• Follow Us on

Home အေျခခံပညာအထက္တန္းေက်ာင္းေပါင္း ၃၀၀၀ ေက်ာ္ ဖြင့္လွစ္ရန္ က်န္ရွိေနေသးၿပီး အလယ္တန္းေက်ာင္း မ်ား စက္တင္ဘာလ စတင္ဖြင့္ပါကတစ္ၿပိဳင္နက္ထဲဖြင့္လွစ္ရန္ စီစဥ္မည္

အေျခခံပညာအထက္တန္းေက်ာင္းေပါင္း ၃၀၀၀ ေက်ာ္ ဖြင့္လွစ္ရန္ က်န္ရွိေနေသးၿပီး အလယ္တန္းေက်ာင္း မ်ား စက္တင္ဘာလ စတင္ဖြင့္ပါကတစ္ၿပိဳင္နက္ထဲဖြင့္လွစ္ရန္ စီစဥ္မည္

Share this post

ရန္ကုန္၊ ၾသဂုတ္ ၁၄

အေျခခံပညာအထက္တန္းေက်ာင္းေပါင္း ၃၀၀၀ေက်ာ္ ဖြင့္လွစ္ရန္ က်န္ရွိေနေသးၿပီး အလယ္တန္းေက်ာင္းမ်ား စက္တင္ဘာလ စတင္ဖြင့္ပါကတစ္ၿပိဳင္နက္ထဲဖြင့္လွစ္ရန္ စီစဉ္မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန ဒုတိၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္၀င္းကေျပာသည္။

“အခုေက်ာင္းေတြျပန္ဖြင့္ဖို႔ ေခါင္းေဆာင္စစ္ေဆးတာက က်န္းမာေရးဌာနပဲ။သူတို႔ကစစ္တယ္ စစ္ၿပီးေတာ့မွ Covidဗဟိုေကာ္မတီကိုတင္တယ္။covidဗဟိုေကာ္မတီက ေက်ာင္းျပန္ဖြင့္ဖို႔ ခြင့္ျပဳမွ ကြၽန္ေတာ္တို႔ ပညာေရး၀န္ႀကီးဌာန ကေက်ာင္းေတြဖြင့္ရတာျဖစ္ပါတယ္။ပညာေရး၀န္ႀကီးဌာနရဲ႕ ဆုံးျဖတ္ခ်က္လုံး၀မရွိဘူးျဖစ္ပါတယ္။အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔က အခုထိလည္းပဲ အထက္တန္းအဆင့္ေက်ာင္းေပါင္း၇၁၇၃ေက်ာင္းရွိတဲ့အခါမွာ ဒီေန႔အထိေအာင္၄၁၅၆ေက်ာင္းပဲဖြင့္ခြင့္ရွိပါေသးတယ္။ေက်ာင္းေပါင္း၃၀၀၀ေက်ာ္ဖြင့္ဖို႔က်န္ပါေသးတယ္။အဲဒါကိုအျမန္ဆုံးဖြင့္လွစ္ႏိုင္ဖို႔လည္း က်န္းမာေရးဌာနကခြင့္ျပဳခ်က္ရမွဖြင့္ရမွာျဖစ္ပါတယ္။အထက္တန္းေက်ာင္းေပါင္းအကုန္ဖြင့္ၿပီးမွ အလယ္တန္းေတြကိုစစ္ပါမယ္။အခုဆိုရင္ ဖြင့္တဲ့ေက်ာင္းကဖြင့္မဖြင့္တဲ့ေက်ာင္းကမဖြင့္ေတာ့ ေက်ာင္းသားေက်ာင္းသူေတြထဲမွာ သင္ယူမႈမညီမမွ်ေလးေတြျဖစ္တာေပါ႔။ဒီဟာကိုသင္ခန္းစာယူၿပီး အလယ္တန္းေက်ာင္းေတြျပန္ဖြင့္တဲ့အခါတစ္ၿပိဳင္နက္ထဲဖြင့္ႏိုင္ေအာင္လုပ္မယ္လို႔ေမွ်ာ္မွန္းပါတယ္’’ဟု ၎ကေျပာသည္။

ပညာေရး၀န္ႀကီးဌာန အေျခခံပညာဦးစီးဌာနလက္ေအာက္တြင္ အေျခခံပညာေက်ာင္းေပါင္းေလးေသာင္းေက်ာ္ ဆရာဆရာေပါင္းေလးသိန္းေက်ာ္ရွိၿပီး လက္ရွိတြင္ အေျခခံပညာအထက္အတန္းအဆင့္ေက်ာင္းမ်ားကို အစိုးရသက္မွတ္သည္ covid 19ကပ္ေရာဂါကာကြယ္ေရးစည္းကမ္းအခ်က္ ၈၀ေက်ာ္ႏွင့္ကိုက္ညီမွသာဖြင့္လွစ္ခြင့္ျပဳေၾကာင္းသိရသည္။

အဆင့္ျမင့္ပညာဦးစီးဌာန ေအာက္ရွိ တကၠသိုလ္ေက်ာင္းေပါင္းမွာ တစ္ရာေက်ာ္ရွိၿပီ းလတ္တေလာတြင္ေက်ာင္းမ်ားဖြင့္လွစ္ျခင္းမျပဳေသးဘဲ အြန္လိုင္းမွေန၍ သင္ယူသင္ၾကားမႈျပဳလုပ္ရန္ စီစဉ္ထားေၾကာင္းသိရသည္။

#PeopleMedia #ပညာေရး

(unicode)
အခြေခံပညာအထက်တန်းကျောင်းပေါင်း ၃၀၀၀ ကျော် ဖွင့်လှစ်ရန် ကျန်ရှိနေသေးပြီး အလယ်တန်းကျောင်း များ စက်တင်ဘာလ စတင်ဖွင့်ပါကတစ်ပြိုင်နက်ထဲဖွင့်လှစ်ရန် စီစဉ်မည်
…………………………………………………

ရန်ကုန်၊ ဩဂုတ် ၁၄

အခြေခံပညာအထက်တန်းကျောင်းပေါင်း ၃၀၀၀ကျော် ဖွင့်လှစ်ရန် ကျန်ရှိနေသေးပြီး အလယ်တန်းကျောင်းများ စက်တင်ဘာလ စတင်ဖွင့်ပါကတစ်ပြိုင်နက်ထဲဖွင့်လှစ်ရန် စီစဉ်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။

“အခုကျောင်းတွေပြန်ဖွင့်ဖို့ ခေါင်းဆောင်စစ်ဆေးတာက ကျန်းမာရေးဌာနပဲ။သူတို့ကစစ်တယ် စစ်ပြီးတော့မှ Covidဗဟိုကော်မတီကိုတင်တယ်။covidဗဟိုကော်မတီက ကျောင်းပြန်ဖွင့်ဖို့ ခွင့်ပြုမှ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာန ကကျောင်းတွေဖွင့်ရတာဖြစ်ပါတယ်။ပညာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်လုံးဝမရှိဘူးဖြစ်ပါတယ်။အဲဒါကြောင့် ကျွန်တော်တို့က အခုထိလည်းပဲ အထက်တန်းအဆင့်ကျောင်းပေါင်း၇၁၇၃ကျောင်းရှိတဲ့အခါမှာ ဒီနေ့အထိအောင်၄၁၅၆ကျောင်းပဲဖွင့်ခွင့်ရှိပါသေးတယ်။ကျောင်းပေါင်း၃၀၀၀ကျော်ဖွင့်ဖို့ကျန်ပါသေးတယ်။အဲဒါကိုအမြန်ဆုံးဖွင့်လှစ်နိုင်ဖို့လည်း ကျန်းမာရေးဌာနကခွင့်ပြုချက်ရမှဖွင့်ရမှာဖြစ်ပါတယ်။အထက်တန်းကျောင်းပေါင်းအကုန်ဖွင့်ပြီးမှ အလယ်တန်းတွေကိုစစ်ပါမယ်။အခုဆိုရင် ဖွင့်တဲ့ကျောင်းကဖွင့်မဖွင့်တဲ့ကျောင်းကမဖွင့်တော့ ကျောင်းသားကျောင်းသူတွေထဲမှာ သင်ယူမှုမညီမမျှလေးတွေဖြစ်တာပေါ့။ဒီဟာကိုသင်ခန်းစာယူပြီး အလယ်တန်းကျောင်းတွေပြန်ဖွင့်တဲ့အခါတစ်ပြိုင်နက်ထဲဖွင့်နိုင်အောင်လုပ်မယ်လို့မျှော်မှန်းပါတယ်’’ဟု ၎င်းကပြောသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနလက်အောက်တွင် အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော် ဆရာဆရာပေါင်းလေးသိန်းကျော်ရှိပြီး လက်ရှိတွင် အခြေခံပညာအထက်အတန်းအဆင့်ကျောင်းများကို အစိုးရသက်မှတ်သည် covid 19ကပ်ရောဂါကာကွယ်ရေးစည်းကမ်းအချက် ၈၀ကျော်နှင့်ကိုက်ညီမှသာဖွင့်လှစ်ခွင့်ပြုကြောင်းသိရသည်။

အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်ကျောင်းပေါင်းမှာ တစ်ရာကျော်ရှိပြီ းလတ်တလောတွင်ကျောင်းများဖွင့်လှစ်ခြင်းမပြုသေးဘဲ အွန်လိုင်းမှနေ၍ သင်ယူသင်ကြားမှုပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။

#PeopleMedia #ပညာရေး


Share this post