• Follow Us on

Home အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်းမှ ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိပြော

အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်းမှ ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိပြော

Share this post

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာပြီး နိုင်ငံတော် အာဏာအားရယူခြင်းနှင့် ဖြစ်ပေါ်နေသော ဆန္ဒပြမှုများ၊ အစိုးရတာဝန်ရှိသူများကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်းမှ ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

 

၎င်းအပြင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သောကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းအားလုံး အနေဖြင့် တည်ငြိမ်မှုနှင့် ငြိမ်သက်မှုကို ထိန်းသိမ်းသွားရန်၊ အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း ၎င်းတို့၏ ကွဲလွဲချက်များကို ဆွေးနွေးခြင်းနှင့် ညှိနှိုင်းခြင်း လုပ်ဆောင်သွားရန်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကို ဆက်လက်လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း အကြံပြုသည်။

 

ဆန္ဒပြမှုနှင့်ပတ်သက်၍ နောက်ထပ် ပဋိပက္ခနှင့် သွေးထွက်သံယိုမှုမဖြစ်ပွားအောင် ကာကွယ်ရန်နှင့် အခြေ အနေကို တက်နိုင်သမျှ အမြန်ဆုံး ငြိမ်သက်သာအောင် လုပ်ဆောင်ရန်ဖြစ်ကြောင်းလည်းပြောဆိုခဲ့သည်။

 

#PeopleMedia

 

(unicode)

………………………………………………




#PeopleMedia


Share this post