• Follow Us on

Home အသေးစားလေဆာလမ်းညွှန်ဒုံးကျည်စနစ်သစ် Roketsan ကုမ္ပဏီ ထုတ်ဖော်ပြသ

အသေးစားလေဆာလမ်းညွှန်ဒုံးကျည်စနစ်သစ် Roketsan ကုမ္ပဏီ ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၈ (People Media)

 

မောင်းသူမဲ့ဒရုန်းလေယာဉ်များတွင် တပ်ဆင်ပစ်ခတ်နိုင်သည့် အသေးစားလေဆာလမ်းညွှန်ဒုံးကျည်စနစ်သစ် တစ်ခုကို IDEF 2021 နိုင်ငံတကာကာကွယ်ရေးပြပွဲတွင် တူရကီနိုင်ငံမှ Roketsan ကုမ္ပဏီက ထုတ်ဖော်ပြသ ခဲ့သည်။

 

နည်းပညာအသစ်များအသုံးပြုပြီး Roketsan ကုမ္ပဏီက ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့သည့် အဆိုပါ လေဆာလမ်း ညွှန်ဒုံးကျည်စနစ်သစ်ကို ဝေဟင်/ မြေပြင် မောင်းသူမဲ့ယာဉ်များတွင်တပ်ဆင်၍လည်းကောင်း ခြေလျင်တိုက် ခိုက်ရေးလက်နက်အဖြစ်လည်းကောင်း အသုံးပြုနိုင်ကြောင်းသိရသည်။ လေဆာလမ်း ညွှန်ဒုံးကျည်စနစ်ကို ဒလက်လေးခုပါသော ဒရုန်း၏အောက်ဘက်အပိုင်းတွင်ချိတ်ဆွဲတပ်ဆင်ထားသည်။

 

လေဆာလမ်းညွှန်ဒုံးကျည်သည် မျိုးစပ်စစ်ပွဲများတွင်ရော သမရိုးကျစစ်ပွဲများတွင်ပါ အသုံးပြုနိုင်သည့် ဆန်းသစ် တီထွင်ဖန်တီးထားသောလက်နက်စနစ်သစ်တစ်ခုဖြစ်သည်။ အဆိုပါဒုံးကျည်ကို လူကိုယ်တိုင်ထိန်းချုပ်ကိုင် တွယ်သည့်စနစ်ဖြင့်ဖြစ်စေ လူမပါဘဲထိန်းချုပ်ကိုင်တွယ်သည့်စနစ်ဖြင့်ဖြစ်စေ ပစ်ခတ်နိုင်သည်။ ယင်းဒုံးကျည် သည် ထိရောက်မှုအကွာအဝေးနှင့် တိကျသောစွမ်းရည်ရှိပြီး ပုံသေပစ်မှတ်များနှင့် လူသားပစ်မှတ်များကို ထိ ရောက်စွာတိုက်ခိုက်ဖျက်ဆီးနိုင်သောစွမ်းရည်ရှိကြောင်း သိရသည်။

 

လေဆာလမ်းညွှန်ဒုံးကျည်၏အချင်းမှာ ၄၀ မီလီမီတာသာရှိပြီး အလျားမှာ ၅၀ စင်တီမီတာရှိသည်။ အဆိုပါ လေ ဆာလမ်းညွှန်ဒုံးကျည်သည် semi-active လေဆာလမ်းညွှန်စနစ်ကိုအသုံးပြုထားပြီး အမြင့်ဆုံးတာဝေးပစ်ခတ် မှုအဖြစ် မီတာ ၁,၀၀၀ အထိ ပစ်ခတ်နိုင်ကြောင်းသိရသည်။

 

Ref: IDEF 2021: Roketsan mini laser-guided missile designed to be fire from aerial drones

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 

Ref: IDEF 2021: Roketsan mini laser-guided missile designed to be fire from aerial drones

#PeopleMedia


Share this post