• Follow Us on

Home အျမန္လမ္း၌ ဘဂၤါလီႏွစ္ဦး ဖမ္းမိ

အျမန္လမ္း၌ ဘဂၤါလီႏွစ္ဦး ဖမ္းမိ

Share this post

ရန္ကုန္၊ႏုိဝင္ဘာ-၂၇

ရန္ကုန္ – မႏၱေလး မုိင္တုိင္(၀/၄)အနီး၌ ဘဂၤါလီအမ်ဳိးသားႏွစ္ဦးကုိ ႏုိဝင္ဘာ(၂၇)ရက္၊ နံနက္(၉)နာရီအခ်ိန္ ခန္႔၌ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႔မွ ဖမ္းဆီးႏုိင္ခဲ့သည္။

ျဖစ္စဥ္မွာ နိုဝင္ဘာလ (၂၇) ရက္ေန႔ နံနက္(၀၉း၀၀) နာရီခန္႔၌ ရန္ကုန္- မႏၲေလးလမ္း မိုင္တိုင္ အမွတ္ ၀/၄ အနီးလမ္းေဘးေျမသားလမ္းတြင္ မသကၤာဖြယ္အမ်ိဳးသားႏွစ္ဦးအား အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ဝင္မ်ားမွ ေတြ႕ ရွိရသျဖင့္ စစ္ေမးရာ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ အျမင့္ေတာင္ေက်း႐ြာေန အဒီမာမြတ္ ၂၈ ႏွစ္(ဘ) ဦးအာယု ဘဂၤါလီ/ အစၥလာမ္ ၊ အဒူေတာင္ေမာင္ ၃၀ ႏွစ္(ဘ) ဦးမိုေဟဘူးလား ဘဂၤါလီ/ အစၥလာမ္တို႔ႏွစ္ဦး ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

၎တို႔ (၂) ဦးအား အမည္မသိ ခ်င္းလူမ်ိဳး (၁) ဦးမွ မေလးရွားနိုင္ငံပို႔ေပးမည္ ေျပာကာ ႐ြာမွ ဆိုင္ကယ္ျဖင့္ ေခၚေဆာင္လာၿပီး မေကြးတိုင္းအစပ္တစ္ေနရာတြင္ ခ်ထားခဲ့သျဖင့္ ရက္(၂၀)ခန႔္ လမ္းေလ်ာက္လာျခင္း ျဖစ္ေၾကာင္း စစ္ေဆးသိရွိရသျဖင့္ ဥပေဒအတိုင္း ေဆာင္႐ြက္နိုင္ရန္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ အမွတ္(၃) စခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ဆိုင္ရာဌာနသို႔ ဆက္သြယ္ေဆာင္႐ြက္လွ်က္ရွိသည္။

#PeopleMedia

(Unicode)
အမြန်လမ်း၌ ဘင်္ဂါလီနှစ်ဦး ဖမ်းမိ
……………………………

ရန်ကုန်၊နိုဝင်ဘာ-၂၇

ရန်ကုန် – မန္တလေး မိုင်တိုင်(ဝ/၄)အနီး၌ ဘင်္ဂါလီအမျိုးသားနှစ်ဦးကို နိုဝင်ဘာ(၂၇)ရက်၊ နံနက်(၉)နာရီအချိန် ခန့်၌ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက်(၀၉း၀၀) နာရီခန့်၌ ရန်ကုန်- မန္တလေးလမ်း မိုင်တိုင် အမှတ် ဝ/၄ အနီးလမ်းဘေးမြေသားလမ်းတွင် မသင်္ကာဖွယ်အမျိုးသားနှစ်ဦးအား အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များမှ တွေ့ ရှိရသဖြင့် စစ်မေးရာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အမြင့်တောင်ကျေးရွာနေ အဒီမာမွတ် ၂၈ နှစ်(ဘ) ဦးအာယု ဘင်္ဂါလီ/ အစ္စလာမ် ၊ အဒူတောင်မောင် ၃၀ နှစ်(ဘ) ဦးမိုဟေဘူးလား ဘင်္ဂါလီ/ အစ္စလာမ်တို့နှစ်ဦး ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

၎င်းတို့ (၂) ဦးအား အမည်မသိ ချင်းလူမျိုး (၁) ဦးမှ မလေးရှားနိုင်ငံပို့ပေးမည် ပြောကာ ရွာမှ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာပြီး မကွေးတိုင်းအစပ်တစ်နေရာတွင် ချထားခဲ့သဖြင့် ရက်(၂၀)ခန့် လမ်းလျောက်လာခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အမှတ်(၃) စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဌာနသို့ ဆက်သွယ်ဆောင်ရွက်လျှက်ရှိသည်။

#PeopleMedia


Share this post