• Follow Us on

Home အငြင်းပွားနယ်စပ်ရှိ ဂိုဂရာဒေသမှ အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များ ဆုတ်ခွာ

အငြင်းပွားနယ်စပ်ရှိ ဂိုဂရာဒေသမှ အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များ ဆုတ်ခွာ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀ (People Media)

 

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က အငြင်းပွားနယ်စပ် အရှေ့ပိုင်း လာဒါဒေသရှိ ဂိုဂရာဧရိယာမှ တပ်ဖွဲ့များရုတ်သိမ်း မှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

နှစ်နိုင်ငံစလုံးက အဆင့်ဆင့် ဆွေးနွေးမှုများပြုလုပ်ကာ အငြင်းပွားနယ်စယ်ဒေသမှ တပ်ဖွဲ့များ ရုတ်သိမ်းခဲ့ခြင်း ဖြစ်ပြီး တပ်ဖွဲ့များဆုတ်ခွာမှုက နှစ်ရက်ကြာမြင့်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တစ်ရပ်က ဆိုသည်။

 

နှစ်နိုင်ငံစလုံးက အငြင်းပွားနယ်စပ်ရှိ ယာယီအဆောက်အအုံများအားလုံး ဖျက်သိမ်းကာ သက်ဆိုင်ရာ အမြဲတမ်း အခြေစိုက်စခန်းများသို့ ပြန်လည်ရောက်ရှိနေပြီဟု ထုတ်ပြန်ချက်က ဖော်ပြသည်။

 

နှစ်နိုင်ငံတပ်မှူးများကြား ၁၂ ကြိမ်ခန့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဂိုဂရာဒေသမှ တပ်ဖွဲ့များဆုတ်ခွာရန် တပ်ဖွဲ့များကြား သဘောတူညီချက်တစ်ရပ်ရရှိခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်နှစ် မေလအတွင်း အိန္ဒိယနိုင်ငံဘက်ခြမ်း၌ တရုတ်တပ်ဖွဲ့များ၏ ပိုင်နက်နယ်မြေ ကျူးကျော် သိမ်းပိုက်မှုကြောင့် နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်နှစ် ဇွန်လ ၁၅ ရက်တွင် ဂါလ်ဝမ်ချိုင့်ဝှမ်း၌ အိန္ဒိယနှင့်တရုတ်တပ်ဖွဲ့များကြား ရန်ပွဲကြောင့် အိန္ဒိယစစ်သည် ၂၀ ဦးနှင့် အရေအတွက်မသိရသော တရုတ်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်။

 

Ref; Indian and Chinese Troops Disengage from Gogra

 

#PeopleMedia #EPN #International #အိန္ဒိယ #တရုတ်

 

(unicode)

အငွငျးပှားနယျစပျရှိ ဂိုဂရာဒသေမှ အိန်ဒိယနှင့ျ တရုတျတပျဖှဲ့မြား ဆုတျခှာ

…………………………………………………

 


 


 


 


 


 


 


 

Ref; Indian and Chinese Troops Disengage from Gogra

 

#PeopleMedia #EPN #International #အိန်ဒိယ #တရုတျ


Share this post