• Follow Us on

Home အျငင္းပြားနယ္ေျမမွ ခရစ္ယာန္ေက်ာင္းေတာ္ကို အဇာဘိုင္ဂ်န္က ဗံုးႀကဲဟုစြပ္စြဲ

အျငင္းပြားနယ္ေျမမွ ခရစ္ယာန္ေက်ာင္းေတာ္ကို အဇာဘိုင္ဂ်န္က ဗံုးႀကဲဟုစြပ္စြဲ

Share this post

ဘာကူ၊ ေအာက္တိုဘာ ၉
 
အျငင္းပြားနာေဂၚႏို-ကာရာဘာ့ေဒသတြင္ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနခ်ိန္ သမိုင္း၀င္ခရစ္ယာန္ေက်ာင္း ေတာ္ကို အဇာဘိုင္ဂ်န္ႏိုင္ငံက ဗံုးႀကဲခဲ့သည္ဟု အာေမနီးယားႏုိင္ငံက စြပ္စြဲသည္။
 
ဆူ႐ွာၿမိဳ႕မွ ဟိုလီေဆဗီယာေက်ာင္းေတာင္၏အျပင္ပန္းႏွင့္အတြင္းပိုင္းမွအပ်က္အစီးမ်ားကို ဓာတ္ပံုမ်ားျဖင့္ ျပသထားၿပီးစြပ္စြဲျခင္းျဖစ္သည္။
 
အမိုးပိုင္းတပိုင္းၿပိဳက်ခဲ့ၿပီး အပ်က္အစီးမ်ားျပန္႔က်ဲေနသည့္အျပင္ ခံုတန္းမ်ားလည္းေမွာက္ေနၿပီး နံရံမ်ားၿပိဳက်သျဖင့္ အတြင္းပိုင္းတြင္ ဖုန္မ်ားဖံုးေနသည္။
 
ဗံုးႀကဲခံရသည္ဆိုသည့္ေက်ာင္းေတာ္သည္ အာေမးနီးယားတမန္ေတာ္ဘုရားေက်ာင္း၏ အမွတ္အသား တစ္ခုျဖစ္ၿပီး ဆိုးဆိုး႐ြား႐ြားပ်က္စီးခဲ့ေၾကာင္း ေျမျပင္ေရာက္ေနသည့္ႏိုင္ငံတကာသတင္းေထာက္မ်ားက အစီရင္ခံသည္။
 
ရန္သူအဇာဘိုင္ဂ်န္မ်ားက ေက်ာင္းေတာ္ကိုပစ္မွတ္ထားသည္ဟု အာေမးနီးယားကာကြယ္ေရး၀န္ႀကီးဌာန ေျပာခြင့္ရသူ အာ့တ္ရန္ ဟိုဗန္နစ္ယန္က စြပ္စြဲသည္။
 
ၾကာသပေတးေန႔တြင္ပင္ အမ်ိဳးသားလံုၿခံဳေရးေအဂ်င္စီအႀကီးအကဲကို ရာထူးမွထုတ္ပယ္ေၾကာင္းေၾကညာခဲ့ ေသာ္လည္း အေၾကာင္းရင္းမေပးခဲ့ေခ်။
 
ႏိုင္ငံ၏ဒုတိယအႀကီးဆံုးၿမိဳ႕ဂန္ဂ်ာႏွင့္ ဂိုရန္ဘြိဳင္ေဒသတို႔ကို အာေမးနီးယားတပ္ဖြဲ႔မ်ားက ဗံုးႀကဲခဲ့သျဖင့္ အနည္းဆံုးအရပ္သားတေယာက္ေသဆံုးခဲ့သည္ဟု အဇာဘိုင္ဂ်န္ဘက္ကတံု႔ျပန္သည္။
 
စက္တင္ဘာ ၂၇ ရက္တြင္စတင္သည့္တိုက္ပြဲမ်ားေၾကာင့္ လူ ၃၀၀ ေက်ာ္ေသဆံုးခဲ့သည္။
 
အေမရိကန္၊ ႐ု႐ွားႏွင့္ ျပင္သစ္တို႔မွ ႏိုင္ငံတကာေစာင့္ၾကည့္သူမ်ားက တိုက္ခိုက္မႈမ်ားအဆံုးသတ္ရန္ႀကိဳး စားမႈမ်ားအဆံုးသတ္ရန္ စတင္လုပ္ေဆာင္ေနၿပီး ၾကာသပေတးေန႔တြင္ အဇာဘိုင္ဂ်န္ႏိုင္ငံျခားေရး၀န္ႀကီးႏွင့္ ဂ်ီနီဗာတြင္ေတြ႔ဆံုသည္။
 
အာေမးနီးယားႏုိင္ငံျခားေရး၀န္ႀကီးကလည္း ႐ု႐ွားႏိုင္ငံျခားေရး၀န္ႀကီးႏွင့္ တနလၤာေန႔တြင္ ေမာ္စကိုၿမိဳ႕၌ ေတြ႔ဆံုရန္႐ွိေနသည္။
 
Ref : Nagorno-Karabakh Armenia accuses Azerbaijan of shelling Shusha cathedral
 
#PeopleMedia
 
(Unicode)
အငြင်းပွားနယ်မြေမှ ခရစ်ယာန်ကျောင်းတော်ကို အဇာဘိုင်ဂျန်က ဗုံးကြဲဟုစွပ်စွဲ
…………………………………………….
 
ဘာကူ၊ အောက်တိုဘာ ၉
 
အငြင်းပွားနာဂေါ်နို-ကာရာဘာ့ဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန် သမိုင်းဝင်ခရစ်ယာန်ကျောင်း တော်ကို အဇာဘိုင်ဂျန်နိုင်ငံက ဗုံးကြဲခဲ့သည်ဟု အာမေနီးယားနိုင်ငံက စွပ်စွဲသည်။
 
ဆူရှာမြို့မှ ဟိုလီဆေဗီယာကျောင်းတောင်၏အပြင်ပန်းနှင့်အတွင်းပိုင်းမှအပျက်အစီးများကို ဓာတ်ပုံများဖြင့် ပြသထားပြီးစွပ်စွဲခြင်းဖြစ်သည်။
 
အမိုးပိုင်းတပိုင်းပြိုကျခဲ့ပြီး အပျက်အစီးများပြန့်ကျဲနေသည့်အပြင် ခုံတန်းများလည်းမှောက်နေပြီး နံရံများပြိုကျသဖြင့် အတွင်းပိုင်းတွင် ဖုန်များဖုံးနေသည်။
 
ဗုံးကြဲခံရသည်ဆိုသည့်ကျောင်းတော်သည် အာမေးနီးယားတမန်တော်ဘုရားကျောင်း၏ အမှတ်အသား တစ်ခုဖြစ်ပြီး ဆိုးဆိုးရွားရွားပျက်စီးခဲ့ကြောင်း မြေပြင်ရောက်နေသည့်နိုင်ငံတကာသတင်းထောက်များက အစီရင်ခံသည်။
 
ရန်သူအဇာဘိုင်ဂျန်များက ကျောင်းတော်ကိုပစ်မှတ်ထားသည်ဟု အာမေးနီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ အာ့တ်ရန် ဟိုဗန်နစ်ယန်က စွပ်စွဲသည်။
 
ကြာသပတေးနေ့တွင်ပင် အမျိုးသားလုံခြုံရေးအေဂျင်စီအကြီးအကဲကို ရာထူးမှထုတ်ပယ်ကြောင်းကြေညာခဲ့ သော်လည်း အကြောင်းရင်းမပေးခဲ့ချေ။
 
နိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဂန်ဂျာနှင့် ဂိုရန်ဘွိုင်ဒေသတို့ကို အာမေးနီးယားတပ်ဖွဲ့များက ဗုံးကြဲခဲ့သဖြင့် အနည်းဆုံးအရပ်သားတယောက်သေဆုံးခဲ့သည်ဟု အဇာဘိုင်ဂျန်ဘက်ကတုံ့ပြန်သည်။
 
စက်တင်ဘာ ၂၇ ရက်တွင်စတင်သည့်တိုက်ပွဲများကြောင့် လူ ၃၀၀ ကျော်သေဆုံးခဲ့သည်။
 
အမေရိကန်၊ ရုရှားနှင့် ပြင်သစ်တို့မှ နိုင်ငံတကာစောင့်ကြည့်သူများက တိုက်ခိုက်မှုများအဆုံးသတ်ရန်ကြိုး စားမှုများအဆုံးသတ်ရန် စတင်လုပ်ဆောင်နေပြီး ကြာသပတေးနေ့တွင် အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျီနီဗာတွင်တွေ့ဆုံသည်။
 
အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တနင်္လာနေ့တွင် မော်စကိုမြို့၌ တွေ့ဆုံရန်ရှိနေသည်။
 
Ref : Nagorno-Karabakh Armenia accuses Azerbaijan of shelling Shusha cathedral
 
#PeopleMedia

Share this post