• Follow Us on

Home အျငင္းပြားနယ္စပ္ေဒသႏွင့္ပတ္သက္၍ အပစ္အခတ္ရပ္စဲရန္ အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယား သေဘာတူ

အျငင္းပြားနယ္စပ္ေဒသႏွင့္ပတ္သက္၍ အပစ္အခတ္ရပ္စဲရန္ အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယား သေဘာတူ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၁၈
သန္းေခါင္ယံခ်ိန္မွစ၍ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး လိုက္နာရန္ ႏွစ္နိုင္ငံစလုံးက သေဘာတူခဲ့ေၾကာင္း အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယား နိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားက ေျပာၾကားသည္။
အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယား ထိပ္တန္းသံတမန္တို႔သည္ ယမန္ေန႔က ႐ုရွား နိုင္ငံျခားေရးဝန္ႀကီး ဆာဂ်ီလာေရာ့ဗ္ႏွင့္ ဖုန္းျဖင့္ ေဆြးေႏြးၿပီးေနာက္ ႏွစ္နိုင္ငံမွ နိုင္ငံျခားေရးဝန္ႀကီးဌာနတို႔က ထိုသို႔ ေၾကညာခဲ့ျခင္း ျဖစ္သည္။
ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးမွာ အက်ဥ္းသားမ်ား လဲလွယ္ျခင္းကဲ့သို႔ေသာ လူသားခ်င္းစာနာ ေထာက္ထားမႈ ရည္ရြယ္ခ်က္မ်ားေၾကာင့္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနမ်ားက ဆိုသည္။
ကနဦး ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကို ခ်ိဳးေဖာက္ေၾကာင္း အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယားနိုင္ငံ တို႔က အျပန္အလွန္ စြပ္စြဲေနၾကသည္။
ဒုတိယအႀကီးဆုံးၿမိဳ႕ေတာ္ ဂန္ဂ်ာၿမိဳ႕ တိုက္ခိုက္ခံရမႈေၾကာင့္ လူ ၁၀ ဦး ေက်ာ္ ေသဆုံးခဲ့ေၾကာင္း အဇာ ဘိုင္ဂ်န္နိုင္ငံက ေျပာၾကားခဲ့သည္။
အဇာဘိုင္ဂ်န္တပ္ဖြဲ႕မ်ားက နာေဂၚနို-ကရာဘာေဒသ၏ အဓိကၿမိဳ႕ေတာ္ စတီပန္နာကတ္ၿမိဳ႕ႏွင့္ အျခား ေနရာမ်ားကို တိုက္ခိုက္ခဲ့ရာ အေဆာက္အအုံမ်ား ပ်က္စီးခဲ့ၿပီး လူမ်ား ဒဏ္ရာရရွိခဲ့ေၾကာင္း အာေမးနီးယား တာ ဝန္ရွိသူမ်ားက ေၾကညာခဲ့သည္။
အာေမးနီးယားနိုင္ငံက စစ္ရာဇဝတ္မႈ က်ဴးလြန္ခဲ့ေၾကာင္း အဇာဘိုင္ဂ်န္သမၼတ အီဟမ္အလီယက္ဗ္က စြပ္စြဲခဲ့ၿပီး လက္တုံ႔ျပန္မည္ဟု ကတိျပဳခဲ့သည္။
အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယားနိုင္ငံတို႔က နာေဂၚနို-ကရာဘာေဒသႏွင့္ပတ္သက္၍ အျငင္းပြားမႈတစ္ ရပ္ ျဖစ္ပြားေနသည္မွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီျဖစ္သည္။
ကိုးကား – အင္န္အိတ္ခ်္ေက
Ref; Azerbaijan, Armenia agree to new ceasefire
(unicode)
အငြင်းပွားနယ်စပ်ဒေသနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရန် အဇာဘိုင်ဂျန်နှင့် အာမေးနီးယား သဘောတူ
……………………………………………………..
နိုင်ငံတကာ၊ အောက်တိုဘာ ၁၈
သန်းခေါင်ယံချိန်မှစ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လိုက်နာရန် နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြောင်း အဇာဘိုင်ဂျန်နှင့် အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနများက ပြောကြားသည်။
အဇာဘိုင်ဂျန်နှင့် အာမေးနီးယား ထိပ်တန်းသံတမန်တို့သည် ယမန်နေ့က ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နှင့် ဖုန်းဖြင့် ဆွေးနွေးပြီးနောက် နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ထိုသို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှာ အကျဉ်းသားများ လဲလှယ်ခြင်းကဲ့သို့သော လူသားချင်းစာနာ ထောက်ထားမှု ရည်ရွယ်ချက်များကြောင့်ဖြစ်ကြောင်း ဝန်ကြီးဌာနများက ဆိုသည်။
ကနဦး ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ချိုးဖောက်ကြောင်း အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံ တို့က အပြန်အလှန် စွပ်စွဲနေကြသည်။
ဒုတိယအကြီးဆုံးမြို့တော် ဂန်ဂျာမြို့ တိုက်ခိုက်ခံရမှုကြောင့် လူ ၁၀ ဦး ကျော် သေဆုံးခဲ့ကြောင်း အဇာ ဘိုင်ဂျန်နိုင်ငံက ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန်တပ်ဖွဲ့များက နာဂေါ်နို-ကရာဘာဒေသ၏ အဓိကမြို့တော် စတီပန်နာကတ်မြို့နှင့် အခြား နေရာများကို တိုက်ခိုက်ခဲ့ရာ အဆောက်အအုံများ ပျက်စီးခဲ့ပြီး လူများ ဒဏ်ရာရရှိခဲ့ကြောင်း အာမေးနီးယား တာ ဝန်ရှိသူများက ကြေညာခဲ့သည်။
အာမေးနီးယားနိုင်ငံက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်ဗ်က စွပ်စွဲခဲ့ပြီး လက်တုံ့ပြန်မည်ဟု ကတိပြုခဲ့သည်။
အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့က နာဂေါ်နို-ကရာဘာဒေသနှင့်ပတ်သက်၍ အငြင်းပွားမှုတစ် ရပ် ဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။
ကိုးကား – အင်န်အိတ်ချ်ကေ
Ref; Azerbaijan, Armenia agree to new ceasefire

Share this post