ်သော ဗိုလ်မှူးကြီးအလက်ဇန္ဒားဗိုင်းမန်းက အမေရိကန်၏တွက်ချက်မှုများကို ဇန်နဝါရီလ ၂၃ ရက်နေ့က ရှင်း ပြသည်။ နေတိုးအဖွဲ့မှ လက်နက်များကို ယူကရိန်းသို့ ရုရှားနယ်စပ်သို့ တိုက်ရိုက်ပို့ဆောင်ရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍ရှင်းပြရာတွင် ဗိုလ်မှူးကြီးအလက်ဇန္ဒားဗိုင်းမန်းက “အဲဒီလက်နက်တွေက ပို့နေပါပြီ။ ဖြစ်မှာကတော့ သေချာသလောက်ပါပဲ။ အခု နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။” ဟု ပြောသည်။

 

နေတိုးအဖွဲ့အနေဖြင့် စစ်ပွဲအတွင်းပါဝင်ပတ်သက်ဖို့နီးပါးရှိနေပြီဖြစ်ကြောင်း ကြေညာရင်း ရုရှားနှင့်စစ်ဖြစ်ပွားရန် စီစဉ်ထားသည်မှာ မှန်ကန်ကြောင်း အလက်ဇန္ဒားဗိုင်းမန်းကပြောသည်။ “ဒီကိစ္စဟာ အမေရိကန်လူထုအတွက် ဘာ့ကြောင့် အရေးကြီးတာလဲ။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကျွန်တော်တို့နိုင်ငံဟာ ဥရောပဒေသမှာ အကြီး မားဆုံးစစ်ပွဲကြီးနဲ့ ရင်ဆိုင်ရတော့မှာမို့လို့ ဒီကိစ္စက အရေးကြီးပါတယ်။ လေတပ်အင်အားတွေ၊ တာဝေးပစ် အ မြောက်တွေ၊ ခရုစ်ဒုံးကျည်တွေ နှစ်ပေါင်း ၈၀ ကျော်အတွင်းမှာ ကျွန်တော်တို့ တစ်ခါမှမမြင်ဖူးတဲ့လက်နက်တွေ ကို တပ်ဖြန့်ချထားတော့မှာပါ။” ဟု ၎င်းကပြောသည်။

 

နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံ၏ ဒီမိုကရေစီနှင့် အချုပ်အခြာအာဏာကို အကာအကွယ်ပေးရန်အတွက် ယခုစစ်ပွဲကို တိုက်ခိုက်မည်ဆိုသည့် အကြောင်းပြချက်မှာ လိမ်လည်မှုတစ်ခုဖြစ်သည်။

 

ရုရှားလိုလားသည့် အစိုးရကို ပြိုလဲစေခဲ့သော ပို၍လက်ျာဆန်သည့်အစိုးရတစ်ရပ်ကို ကီယက်ဗ်မြို့တွင် အမေရိ ကန်နှင့် ဂျာမန်ထောက်ပံ့ထားသည့်အင်အားစု တစ်စုက ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလတွင် မြှောက်တင်ခဲ့ခြင်းဖြစ် သည်။ ယင်းအချိန်ကတည်းက အမေရိကန်အစိုးရနှင့် နေတိုးအဖွဲ့ဝင်မဟာမိတ်နိုင်ငံများသည် ရုရှားနိုင်ငံကို တိုက်ခိုက်ရန် အခြေချစစ်စခန်းတည်ဆောက်ရေးအတွက် ၎င်းတို့၏ စစ်အင်အားကို ယူကရိန်းနိုင်ငံသို့ စနစ်တ ကျရွှေ့ပြောင်းနေခဲ့ခြင်းဖြစ်သည်။ ယင်းအစီအစဉ်များက လက်ရှိအချိန်တွင် သိသိသာသာ အရှိန်မြင့်တက်လာ ခြင်းဖြစ်သည်။

 

ယနေ့အချိန်တွင် နေတိုးအဖွဲ့သည် အမေရိကန်လေယာဉ်တင်သင်္ဘော USS Harry Truman ဦးဆောင်သော တိုက်ခိုက်ရေးအုပ်စုပါဝင်သည့် “Neptune Strike 22” စစ်ရေးလေ့ကျင့်မှုကို မြေထဲပင်လယ်ဒေသတွင်ဆောင် ရွက်လျက်ရှိသည်။ ယင်းစစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားအစိုးရကို သတိပေးရန်အ တွက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီကပြောသည်။

 

Ref: White House discussed plans to send up to 50,000 troops to Eastern Europe

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: White House discussed plans to send up to 50,000 troops to Eastern Europe

 

#PeopleMedia


Share this post