• Follow Us on

Home အသေရိုက်သတ်ခံရတဲ့ ကျောင်းသားအတွက် လူ ၂၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲအမှုဖွင့်


Share this post





Ref; Reuters


(Unicode)
အသေရိုက်သတ်ခံရတဲ့ ကျောင်းသားအတွက် လူ ၂၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲအမှုဖွင့်
……………………………………………………………

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ အသက် ၂၁ အရွယ် ကျောင်းသားတစ်ဦးကို အသေ ရိုက်သတ်မှုဖြစ်ရပ်အတွက် လူ ၂၅ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါ တယ်။

အီဘရာ ဖာဟတ်ဆိုသူဟာ အစိုးရရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ဝေဖန်ရေး သားခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ အထင်ကရ တက္ကသိုလ်တစ်ခုရဲ့ အရှေ့မှာ ကျောင်းသားတွေ ဝိုင်းရိုက်တာ ခံခဲ့ရတာဖြစ်ပါတယ်။

ဖာဟတ်သေဆုံးမှုကြောင့် နိုင်ငံတစ်ဝှမ်းတက္ကသိုလ်တွေမှာ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အမှုမှာ ၁၁ ဦးက တိုက်ရိုက်ပါဝင်ပတ်သက်နေပြီး ကျန်တဲ့သူတွေကတော့ အားပေးအားမြှောက်လုပ်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ကပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ ကျောင်းသားအများစုဟာ လက်ရှိဘင်္ဂလားဒေ့ရှ်အာဏာရပါတီရဲ့ လူငယ်အဖွဲ့အစည်းက ဖြစ်တယ်လို့ သိရပါတယ်။

Ref; Reuters

#PeopleMedia #International


Share this post