• Follow Us on
Latest News

Home အဝေးပြေးယာဉ်လိုင်းများပြန်ပြေးဆွဲဖို့ အစီအစဉ်မရှိသေးဟု YRTA အတွင်းရေးမှူး ပြော

အဝေးပြေးယာဉ်လိုင်းများပြန်ပြေးဆွဲဖို့ အစီအစဉ်မရှိသေးဟု YRTA အတွင်းရေးမှူး ပြော

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများပြန်ပြေးဆွဲဖို့အတွက် COVID 19 ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ညွှန်ကြားထားခြင်းမရှိသေးသည့်အတွက် ပြန်လည်ပြေးဆွဲရန် အစီအစဉ်မရှိသေးကြောင်းဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။

လက်ရှိအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများပြန်လည်ပြေးဆွဲခွင့်ရရှိရေး အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီညွှန်ကြား ချက်အား စောင့်ဆိုင်းလျက်ရှိပြီး ယင်းခွင့်ပြုချက်ရရှိမှသာ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဆရာတို့ကတော့ပြောလို့မရသေးဘူး ပြည်ထောင်စုရဲ့အမိန့်ကိုစောင့်နေတာ သူတို့တွေကကြေညာမှ ပြောလို့ရမှာ။ ဆရာတို့ဘက်က ဘာမှလုပ်လို့မရတာ။ ကျန်းမာရေးဗဟိုကကြေညာမှပါ လေကြောင်းလိုင်း တွေပြေးသလိုပဲ ခွင့်ပြုမှ အဲ့လိုလုပ်လို့ရမှာ” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

လကုန်အဝေးပြေးယာဉ်လိုင်းများ ပြန်လည်းပြေးဆွဲမည်ဆိုသည့် ကောလဟာလများသည်လည်း အတည် မဟုတ်ကြောင်း၎င်းကပြောသည်။

အဝေးပြေးယာဉ်လိုင်းများမှာ ကိုဗစ်ပထမလိုင်းအတွင်း ဧပြီလကစ၍ သုံးလအကြာပြေးဆွဲမူရပ်နားခဲ့ရပြီး ဇူလိုင်လတွင် ကျန်းမာရေးလမ်းညွှန်ချက်များဖြင့် ပြန်လည်ပြေးဆွဲခဲ့သည်။

သို့သော် တစ်လခန့်သာပြေးဆွဲနိုင်ခဲ့ပြီး ကိုဗစ်ဒုတိယလိူင်းကြောင့် ယနေ့အချိန်အထိ ပြေးဆွဲမှု ပြန်လည်ရပ်နား ထားရသည်။

ထိုသို့ အဝေးပြေးယာဉ်များခရီးသည်တင်ပြေးဆွဲမှုရပ်နားထားခြင်းကြောင့် ယာဉ်လိူင်းအချို့မှာ ကုန်စည်သယ်ယူ ပို့ဆောင်သည့်နည်းဖြင့် ဆက်လက်ရပ်တည်နေသည်။

#PeopleMedia #ယာဉ်လိုင်း

(unicode)
…………………………………………..











Share this post