• Follow Us on

Home အျငင္းပြားနယ္စပ္တြင္ တ႐ုတ္တပ္ဖြဲ႔မ်ား စစ္ေရးလႈပ္႐ွားမႈမ်ားလုပ္ေနဟု အိႏၵိယေျပာ

အျငင္းပြားနယ္စပ္တြင္ တ႐ုတ္တပ္ဖြဲ႔မ်ား စစ္ေရးလႈပ္႐ွားမႈမ်ားလုပ္ေနဟု အိႏၵိယေျပာ

Share this post

နယူးေဒလီ၊ စက္တင္ဘာ ၁

စေန၊ တနဂၤေႏြေန႔မ်ားတြင္ ႏွစ္ဖက္တည္ၿငိမ္ေနသည့္အေျခအေနမ်ားအေျပာင္းအလဲျဖစ္ရန္ တ႐ုတ္တပ္ဖြဲ႔မ်ားက စစ္ေရးလႈပ္႐ွားမႈမ်ားေဆာင္႐ြက္ေနေၾကာင္း အိႏၵိယႏိုင္ငံက ၾသဂုတ္ ၃၁ ရက္ တနလၤာေန႔တြင္ေျပာသည္။

ဟိမ၀ႏၲာေတာင္တန္းအေနာက္ဘက္မွအျငင္းပြားနယ္စပ္႐ွိေတာင္ကုန္းတစ္ခုတြင္ တ႐ုတ္တပ္ဖြဲ႔မ်ား၏လႈပ္႐ွားမႈမ်ားကို ေတြ႕ခဲ့ၿပီးေနာက္ တားဆီးႏိုင္ရန္ အိႏၵိယတပ္ဖြဲ႔၀င္မ်ားကလည္း ေနာက္ထပ္ေနရာယူေနၾကၿပီး ထပ္တိုက္ေတြ႕ဆံုမႈသည္ အထိက႐ုဏ္းအသြင္မေျပာင္းခဲ့ေၾကာင္း အိႏၵိယစစ္တပ္ႏွင့္အစိုးရသတင္းရင္းျမစ္မ်ားကေျပာသည္။

နယ္စပ္ကိုက်ဴးေက်ာ္ခဲ့ေၾကာင္းစြပ္စြဲမႈမ်ားကို တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္(PLA) က ျငင္းဆိုခဲ့ေသာ္လည္း ႏွစ္ႏိုင္ငံၾကားတင္းမာမႈမ်ား လအေတာ္ၾကာ႐ွိေနသည္။

တနလၤာေန႔တြင္ ႏွစ္ဖက္စစ္တပ္မ်ားေဆြးေႏြးေနေၾကာင္း အိႏၵိယႏိုင္ငံဘက္ကေျပာသည္။

ဇြန္ ၁၅ ရက္တြင္ ႏွစ္ႏိုင္ငံတပ္ဖြဲ႔မ်ား လက္နက္မဲ့တိုက္ခိုက္ခဲ့ၿပီးေနာက္ အိႏိၵယတပ္ဖြဲ႔၀င္ ၂၀ ေသဆံုးခဲ့ၿပီး အထိအခိုက္႐ွိေၾကာင္း တ႐ုတ္စစ္တပ္ဘက္ကေျပာ ေသာ္လည္း အေရအတြက္ကို မေျပာေခ်။

Ref : India says Chinese troops carried out military movement in fresh border row

#PeopleMedia

(unicode)
အငြင်းပွားနယ်စပ်တွင် တရုတ်တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုများလုပ်နေဟု အိန္ဒိယပြော
…………………………………………………

နယူးဒေလီ၊ စက်တင်ဘာ ၁

စနေ၊ တနင်္ဂနွေနေ့များတွင် နှစ်ဖက်တည်ငြိမ်နေသည့်အခြေအနေများအပြောင်းအလဲဖြစ်ရန် တရုတ်တပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်နေကြောင်း အိန္ဒိယနိုင်ငံက ဩဂုတ် ၃၁ ရက် တနင်္လာနေ့တွင်ပြောသည်။

ဟိမဝန္တာတောင်တန်းအနောက်ဘက်မှအငြင်းပွားနယ်စပ်ရှိတောင်ကုန်းတစ်ခုတွင် တရုတ်တပ်ဖွဲ့များ၏လှုပ်ရှားမှုများကို တွေ့ခဲ့ပြီးနောက် တားဆီးနိုင်ရန် အိန္ဒိယတပ်ဖွဲ့ဝင်များကလည်း နောက်ထပ်နေရာယူနေကြပြီး ထပ်တိုက်တွေ့ဆုံမှုသည် အထိကရုဏ်းအသွင်မပြောင်းခဲ့ကြောင်း အိန္ဒိယစစ်တပ်နှင့်အစိုးရသတင်းရင်းမြစ်များကပြောသည်။

နယ်စပ်ကိုကျူးကျော်ခဲ့ကြောင်းစွပ်စွဲမှုများကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) က ငြင်းဆိုခဲ့သော်လည်း နှစ်နိုင်ငံကြားတင်းမာမှုများ လအတော်ကြာရှိနေသည်။

တနင်္လာနေ့တွင် နှစ်ဖက်စစ်တပ်များဆွေးနွေးနေကြောင်း အိန္ဒိယနိုင်ငံဘက်ကပြောသည်။

ဇွန် ၁၅ ရက်တွင် နှစ်နိုင်ငံတပ်ဖွဲ့များ လက်နက်မဲ့တိုက်ခိုက်ခဲ့ပြီးနောက် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ သေဆုံးခဲ့ပြီး အထိအခိုက်ရှိကြောင်း တရုတ်စစ်တပ်ဘက်ကပြော သော်လည်း အရေအတွက်ကို မပြောချေ။

Ref : India says Chinese troops carried out military movement in fresh border row

#PeopleMedia


Share this post