• Follow Us on

Home အျမင့္ေပ ၃၀၀ ေက်ာ္မွ ျပဳတ္က်သည့္ ေရမေဆးေက်ာက္ရွာေဖြသူအား ေသဆုံးလွ်က္ ျပန္ေတြ႕

အျမင့္ေပ ၃၀၀ ေက်ာ္မွ ျပဳတ္က်သည့္ ေရမေဆးေက်ာက္ရွာေဖြသူအား ေသဆုံးလွ်က္ ျပန္ေတြ႕

Share this post

ဖားကန႔္၊ ဒီဇင္ဘာ ၃

ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူအုပ္စု၊ စေပါ့ေက်းရြာအနီး ရာသီသိမ္းခ်ိန္လုပ္ကြက္ ရပ္နားထားေသာ ရတနာအဓိပတိ ေက်ာက္မ်က္ကုမၸဏီလုပ္ကြက္အတြင္း ယမန္ေန႔ ဒီဇင္ဘာ ၂ရက္ ညေနပိုင္းက အျမင့္ေပ ၃၀၀ ေက်ာ္မွ ျပဳတ္ က်သည့္ ေရမေဆး ေက်ာက္ရွာေဖြသူအား ယေန႔ေသဆုံးလၽွက္ ျပန္ေတြ႕ခဲ့သည္။

ေသဆုံးသူမွာ စေပါ့ ေက်းရြာ၊ ဆိပ္မူအုပ္စု၊ ဖားကန႔္ၿမိဳ႕နယ္ေနသူ ကိုေအာင္မင္းေဇာ္ဆိုသူျဖစ္ၿပီး ၄င္းသည္ ဒီဇင္ဘာလ ၂ ရက္ ညေန ၃ နာရီ ၄၅ မိနစ္ အခ်ိန္ခန႔္ တြင္ အဆိုပါ ကုမၸဏီလုပ္ကြက္အတြင္း ေရမေဆး ေက်ာက္ရွာေဖြေနစဥ္ အျမင့္ေပ (၃၀၀)ခန႔္ရွိ ကမ္းပါးယံေပၚမွ ႐ုတ္တရက္ ေျခေခ်ာ္၍ ကမ္းပါးယံေအာက္ေျခရွိ ေရကန္အတြင္းသို႔ ျပဳတ္က်သြားျခင္းျဖစ္သည္။

အခင္းျဖစ္ပြားရာသို႔ ဆိပ္မူနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား၊ ေက်းရြာ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားမွ သြားေရာက္ စစ္ေဆးခဲ့ၿပီး အဆိုပါျပဳတ္က်သူအား ျပန္လည္ဆယ္ယူရရွိေရးအတြက္ ဆိပ္မႈေက်းရြာ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားႏွင့္ လူမႈကယ္ဆယ္ေရးအသင္းအဖြဲ႕မ်ားမွ ပူးေပါင္းေဆာင္ရြက္ ရွာေဖြခဲ့ၾကေသာ္လည္း ယင္းေန႔ ညပိုင္းအထိ ျပန္လည္မေတြ႕ရွိခဲ့ေပ။

ယေန႔ ဒီဇင္ဘာလ ၃ ရက္ေန႔ ဆက္လက္ရွာေဖြရာ နံနက္ ၉ နာရီခြဲအခ်ိန္ခန္႔တြင္ ေသဆုံးသူ၏ အေလာင္းအား အဆိုပါေရကန္အတြင္း ျပန္လည္ေတြ႕ရွိခဲ့သည္။

ေသဆုံးသူ၏ ႐ုပ္အေလာင္းအား ဆိပ္မူေက်းရြာ လူမႈကယ္ဆယ္ေရးအဖြဲ႕မ်ား ဆယ္ယူေပးခဲ့ၾကၿပီး သိခၤါလူမႈကူ ညီေရး ေမာ္ေတာ္ယာဥ္အကူအညီျဖင့္ ဖားကန္႔ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားသည္။

ရွိုးကို

#PeopleMedia #ဖားကန႔္

(unicode)
အမြင့်ပေ ၃၀၀ ကျော်မှ ပြုတ်ကျသည့် ရေမဆေးကျောက်ရှာဖွေသူအား သေဆုံးလျှက် ပြန်တွေ့
………………………………………………………………

ဖားကန့်၊ ဒီဇင်ဘာ ၃

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု၊ စပေါ့ကျေးရွာအနီး ရာသီသိမ်းချိန်လုပ်ကွက် ရပ်နားထားသော ရတနာအဓိပတိ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်း ယမန်နေ့ ဒီဇင်ဘာ ၂ရက် ညနေပိုင်းက အမြင့်ပေ ၃၀၀ ကျော်မှ ပြုတ် ကျသည့် ရေမဆေး ကျောက်ရှာဖွေသူအား ယနေ့သေဆုံးလျှက် ပြန်တွေ့ခဲ့သည်။

သေဆုံးသူမှာ စပေါ့ ကျေးရွာ၊ ဆိပ်မူအုပ်စု၊ ဖားကန့်မြို့နယ်နေသူ ကိုအောင်မင်းဇော်ဆိုသူဖြစ်ပြီး ၄င်းသည် ဒီဇင်ဘာလ ၂ ရက် ညနေ ၃ နာရီ ၄၅ မိနစ် အချိန်ခန့် တွင် အဆိုပါ ကုမ္ပဏီလုပ်ကွက်အတွင်း ရေမဆေး ကျောက်ရှာဖွေနေစဉ် အမြင့်ပေ (၃၀၀)ခန့်ရှိ ကမ်းပါးယံပေါ်မှ ရုတ်တရက် ခြေချော်၍ ကမ်းပါးယံအောက်ခြေရှိ ရေကန်အတွင်းသို့ ပြုတ်ကျသွားခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာသို့ ဆိပ်မူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ပြီး အဆိုပါပြုတ်ကျသူအား ပြန်လည်ဆယ်ယူရရှိရေးအတွက် ဆိပ်မှုကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက် ရှာဖွေခဲ့ကြသော်လည်း ယင်းနေ့ ညပိုင်းအထိ ပြန်လည်မတွေ့ရှိခဲ့ပေ။

ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ဆက်လက်ရှာဖွေရာ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် သေဆုံးသူ၏ အလောင်းအား အဆိုပါရေကန်အတွင်း ပြန်လည်တွေ့ရှိခဲ့သည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ဆိပ်မူကျေးရွာ လူမှုကယ်ဆယ်ရေးအဖွဲ့များ ဆယ်ယူပေးခဲ့ကြပြီး သိင်္ခါလူမှုကူ ညီရေး မော်တော်ယာဉ်အကူအညီဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်။

ရှိုးကို

#PeopleMedia #ဖားကန့်


Share this post