• Follow Us on

Home အငြင်းပွားနယ်မြေများတွင် တိုက်ခိုက်မှုများ စောလျင်စွာရပ်စဲရန် တရုတ်နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆွေးနွေး မှုများပြုလုပ်နေစဉ် အိန္ဒိယတောင်းဆို

အငြင်းပွားနယ်မြေများတွင် တိုက်ခိုက်မှုများ စောလျင်စွာရပ်စဲရန် တရုတ်နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆွေးနွေး မှုများပြုလုပ်နေစဉ် အိန္ဒိယတောင်းဆို

Share this post

အေပီ၊ သြဂုတ် ၂ (People Media)

 

ဟော့စပရင်း၊ ဂိုဂရာနှင့် လာဒက်ခ်အရှေ့ပိုင်းနယ်မြေအတွင်း ကျန်ရှိနေသေးသော အခြား အငြင်းပွားနယ်မြေ များတွင် တပ်ဖွဲ့ဝင်များနှင့် လက်နက်များနေရာချထားမှုကို စောလျင်စွာရုပ်သိမ်းရန် တရုတ်နိုင်ငံနှင့် စစ်ဘက် ဆိုင်ရာဆွေးနွေးမှုများပြုလုပ်နေစဉ် အိန္ဒိယနိုင်ငံကတောင်းဆိုလိုက်သည်။

 

တရုတ်နိုင်ငံနှင့် ၉ နာရီဝန်းကျင်ဆွေးနွေးခဲ့သော ၁၂ ကြိမ်မြောက်စစ်ဘက်ဆိုင်ရာဆွေးနွေးမှုတွင် အိန္ဒိယနိုင်ငံ က ယခုလိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးဌာနမှ တာဝန်ရှိသူများကပြောသည်။

 

နှစ်နိုင်ငံစလုံးက အသေးစိတ်အေးဆေးတည်ငြိမ်စွာပြောဆိုခဲ့ကြပြီး ပြည့်ပြည့်စုံစုံကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ပြောဆိုခဲ့ကြကြောင်း ၎င်းတို့ကပြောသည်။

 

ဂိုဂရာနှင့် ဟော့စပရင်းနယ်မြေများတွင် တိုက်ခိုက်မှုများရပ်စဲနိုင်ရေး အခက်အခဲပြဿနာများကို ထိုးဖောက် ကျော်လွှားနိုင်ရန် မျှော်လင့်နေကြစဉ် လာဒက်ခ်အရှေ့ပိုင်းနယ်မြေ၊ တရုတ်-အိန္ဒိယ နယ်နိမိတ်မျဉ်း၏ တရုတ် နိုင်ငံပိုင်နက်အတွင်းရှိ မယ်လ်ဒိုနယ်စပ်စခန်းတွင်ကျင်းပခဲ့သည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ မည်သည့်တရား ဝင်ပြောကြားချက်မှထွက်ပေါ်လာခြင်းမရှိပေ။

 

တိုက်ခိုက်မှုများရပ်စဲရန်နှင့် သဘောတူညီထားသည့် မြေပြင်တွင် တည်ငြိမ်မှုနှစ်ဘက်ထိန်းသိမ်းရန် တိုးတက် စေရေးအပါအဝင် ကျန်ရှိနေသောအငြင်းပွားနယ်မြေများတွင် ဒေါသထိန်းသိမ်းရန် အသေးစိတ် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

 

ဆွေးနွေးပွဲကို နံနက် ၁၀ နာရီခွဲတွင်စတင်ပြီး ည ၇ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။ လိပ်ခဲတည်းလည်းအခြေအနေကို စောလျဉ်စွာဖြေရှင်းနိုင်ရေး အိန္ဒိယဘက်က အလေးထားတောင်းဆိုလိုက်ပြီး ဟော့စပရင်းနှင့် ဂိုဂရာနယ်မြေများ တွင် တိုက်ခိုက်မှုများရပ်စဲရန် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ရေး အထူးအလေးပေးတောင်းဆိုခဲ့ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံအနေဖြင့် တိုက်ခိုက်မှုများရပ်စဲရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် ရလဒ် ထွက်ပေါ်လာရန်မျှော်လင့်နေကြောင်း ဆွေးနွေးပွဲမစမီ လုံခြုံရေးဌာနမှတာဝန်ရှိသူများက ပြောသည်။

 

ဒက်ပ်ဆန်း၊ ဟော့စပရင်းနှင့် ဂိုဂရာရှိ အငြင်းပွားမှုပြဿနာများအပါအဝင် အရေးကြီးသော ပြဿနာများကို ဖြေရှင်းရေးသည် နှစ်နိုင်ငံကြားရှိ ဆက်ဆံရေးအားလုံးအတွက် အလွန်အရေးကြီးကြောင်း အိန္ဒိယနိုင်ငံက တောက်လျှောက်အလေးထားပြောဆိုခဲ့သည်။

 

သုံးလခွဲကျော်ကာလကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးအကြိမ်ဆွေးနွေးမှု ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

 

တရုတ်-အိန္ဒိယ နယ်နိမိတ်မျဉ်း၏ အိန္ဒိယနိုင်ငံပိုက်နက်အတွင်းရှိ ချူရှူးနယ်စပ်စခန်းတွင် ဧပြီလ ၉ ရက်နေ့က ၁၁ ကြိမ်မြောက် စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲကိုကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲမှာ ၁၃ နာရီ ဝန်းကျင်ကြာမြင့်ခဲ့ သည်။

 

လာဒက်ခ်အရှေ့ပိုင်းနယ်မြေရှိ လက်ရှိအခြေအနေ၏ ရှည်လျားကြာမြင့်မှုမှာ နှစ်နိုင်ငံဆက်ဆံရေးကို အပျက်သဘောဆောင်သည့်ပုံစံဖြင့် ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုရှိနေကြောင်း အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီထံပြောကြားလိုက်ပြီးနောက် နှစ်ပတ်အတွင်း ၁၂ ကြိမ်မြောက်စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

 

တာဂျစ်ကစ္စတန်မြို့တော် ဒူရှန်ဘီတွင် ဇူလိုင်လ ၁၄ ရက်နေ့ကကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သီးသန့်ဆွေးနွေးပွဲ၏ ဘေးပန်းဆွေးနွေးပွဲအဖြစ် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် တစ်နာရီကြာဆွေးနွေး ခဲ့ကြသည်။

 

တရုတ်-အိန္ဒိယ နယ်နိမိတ်မျဉ်းတစ်လျှောက် လက်ရှိအခြေအနေတွင် မည်သည့်တစ်ဖက်သတ်ပြောင်းလဲမှုကိုမှ အိန္ဒိယနိုင်ငံဘက်က လက်ခံနိုင်မည်မဟုတ်ကြောင်းနှင့် လာဒက်ခ်အရှေ့ပိုင်းနယ်မြေတွင် အေးချမ်းတည်ငြိမ်မှု အပြည့်အဝပြန်လည်ထိန်းသိမ်းနိုင်ပြီးမှသာ ဆက်ဆံရေးအားလုံးတိုးတက်လာမည်ဖြစ်ကြောင်း အစည်းအဝေး တွင် ဂျိုင်ရှန်ကာက ဝမ်ရီကိုပြောကြားခဲ့သည်။

 

ဒေသတွင်းစိုးရိမ်ပူပန်မှုများလျှော့ချရန် ပိုမိုကြီးမားသော ရည်ရွယ်ချက်ဖြင့် ဟော့စပရင်း၊ ဂိုဂရာနှင့် ဒက်ပ်ဆန်း နယ်မြေများတွင် တိုက်ခိုက်မှုများရပ်စဲရေးလုပ်ငန်းစဉ် ရလဒ်ကောင်းများပေါ်ထွက်လာရေး နည်းလမ်းများကို နောက်ဆုံးအကြိမ်စစ်ဘက်ဆိုင်ရာဆွေးနွေးမှုတွင် နှစ်နိုင်ငံဆွေးနွေးခဲ့ကြသော်လည်း တိုက်ခိုက်မှုများရပ်စဲရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှေ့ဆက်တိုးတက်မှုများမတွေ့ရသေးပေ။

 

စနေနေ့က ဆွေးနွေးပွဲတွင် အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို လာ့မြို့အခြေစိုက် အမှတ် ၁၄ တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ပီဂျီကေမီနွန်က ဦးဆောင်ခဲ့သည်။

 

အိန္ဒိယတပ်မတော်နှင့် တရုတ်တပ်မတော်တို့ကြား နယ်စပ်ဒေသလိပ်ခဲတည်းလည်းအခြေအနေမှာ ပန် ဂေါင်းရေကန်နယ်မြေအတွင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်မေလအတွင်းက ဖြစ် ပေါ်ခဲ့ခြင်းဖြစ်ပြီး စစ်သည်အင်အားထောင်ပေါင်းများစွာနှင့် လက်နက်ကြီးများကို အလောတကြီး ပို့ ဆောင်ခြင်းအားဖြင့် နှစ်နိုင်ငံစလုံးက တပ်အင်အားများကို တဖြည်းဖြည်း တိုးချဲ့ချထားခဲ့ကြသည်။

 

စစ်ဘက်ဆိုင်ရာနှင့် သံတမန်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ဆက်တိုက်ကျင်းပခဲ့သည့်ရလဒ်အဖြစ် တိုက်ခိုက်မှု များရပ်စဲရေးဆိုင်ရာသဘောတူညီချက်နှင့်အညီ ဖေဖော်ဝါရီလတွင် ပန်ဂေါင်းကန်၏ မြောက်ဘက်ကမ်းခြေနှင့် တောင်ဘက်ကမ်းခြေတို့မှ တပ်ဖွဲ့ဝင်များနှင့် လက်နက်ကြီးများကို နှစ်နိုင်ငံစလုံးက အပြီးပြန်လည်ရုပ်သိမ်းနိုင်ခဲ့ သည်။

 

လက်ရှိအချိန်၌ အချိန်မရွေးပေါက်ကွဲလွယ်သည့်နယ်မြေဖြစ်သော တရုတ်-အိန္ဒိယ နယ်နိမိတ်မျဉ်း တစ် လျှောက်တွင် နှစ်နိုင်ငံစလုံးက စစ်သည်အင်အား ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိ တပ်ဖြန့်ချထားသည်။

 

Ref; Ladakh row: India presses for early disengagement in Hot Springs, Gogra and other friction points during military talks with China

 

#PeopleMedia #International

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref; Ladakh row: India presses for early disengagement in Hot Springs, Gogra and other friction points during military talks with China

 

#PeopleMedia #International


Share this post