• Follow Us on

Home အခြေခံဥပဒေနှင့်အညီ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲများအတွက် အသင့်ရှိရန်လိုအပ်ကြောင်း တ-စ-ည ပါတီ ဥက္ကဋ္ဌပြောဆို

အခြေခံဥပဒေနှင့်အညီ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲများအတွက် အသင့်ရှိရန်လိုအပ်ကြောင်း တ-စ-ည ပါတီ ဥက္ကဋ္ဌပြောဆို

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၄ (People Media)

 

မိမိတို့ပါတီသည် အခြေခံဥပဒေကို မဏ္ဍိုင်ပြုကာ တန်ဖိုးထားလေးစားသည့်အလျောက် အခြေခံဥပဒေနှင့်အညီ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲများအတွက် အသင့်ရှိနေရန်လိုအပ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက ပါတီဝင်များကို တိုက်တွန်းပြောကြားလိုက်သည်။

 

တစညပါတီ (၃၃) နှစ်မြောက် အထိမ်းအမှတ်နေ့တွင် ပါတီဝင်များထံသို့ ပေးပို့သည့် ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေ၏ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

 

အရေးပေါ်အခြေအနေ ကြေညာပြီး အခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်များကို ယာယီအားဖြင့် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီက ချမှတ်ဖော်ဆောင်လျက်ရှိသော ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဠာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပ ဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင် ရွက်မည်ဟူ၍ပါရှိကြောင်း သို့ဖြစ်၍ မိမိတို့ပါတီသည် အခြေခံဥပဒေကို မဏ္ဍိုင်ပြုကာ တန်ဖိုးထားလေးစားသည့် အလျောက် အခြေခံဥပဒေနှင့်အညီ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲများအတွက် အသင့်ရှိနေရန်လိုအပ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီဥက္ကဋ္ဌ တစညပါတီဥက္ကဋ္ဌ၏ သဝဏ်လွှာအရ သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနေရချိန်တွင် အနောက်တိုင်းအရင်းရှင်နိုင်ငံ ကြီးများနှင့် မွတ်ဆလင်အသိုက်အဝန်း (OIC) နိုင်ငံများက ရခိုင်ပြည်နယ်၊ ဘင်္ဂါလီအရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေများကို အကြောင်းပြုလျက် မြန်မာနိုင်ငံအား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ပိတ်ဆို့ မှုများဖြင့် ဖိအားပေးခြင်း၊ အကြပ်ကိုင်ခြင်းများကို ပြုလုပ်နေကြကြောင်း ဦးဟန်ရွှေက ပြောဆိုထားသည်။

 

ထိုကဲ့သို့သော အခြေအနေတွင် ပြည်ပမှစိန်ခေါ်မှုများကို အစဉ်တစိုက်ကျင့်သုံးခဲ့သော ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူသော အခြေခံမှုနှင့်အညီ တိုင်းရင်းသားများ၏ စည်းလုံးညီညွှတ်မှုစွမ်းအားဖြင့် တွန်းလှန်ဖယ်ရှားသွားကြရမည်ဟု ခံယူထားကြောင်း ၎င်းက ပြောသည်။

 

#PeopleMedia #တစည #Political

 

(unicode)

အခွခေံဥပဒနှေင့ျအညီ ဖွဈပေါျလာမည့ျ ရှေးကောကျပှဲမြားအတှကျ အသင့ျရှိရနျလိုအပျကွောငျး တ-စ-ည ပါတီ ဥက်ကဋ်ဌပွောဆို

………………………………………………………….

 


 


 


 


 


 


 



Share this post