• Follow Us on

Home အခြေအနေဆိုးရွားလာလျှင် စစ်တပ်က လက်ပိုက်ကြည့်နေမည်မဟုတ်ဟု တရုတ်သတင်းစာ ဖော်ပြ

အခြေအနေဆိုးရွားလာလျှင် စစ်တပ်က လက်ပိုက်ကြည့်နေမည်မဟုတ်ဟု တရုတ်သတင်းစာ ဖော်ပြ

Share this post

ဟောင်ကောင်မှ အခြေစိုက်ထားတဲ့ တရုတ်စစ်သားတွေဟာ အမှတ်သင်္ကေတတစ်ခုအနေနဲ့ ထားရှိရုံသတ်သတ်မဟုတ်ဘူးလို့ China Daily သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်မှာ သြဂုတ် ၃၀ ရက်နေ့က ရေးသားဖော်ပြလာပါတယ်။

ဟောင်ကောင်ရဲ့ အခြေအနေပိုဆိုးလာခဲ့ရင် တရုတ်စစ်သားတွေအနေနဲ့ လက်ပိုက်ကြည့်နေစရာ အကြောင်းမရှိဘူးလို့လည်း ရေးသားထားပါတယ်။

တရုတ်စစ်တပ်ဟာ ဗြိတိန်က ဟောင်ကောင်ဒေသကို လွှဲပြောင်းယူပြီးကတည်းက ဟောင်ကောင်မှာ တရုတ်စစ်အခြေစိုက်စခန်းတွေကို ထားရှိခဲ့ပါတယ်။

ဟောင်ကောင်မှာ အခြေစိုက်ထားတဲ့ တရုတ်စစ်တပ်ဟာ မကြာခဏ စစ်ရေးသရုပ်ပြလေ့ကျင့်မှုတွေပြုလုပ်လေ့ရှိပေမယ့် အခြေစိုက်စခန်းပြင်ပကို ထွက်ခဲတယ်လို့ CNA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Ref; CNA


Share this post