• Follow Us on

Home အခြားတိုင်းရင်းသားနယ်မြေများကို ကျူးကျော်ခြင်းမပြုဘဲ မိမိနယ်မြေကို ခုခံကာကွယ်နေခြင်းဖြစ်ပြီး KNDF နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ကျဆုံးသူမရှိကြောင်း PNO ထုတ်ပြန်

အခြားတိုင်းရင်းသားနယ်မြေများကို ကျူးကျော်ခြင်းမပြုဘဲ မိမိနယ်မြေကို ခုခံကာကွယ်နေခြင်းဖြစ်ပြီး KNDF နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ကျဆုံးသူမရှိကြောင်း PNO ထုတ်ပြန်

Share this post

ရန်ကုန်၊ သြဂုတ် ၁၈ (People Media)

 

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေနှင့် အခြားတိုင်းရင်းနယ်မြေများကို ကျုးကျော်ခြင်းမပြုဘဲ မိမိနယ်မြေ အတွင်းသာ ခုခံကာကွယ်နေခြင်းဖြစ်သလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် တိုက်ပွဲတွင် လည်း ကျဆုံးသူမရှိကြောင်း PNO က ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့က PNO အထူးဒေသ(၆)အတွင်းရှိ လုံးပျဉ်းကျေးရွာအုပ်စု၊ ပင်ပုံကျေးရွာ အနီးတွင် KNDF ဘက်မှ ကျုးကျော်ဝင်ရောက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ တိုက်ပွဲ၌ PNO ဘက်က (၆) ဦးကျဆုံးကြောင်း  KNDF ထုတ်ပြန်ထားသည်။ ထိုကဲ့သို့ KNDF ၏ ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိကြောင်း PNO က ငြင်းဆိုထားသည်။

 

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေနှင့် အခြားတိုင်းရင်းသားနယ်မြေအတွင်း ကျူးကျော်စစ်မပြုလုပ်ဘဲ မိမိနယ်မြေအတွင်း ခုခံကာကွယ်စစ်ကိုသာကျင့်သုံးနေပြီး၊ ညီနောင်တိုင်းရင်းသားများကို ညီအစ်ကိုရင်းသဖွယ် လေးစားတန်ဖိုးထားသည့်မူကို ဆက်လက်ကိုင်ထားကြောင်း PNO က ဆိုသည်။

 

လက်ရှိအချိန်၌ အဆိုပါဒေသ၌ တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုကြောင့် KNDF နှင့် တပ်မတော်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါတယ်။

 

#PeopleMedia #PNO #KNDF #တပ်မတော်

(unicode)


……………………………………………………………

 


 


 


 


 


 


 



Share this post