• Follow Us on

Home အျငင္းပြားနယ္စပ္၌ တ႐ုတ္တပ္ဖြဲ႕မ်ား၏ ေျမျပင္အမွတ္အသားမ်ား ေျပာ င္းလဲခဲ့ဟု အိႏၵိယ ေျပာ

အျငင္းပြားနယ္စပ္၌ တ႐ုတ္တပ္ဖြဲ႕မ်ား၏ ေျမျပင္အမွတ္အသားမ်ား ေျပာ င္းလဲခဲ့ဟု အိႏၵိယ ေျပာ

Share this post

ၾသဂုတ္၊ ၃၁

လေပါင္းမ်ားစြာၾကာ တင္းမာမႈျဖစ္ပြားေနစဉ္ လာဒါေဒသရွိ အျငင္းပြားနယ္စပ္တစ္ေလ်ာက္ တ႐ုတ္ႏိုင္ငံ ၏ ရန္လိုေသာ စစ္ေရးလႈပ္ရွားမႈမ်ားကို တပ္ဖြဲ႕ဝင္မ်ားက ကဖ်က္ယဖ်က္လုပ္ႏိုင္ခဲ့ေၾကာင္း အိႏၵိယႏိုင္ငံက ေျပာ ၾကားခဲ့သည္။

တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရးတပ္မေတာ္က နယ္နိမိတ္အေျခအေန ေျပာင္းလဲပစ္ရန္ ရန္လိုေသာ စစ္ေရးလႈပ္ရွားမႈမ်ား လုပ္ေဆာင္ခဲ့ၿပီး လာဒါေဒသရွိ လိပ္ခဲတည္းလည္းအေျခအေန ေျဖရွင္းမည့္ ႏွစ္ႏိုင္ငံၾကား စစ္ေရးႏွင့္ သံတမန္ေရးထိေတြ႕မႈမ်ား ခ်ိဳးေဖာက္ခဲ့ေၾကာင္း အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တစ္ ရပ္က ေဖာ္ျပခဲ့သည္။

ပန္ေဂါင္ကန္ေတာင္ပိုင္း၌ တ႐ုတ္တပ္မေတာ္၏ လႈပ္ရွားမႈကို အိႏၵိယတပ္ဖြဲ႕မ်ားက ႀကိဳတင္ဟန္႔တားႏိုင္ခဲ့ ဟု ထုတ္ျပန္ခ်က္က ဆိုသည္။

အိႏၵိယတပ္ဖြဲ႕မ်ားက မိမိတို႔၏ရပ္တည္ခ်က္မ်ား ခိုင္မာေစမည့္ အစီအမံမ်ား လုပ္ေဆာင္ခဲ့ၿပီး ေျမျပင္ေပၚရွိ အမွတ္အသားမ်ား တစ္ဖက္သတ္ ေျပာင္းလဲပစ္မည့္ တ႐ုတ္တပ္ဖြဲ႕မ်ား၏ ရည္မွန္းခ်က္မ်ားကို ဟန္႔တားႏိုင္ခဲ့ ေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။

အိႏၵိယႏွင့္ တ႐ုတ္တပ္ဖြဲ႕မ်ားၾကား လက္ဗလာတိုက္ပြဲမွာ ေမလအေစာပိုင္းတြင္ ျဖစ္ပြားခဲ့သည္။ ပဋိပကၡက ဇြန္လဆန္းတြင္ အရွိန္ျပင္းထန္လာခဲ့ၿပီး ႏွစ္ဖက္တပ္ဖြဲ႕မ်ားၾကား တိုက္ခိုက္မႈမ်ား ျဖစ္ပြားခဲ့သည္။

ဇြန္လ ၁၅ ရက္တြင္ ဂါလ္ဝမ္ေဒသ၌ အေျခအေနက ျပင္းထန္ေသာ တိုက္ခိုက္မႈတစ္ခုအျဖစ္ ေျပာင္းလဲ သြားခဲ့ၿပီး အိႏၵိယတပ္မေတာ္မွ ဗိုလ္မွဴးႀကီးတစ္ဦးအပါအဝင္ တပ္ဖြဲ႕ဝင္ ၂၀ က်ဆုံးခဲ့သလို တ႐ုတ္တပ္ဖြဲ႕ဝင္ ၃၀ ခန္႔ က်ဆုံးခဲ့သည္ဟု ဆိုသည္။

ကိုးကား ။ ။ သည္ဂါးဒီးယန္း

Ref; India accuses China of ‘provocative military movements’ near border

#PeopleMedia

(unicode)
အငြင်းပွားနယ်စပ်၌ တရုတ်တပ်ဖွဲ့များ၏ မြေပြင်အမှတ်အသားများ ပြော င်းလဲခဲ့ဟု အိန္ဒိယ ပြော
………………………………………………

ဩဂုတ်၊ ၃၁

လပေါင်းများစွာကြာ တင်းမာမှုဖြစ်ပွားနေစဉ် လာဒါဒေသရှိ အငြင်းပွားနယ်စပ်တစ်လျောက် တရုတ်နိုင်ငံ ၏ ရန်လိုသော စစ်ရေးလှုပ်ရှားမှုများကို တပ်ဖွဲ့ဝင်များက ကဖျက်ယဖျက်လုပ်နိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံက ပြော ကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က နယ်နိမိတ်အခြေအနေ ပြောင်းလဲပစ်ရန် ရန်လိုသော စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပြီး လာဒါဒေသရှိ လိပ်ခဲတည်းလည်းအခြေအနေ ဖြေရှင်းမည့် နှစ်နိုင်ငံကြား စစ်ရေးနှင့် သံတမန်ရေးထိတွေ့မှုများ ချိုးဖောက်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ် ရပ်က ဖော်ပြခဲ့သည်။

ပန်ဂေါင်ကန်တောင်ပိုင်း၌ တရုတ်တပ်မတော်၏ လှုပ်ရှားမှုကို အိန္ဒိယတပ်ဖွဲ့များက ကြိုတင်ဟန့်တားနိုင်ခဲ့ ဟု ထုတ်ပြန်ချက်က ဆိုသည်။

အိန္ဒိယတပ်ဖွဲ့များက မိမိတို့၏ရပ်တည်ချက်များ ခိုင်မာစေမည့် အစီအမံများ လုပ်ဆောင်ခဲ့ပြီး မြေပြင်ပေါ်ရှိ အမှတ်အသားများ တစ်ဖက်သတ် ပြောင်းလဲပစ်မည့် တရုတ်တပ်ဖွဲ့များ၏ ရည်မှန်းချက်များကို ဟန့်တားနိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များကြား လက်ဗလာတိုက်ပွဲမှာ မေလအစောပိုင်းတွင် ဖြစ်ပွားခဲ့သည်။ ပဋိပက္ခက ဇွန်လဆန်းတွင် အရှိန်ပြင်းထန်လာခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့များကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ဇွန်လ ၁၅ ရက်တွင် ဂါလ်ဝမ်ဒေသ၌ အခြေအနေက ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့ပြီး အိန္ဒိယတပ်မတော်မှ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျဆုံးခဲ့သလို တရုတ်တပ်ဖွဲ့ဝင် ၃၀ ခန့် ကျဆုံးခဲ့သည်ဟု ဆိုသည်။

ကိုးကား ။ ။ သည်ဂါးဒီးယန်း

Ref; India accuses China of ‘provocative military movements’ near border

#PeopleMedia


Share this post