• Follow Us on

Home အရှေ့မျှော်ဝါဒ၏အစိတ်အပိုင်းအဖြစ် အိန္ဒိယက တောင်တရုတ်ပင်လယ်အတွင်း စစ်သင်္ဘောများ တပ်ဖြန့်ချ ထား

အရှေ့မျှော်ဝါဒ၏အစိတ်အပိုင်းအဖြစ် အိန္ဒိယက တောင်တရုတ်ပင်လယ်အတွင်း စစ်သင်္ဘောများ တပ်ဖြန့်ချ ထား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅ (People Media)

 

တရုတ်နိုင်ငံအား တန်ပြန်ရင်ဆိုင်ရာတွင် ဒေသတွင်းပိုမိုကြီးမားသောအခန်းကဏ္ဍမှပါဝင်ရန် ရည်ရွယ်သည့် အရိပ်လက္ခဏာပြသသည့်အနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးဆက်ဆံမှုတိုးချဲ့ရန် အိန္ဒိယနိုင်ငံက စစ် သင်္ဘောအုပ်စုတစ်စုကို ယခုလအတွင်း တောင်တရုတ်ပင်လယ်တွင်းသို့ စေလွှတ်လိုက်ကြောင်း သြဂုတ်လ ၄ ရက်နေ့တွင် အိန္ဒိယအရာရှိများကပြောကြားလိုက်သည်။

 

အိန္ဒိယတပ်မတော်သည် တရုတ်နိုင်ငံ၏ရန်လိုမှုကို အစဉ်အလာအရ အမြဲသတိရှိနေသော်လည်း လွန်ခဲ့သည့်နှစ် က အငြင်းပွားနယ်မြေအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များထိပ်တိုက်ရင်ဆိုင်တွေ့ရှိမှုဖြစ်ပွားခဲ့ပြီးနောက် ပို၍ခက်ထန် တင်းမာလာခဲ့သည်။ ယင်းပြဿနာဖြစ်ပွားပြီးကတည်းက တရုတ်နိုင်ငံအားရင်ဆိုင်တုံ့ပြန်ရန် ကြိုးပမ်းရာတွင် အိန္ဒိယအစိုးရသည် အမေရိကန်ပြည်ထောင်စုနှင့် ပိုမိုနီးကပ်စွာဆက်ဆံလာခဲ့သည်။

 

ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘောတစ်စီးနှင့် ဒုံးကျည်တပ်ဖရီးဂိတ်သင်္ဘောတစ်စီးအပါအဝင် စစ်သင်္ဘောလေးစီး ကို တပ်ဖြန့်ချထားလိုက်ပြီး အရှေ့တောင်အာရှ၊ တောင်တရုတ်ပင်လယ်နှင့် ပစိဖိတ်အနောက်ပိုင်းဒေသတို့တွင် နှစ်လကြာတပ်ဖြန့်ချထားမည်ဖြစ်ကြောင်း အိန္ဒိယရေတပ်က ထုတ်ပြန်ကြေညာခဲ့သည်။

 

သယံဇာတပေါကြွယ်ဝသည့်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုတောင်းဆိုချက်ကို အမေရိ ကန်အစိုးရကပယ်ချလိုက်သဖြင့် တောင်တရုတ်ပင်လယ်သည် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု၏  ဆက်ဆံရေးကြားတွင်  ပေါက်ကွဲလုနီးပါးအခြေအနေများထဲမှ အခြေအနေတစ်ရပ်ဖြစ်လာခဲ့သည်။

 

ဇွန်လတွင် ပုံမှန်ခရီးစဉ်အဖြစ် ယူအက်စ်အက်စ်ရိုနယ်ရီဂင်ဦးဆောင်သော အမေရိကန်လေယာဉ်တင်သင်္ဘော အုပ်စုတစ်စု တောင်တရုတ်ပင်လယ်တွင်း ဝင်ရောက်လာသလို ယခုလအတွင်း ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဗြိတိန်စစ် သင်္ဘောအုပ်စုတစ်စု စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားကြောင်းသိရသည်။

 

အိန္ဒိယစစ်သင်္ဘောများသည် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် သြစတေးလျနိုင်ငံတို့ပါဝင်ပြီး ဂူဝမ်ပင်လယ် ပြင်တွင်ကျင်းပမည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်သွားမည်ဖြစ်ကြောင်း အိန္ဒိယရေတပ်ကကြေ ညာခဲ့သည်။ ယင်းလေးပွင့်ဆိုင်အုပ်စုကို တရုတ်နိုင်ငံကိုရင်ဆိုင်တုံ့ပြန်သွားမည့် နည်းလမ်းတစ်ရပ်အဖြစ် အမေ ရိကန်အစိုးရက အားပေးပြောဆိုခဲ့သည်။

 

ဘက်ပေါင်းစုံ စစ်ရေးလေ့ကျင့်မှုများကို ဒေသတွင်းမတည်မငြိမ်ဖြစ်စေရန်ဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံက အတိတ်ကာလကဝေဖန်ခဲ့ဖူးသည်။

 

Ref: India deploys warships in South China Sea as part of ‘Act East’ policy

 

#PeopleMedia #အိန္ဒိယ #တောင်တရုတ်ပင်လယ်

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: India deploys warships in South China Sea as part of ‘Act East’ policy

 



Share this post