• Follow Us on

Home အေႂကြေစ့ျဖင့္ ေလာင္းကစားျပဳသူ (၃၁)ဦးကို မန္းရဲတပ္ဖြဲ႕ ဖမ္းဆီး အေရးယူ

အေႂကြေစ့ျဖင့္ ေလာင္းကစားျပဳသူ (၃၁)ဦးကို မန္းရဲတပ္ဖြဲ႕ ဖမ္းဆီး အေရးယူ

Share this post

မႏၲေလး၊ ႏိုဝင္ဘာ ၂၈

၂၇.၁၁.၂၀၁၉ ရက္ေန႔ ညေန (၆)နာရီခြဲ အခ်ိန္ မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ုံး မႈခင္းအကူဌာနစုမွ တပ္ဖြဲ႕ဝင္မ်ား၊ မႏၲေလးခ႐ိုင္မႈခင္းႏွိမ္နင္းေရးဌာနစိတ္မွ တပ္ဖြဲ႕ဝင္မ်ား၊ အမွတ္(၈)ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္ မ်ားသည္ သက္ေသမ်ားႏွင့္အတူ ကေလးကစားကြင္းအား အေၾကာင္းျပကာ အေႂကြေစ့ ေလာင္းကစား ျပဳလုပ္ေနေၾကာင္း သတင္းအရ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ လမ္း(၈ဝ)၊(၃ဝx၃၁)ၾကားရွိ ဦးဆန္းေအာင္၏ Happy Time World အေႂကြေစ့ဂိမ္းဆိုင္အား ဝင္ေရာက္ရွာေဖြခဲ့ရာ Happy Time World ဆိုင္ဝန္ထမ္းမ်ားျဖစ္ေသာ မျဖဴျဖဴေဝ (ေကာင္တာစာေရး)၊ မေအးဇာလီေမာ္(စက္ကိုင္)၊ ကိုလြင္ဦး၊ ကိုက်န္က်ယ္(တ႐ုတ္ႏိုင္ငံသား-ဧည့္) (ဂိမ္းစက္မ်ားျပဳျပင္ ထိန္းသိမ္းသည့္ပညာရွင္)၊ ပိုင္ရွင္ ဦးဆန္းေအာင္၊ ဇင္ကိုသန္႔၊ ထက္ၿဖိဳးပိုင္၊ သန္းေဇာ္ဦး(စက္ကိုင္) တို႔ (၈)ဦးအား လည္းေကာင္း၊ ဂိမ္းဆိုင္အတြင္း ေလာင္းကစားရန္ ေရာက္ရွိေနသူ ဦးရဲထြန္းပါ (၂၃)ဦး အား အေႂကြေစ့ေလာင္းကစားျပဳလုပ္စဉ္လည္းေကာင္း ေတြ႕ရွိရၿပီး ဆိုင္အတြင္း ဆက္လက္ ရွာေဖြရာ ေလာင္းကစား႐ုံ၏ ေျမညီထပ္၊ ပထမထပ္၊ ဒုတိယထပ္၊ စတုတၳထပ္ရွိ အခန္းမ်ား အတြင္းမွ အေႂကြေစ့ေလာင္းကစားစက္မ်ိဳးစုံ (၉၂)လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ကြန္ပ်ဴတာ ၃ လုံး၊လက္ကိုင္ဖုန္းမ်ိဳးစုံ (၁၉)လုံး၊ ေလာင္းေၾကးေငြ (၇၉၃၀၉၅ဝိ/-) အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့သျဖင့္ ဂိမ္းေလာင္းကစား ျပဳလုပ္ရာတြင္ ဒိုင္အျဖစ္ျပဳလုပ္သူ ဦးဆန္းေအာင္(ခ)ေမာင္ဆန္း(၃၈)ႏွစ္၊ (Happy Time World) ဂိမ္းဆိုင္ပိုင္ရွင္ပါ ဆိုင္ဝန္ထမ္း(၈)ဦး၊ ေလာင္းကစားရန္ ေရာက္ရွိေနသူမ်ား ျဖစ္ေသာ ဦးရဲထြန္း (၃၆)ႏွစ္ ေအာင္ေျမသာဇံၿမိဳ႕နယ္ပါ (၂၃)ဦး၊ စုစုေပါင္း(၃၁)ဦး တို႔အား ခ်မ္းေအးသာစံၿမိဳ႕နယ္ အမွတ္(၈) ၿမိဳ႕မရဲစခန္း(ပ)၇၂၅/၂၀၁၉၊ ေလာင္းကစားဥပေဒပုဒ္မ ၁၆(က)/ ၁၇(က)ျဖင့္ အမႈဖြင့္ဖမ္းဆီးစစ္ေဆးလ်က္ ရွိေၾကာင္း သတင္းရရွိပါသည္။

#PeopleMedia

(Unicode)
အကြွေစေ့ဖြင့် လောင်းကစားပြုသူ (၃၁)ဦးကို မန်းရဲတပ်ဖွဲ့ ဖမ်းဆီး အရေးယူ
……………………………………………………

မန္တလေး၊ နိုဝင်ဘာ ၂၈

၂၇.၁၁.၂၀၁၉ ရက်နေ့ ညနေ (၆)နာရီခွဲ အချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၈)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ ကလေးကစားကွင်းအား အကြောင်းပြကာ အကြွေစေ့ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၈ဝ)၊(၃ဝx၃၁)ကြားရှိ ဦးဆန်းအောင်၏ Happy Time World အကြွေစေ့ဂိမ်းဆိုင်အား ဝင်ရောက်ရှာဖွေခဲ့ရာ Happy Time World ဆိုင်ဝန်ထမ်းများဖြစ်သော မဖြူဖြူဝေ (ကောင်တာစာရေး)၊ မအေးဇာလီမော်(စက်ကိုင်)၊ ကိုလွင်ဦး၊ ကိုကျန်ကျယ်(တရုတ်နိုင်ငံသား-ဧည့်) (ဂိမ်းစက်များပြုပြင် ထိန်းသိမ်းသည့်ပညာရှင်)၊ ပိုင်ရှင် ဦးဆန်းအောင်၊ ဇင်ကိုသန့်၊ ထက်ဖြိုးပိုင်၊ သန်းဇော်ဦး(စက်ကိုင်) တို့ (၈)ဦးအား လည်းကောင်း၊ ဂိမ်းဆိုင်အတွင်း လောင်းကစားရန် ရောက်ရှိနေသူ ဦးရဲထွန်းပါ (၂၃)ဦး အား အကြွေစေ့လောင်းကစားပြုလုပ်စဉ်လည်းကောင်း တွေ့ရှိရပြီး ဆိုင်အတွင်း ဆက်လက် ရှာဖွေရာ လောင်းကစားရုံ၏ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ စတုတ္ထထပ်ရှိ အခန်းများ အတွင်းမှ အကြွေစေ့လောင်းကစားစက်မျိုးစုံ (၉၂)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာ ၃ လုံး၊လက်ကိုင်ဖုန်းမျိုးစုံ (၁၉)လုံး၊ လောင်းကြေးငွေ (၇၉၃၀၉၅ဝိ/-) အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဂိမ်းလောင်းကစား ပြုလုပ်ရာတွင် ဒိုင်အဖြစ်ပြုလုပ်သူ ဦးဆန်းအောင်(ခ)မောင်ဆန်း(၃၈)နှစ်၊ (Happy Time World) ဂိမ်းဆိုင်ပိုင်ရှင်ပါ ဆိုင်ဝန်ထမ်း(၈)ဦး၊ လောင်းကစားရန် ရောက်ရှိနေသူများ ဖြစ်သော ဦးရဲထွန်း (၃၆)နှစ် အောင်မြေသာဇံမြို့နယ်ပါ (၂၃)ဦး၊ စုစုပေါင်း(၃၁)ဦး တို့အား ချမ်းအေးသာစံမြို့နယ် အမှတ်(၈) မြို့မရဲစခန်း(ပ)၇၂၅/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က)ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

#PeopleMedia


Share this post