• Follow Us on
Latest News

Home အကြွေးတောင်းပြန်လာသည် အမျိုးသမီးနှစ်ဦးကို လုပ်ကြံသတ်ဖြတ်ကာ အတူပါ ငွေကြေးများ ယူဆောင်သွား ခြင်းခံရ

အကြွေးတောင်းပြန်လာသည် အမျိုးသမီးနှစ်ဦးကို လုပ်ကြံသတ်ဖြတ်ကာ အတူပါ ငွေကြေးများ ယူဆောင်သွား ခြင်းခံရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၁၂ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် ဇန်နဝါရီ ၁၀ ရက်နေ့က အကြွေးတောင်းပြန်လာသည် အမျိုးသမီး နှစ်ဦးကို လုပ်ကြံသတ်ဖြတ်ကာ အတူပါ ငွေကြေးများယူဆောင်သွားခြင်းခံရကြောင်း ဒေသခံများထံက သိရ ပါတယ်။

 

သေဆုံးသူသည် လဲကျေးရွာနေ ဒေါ်မြင့်မြင့်အေးနှင့် ဒေါ်ပွားခင်ဆိုသူဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ပတေးကျေးရွာမှ အကြွေးတောင်းပြီး အပြန်တွင် လမ်းခုလပ်တွင် လုပ်ကြံသတ်ဖြတ်မှုခံရခြင်းဖြစ်ပါတယ်။

 

“သေဆုံးသူတွေကို တော်တော်ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတာကိုတွေ့ရတယ်။ အမျိုးသမီး တစ်ဦး ဆိုရင် လည်ပင်းမှာ ပြတ်ရှဒဏ်ရာတွေလည်း တွေ့သလို ရင်ဘတ်ကို ဓားနဲ့ထိုးသွင်းခံရတဲ့ဒဏ်ရာတွေကိုပါ တွေ့ရတယ်။ အကြွေးတောင်းပြီးလို့ ပြန်လာတယ် ငွေကြေးတချို့ပါလာတယ်လို့ ပြောပေမယ့်လည်း ငွေကြေး တချို့တော့ သေဆုံးသူတွေနားမှာမတွေ့ခဲ့ရဘူး” ဟု ဒေသခံတစ်ဦးကပြောပါတယ်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဝက်လက်မြို့တွင် ကွမ်းရွက်ရောင်းပြီး နေရပ်သို့ပြန်လာသည့် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို လုပ်ကြံသတ်ဖြတ်ကာ ငွေကျပ် သိန်း ၁၀၀ ကျော် လုယက်ယူဆောင်ခြင်းခံခဲ့ရပါတယ်။

 

#PeopleMedia #မင်းကင်း #လုပ်ကြံသတ်ဖြတ်မှု

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post